ကက်စ်မီရိုရဲ့ဘောလုံးအပေါ် စွဲလမ်းလွန်းနေမှုကြောင့် ဇနီးသည်အန်နာစိတ်ပျက်နေ

မန်ချက်စတာယူနိုက်တက်စတားကက်စ်မီရိုကသူ့ရဲ့ဘောလုံးအပေါ်စွဲလမ်းလန်းနေမှုကြောင့် ဇနီးသည်စိတ်ပျက်လျက်ရှိကြောင်းဆိုလာပါတယ်။

အသက်၃၀နှစ်ရှိဘရာဇီးအလယ်တန်းကစားသမားဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကရီးရဲလ်မက်ဒရစ်မှမန်ချက်စတာယူနိုက်တက်သို့ပေါင်သန်း၇၀ဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

ယူနိုက်တက်ကွင်းလယ်ကစားသမားက၎င်းမှာသူ့ရဲ့ခြေစွမ်ကိုဆန်းစစ်ရန်အတွက်ပွဲကိုသုံးကြိမ်(သို့မဟုတ်)လေးကြိမ်အထိပြန်ကြည့်လေ့ရှိကြောင်းဆိုလာပါတယ်။

ရီးရဲလ်မက်ဒရစ်နှင့်အတူချန်ပီယံလိဂ်ဖလားငါးကြိမ်ဆွတ်ခူးခဲ့တဲ့ကက်စ်မီရိုက “ပွဲပြီးအချက်အလက်တွေကိုအရမ်းကြည့်တယ်။ကြည့်ရတာပျော်တယ်။ကျွန်တော်ကစားတဲ့ပွဲကိုသုံးကြိမ်(သို့မဟုတ်)လေးကြိမ်အထိပြန်ကြည့်ဖြစ်တယ်လို့ထင်တယ်။ဒါကသင်ကြားတဲ့နည်းလမ်းတစ်ခုပါ။အမှားတွေကိုပြန်ပြင်ဖို့လုပ်တာလည်းဖြစ်ပါတယ်။ဒါလိုပြန်လည်ဆန်းစစ်မှသာဘောလုံးမှဆင့်ပွားတိုးတက်နေပါမယ်။ဘောလုံးပွဲတွေအရမ်းကြည့်တယ်။ကျွန်တော့်မိန်းမတော့နည်းနည်းစိတ်ပျက်နေတယ်။အိမ်မှာကဘောလုံးပဲ။ဘောလုံးကကျွန်တော့်ဝါသနာပါ။ကျွန်တော့်စိတ်လည်းဖြစ်တယ်။ဘောလုံးကိုချစ်လို့လည်းအောင်မြင်တာလို့ယုံကြည်တယ်။ဘောလုံးကိုချစ်တယ်။ဘောလုံးပွဲကြည့်ရတာကြိုက်တယ်”လို့ပြောကြားသွားပါတယ်။

ကက်စ်မီရိုဟာအသက်၃၃နှစ်ရှိအန်နာမာရီယာနာနှင့်လွန်ခဲ့တဲ့ရှစ်နှစ်ကတည်းကလက်ထပ်လာခဲ့ကြတာဖြစ်ပါတယ်။သူမဟာလည်းခင်ပွန်းသည်လိုပဲအလုပ်ကြိုးစားသူတစ်ဦးဖြစ်ပါတယ်။

သူမဟာယခင်တုန်းကမိတ်ကပ်အလှပြင်သူဖြစ်ခဲ့ပေမဲ့နောက်ပိုင်းမှာမော်ဒယ်တစ်ဦးဖြစ်လာခဲ့သလို ကလေးနှစ်ဦးကိုလည်းကောင်းမွန်စွာပြုစုပျိုးထောင်ထားနိုင်ပါတယ်။

အန်နာဟာ၂၀၁၁ခုနှစ်တုန်းကဆာအိုပေါ်လိုအသင်းတွင်ကက်စ်မီရိုကစားနေစဉ်တွေ့ဆုံချစ်ကြိုက်ခဲ့တာဖြစ်ပါတယ်။ယင်းနောက်၎င်းတို့ဟာ၂၀၁၄ခုနှစ်၊ဇူလိုင်လ၂၈ရက်နေ့မှာလက်ထပ်ခဲ့ကြပါတယ်။သူမဟာBusiness Administration ဘွဲ့လည်းရယူထားသူဖြစ်ပါတယ်။

ZawGyi

ကက္စ္မီ႐ိုရဲ႕ေဘာလုံးအေပၚ စြဲလမ္းလြန္းေနမႈေၾကာင့္ ဇနီးသည္အန္နာစိတ္ပ်က္ေန

မန္ခ်က္စတာယူႏိုက္တက္စတားကက္စ္မီ႐ိုကသူ႔ရဲ႕ေဘာလုံးအေပၚစြဲလမ္းလန္းေနမႈေၾကာင့္ ဇနီးသည္စိတ္ပ်က္လ်က္ရွိေၾကာင္းဆိုလာပါတယ္။

အသက္၃၀ႏွစ္ရွိဘရာဇီးအလယ္တန္းကစားသမားဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကရီးရဲလ္မက္ဒရစ္မွမန္ခ်က္စတာယူႏိုက္တက္သို႔ေပါင္သန္း၇၀ျဖင့္ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ပါတယ္။

ယူႏိုက္တက္ကြင္းလယ္ကစားသမားက၎မွာသူ႔ရဲ႕ေျခစြမ္ကိုဆန္းစစ္ရန္အတြက္ပြဲကိုသုံးႀကိမ္(သို႔မဟုတ္)ေလးႀကိမ္အထိျပန္ၾကည့္ေလ့ရွိေၾကာင္းဆိုလာပါတယ္။

ရီးရဲလ္မက္ဒရစ္ႏွင့္အတူခ်န္ပီယံလိဂ္ဖလားငါးႀကိမ္ဆြတ္ခူးခဲ့တဲ့ကက္စ္မီ႐ိုက “ပြဲၿပီးအခ်က္အလက္ေတြကိုအရမ္းၾကည့္တယ္။ၾကည့္ရတာေပ်ာ္တယ္။ကြၽန္ေတာ္ကစားတဲ့ပြဲကိုသုံးႀကိမ္(သို႔မဟုတ္)ေလးႀကိမ္အထိျပန္ၾကည့္ျဖစ္တယ္လို႔ထင္တယ္။ဒါကသင္ၾကားတဲ့နည္းလမ္းတစ္ခုပါ။အမွားေတြကိုျပန္ျပင္ဖို႔လုပ္တာလည္းျဖစ္ပါတယ္။ဒါလိုျပန္လည္ဆန္းစစ္မွသာေဘာလုံးမွဆင့္ပြားတိုးတက္ေနပါမယ္။ေဘာလုံးပြဲေတြအရမ္းၾကည့္တယ္။ကြၽန္ေတာ့္မိန္းမေတာ့နည္းနည္းစိတ္ပ်က္ေနတယ္။အိမ္မွာကေဘာလုံးပဲ။ေဘာလုံးကကြၽန္ေတာ့္ဝါသနာပါ။ကြၽန္ေတာ့္စိတ္လည္းျဖစ္တယ္။ေဘာလုံးကိုခ်စ္လို႔လည္းေအာင္ျမင္တာလို႔ယုံၾကည္တယ္။ေဘာလုံးကိုခ်စ္တယ္။ေဘာလုံးပြဲၾကည့္ရတာႀကိဳက္တယ္”လို႔ေျပာၾကားသြားပါတယ္။

ကက္စ္မီ႐ိုဟာအသက္၃၃ႏွစ္ရွိအန္နာမာရီယာနာႏွင့္လြန္ခဲ့တဲ့ရွစ္ႏွစ္ကတည္းကလက္ထပ္လာခဲ့ၾကတာျဖစ္ပါတယ္။သူမဟာလည္းခင္ပြန္းသည္လိုပဲအလုပ္ႀကိဳးစားသူတစ္ဦးျဖစ္ပါတယ္။

သူမဟာယခင္တုန္းကမိတ္ကပ္အလွျပင္သူျဖစ္ခဲ့ေပမဲ့ေနာက္ပိုင္းမွာေမာ္ဒယ္တစ္ဦးျဖစ္လာခဲ့သလို ကေလးႏွစ္ဦးကိုလည္းေကာင္းမြန္စြာျပဳစုပ်ိဳးေထာင္ထားႏိုင္ပါတယ္။

အန္နာဟာ၂၀၁၁ခုႏွစ္တုန္းကဆာအိုေပၚလိုအသင္းတြင္ကက္စ္မီ႐ိုကစားေနစဥ္ေတြ႕ဆုံခ်စ္ႀကိဳက္ခဲ့တာျဖစ္ပါတယ္။ယင္းေနာက္၎တို႔ဟာ၂၀၁၄ခုႏွစ္၊ဇူလိုင္လ၂၈ရက္ေန႔မွာလက္ထပ္ခဲ့ၾကပါတယ္။သူမဟာBusiness Administration ဘြဲ႕လည္းရယူထားသူျဖစ္ပါတယ္။