
မန်ချက်စတာယူနိုက်တက်ဟာတနင်္ဂနွေနေ့တုန်းကဆောက်သမ်တန်နှင့်ဂိုးမရှိသရေကျတဲ့ပွဲစဉ်မှဘရာဇီးကွင်းလယ်ကစားသမားကက်စ်မီရိုရဲ့အနီကတ်ကိုအယူခံမဝင်ရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။
ဒိုင်လူကြီးအန်တိုနီတေလာဟာကားလို့စ်အယ်ကာရက်ဇ်ကိုကြမ်းတမ်းစွာဖျက်ထုတ်ခဲ့တဲ့ကက်စ်မီရိုကိုအဝါကတ်သာပြသခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တေလာဟာVAR ဒိုင်ရဲ့အကြံပေးမှုကြောင့်ကွင်းဘေးနားရှိမော်နီတာတွင်ပြန်လည်ကြည့်ရှုပြီးနောက်ကက်စ်မီရိုကို အနီကတ်ပြောင်းလဲပြသခဲ့ပါတယ်။
ယူနိုက်တက်ဟာကက်စ်မီရိုရဲ့အနီကတ်ကိုအယူခံဝင်ပါကလည်းအောင်မြင်ရန်အခွင့်အလမ်းအလွန်းနည်းပါးတယ်လို့ယုံကြည်ကာအယူခံမဝင်ရန်ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။
ဒါကြောင့်လည်းကက်စ်မီရိုဟာလေးပွဲပယ်ပြစ်ဒဏ်ကျခံရတော့မှာဖြစ်ပါတယ်။ကက်စ်မီရိုဟာယခုရာသီဒုတိယမြောက်အနီကတ်ပြသခြင်းခံရမှုနှင့်အတူတစ်ပွဲထပ်ပေါင်းကာ၄ပွဲအထိကျခံရမှာလည်းဖြစ်ပါတယ်။
သူဟာဖူလ်ဟမ်နှင့်အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်အပြင်နယူးကာဆယ်၊ဘရန့်ဖို့ဒ်၊အဲဗာတန်တို့နှင့်ကစားရမဲ့ပရီးမီးယားလိဂ်ပွဲများကိုလည်းလွဲပါမယ်။
ZawGyi
ကက္စ္မီ႐ိုရဲ႕အနီကတ္ကို ယူႏိုက္တက္ အယူခံဝင္မည္မဟုတ္
မန္ခ်က္စတာယူႏိုက္တက္ဟာတနဂၤေႏြေန႔တုန္းကေဆာက္သမ္တန္ႏွင့္ဂိုးမရွိသေရက်တဲ့ပြဲစဥ္မွဘရာဇီးကြင္းလယ္ကစားသမားကက္စ္မီ႐ိုရဲ႕အနီကတ္ကိုအယူခံမဝင္ရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။
ဒိုင္လူႀကီးအန္တိုနီေတလာဟာကားလို႔စ္အယ္ကာရက္ဇ္ကိုၾကမ္းတမ္းစြာဖ်က္ထုတ္ခဲ့တဲ့ကက္စ္မီ႐ိုကိုအဝါကတ္သာျပသခဲ့တာျဖစ္ပါတယ္။ဒါေပမဲ့ေတလာဟာVAR ဒိုင္ရဲ႕အႀကံေပးမႈေၾကာင့္ကြင္းေဘးနားရွိေမာ္နီတာတြင္ျပန္လည္ၾကည့္ရႈၿပီးေနာက္ကက္စ္မီ႐ိုကို အနီကတ္ေျပာင္းလဲျပသခဲ့ပါတယ္။
ယူႏိုက္တက္ဟာကက္စ္မီ႐ိုရဲ႕အနီကတ္ကိုအယူခံဝင္ပါကလည္းေအာင္ျမင္ရန္အခြင့္အလမ္းအလြန္းနည္းပါးတယ္လို႔ယုံၾကည္ကာအယူခံမဝင္ရန္ဆုံးျဖတ္လိုက္တာလည္းျဖစ္ပါတယ္။
ဒါေၾကာင့္လည္းကက္စ္မီ႐ိုဟာေလးပြဲပယ္ျပစ္ဒဏ္က်ခံရေတာ့မွာျဖစ္ပါတယ္။ကက္စ္မီ႐ိုဟာယခုရာသီဒုတိယေျမာက္အနီကတ္ျပသျခင္းခံရမႈႏွင့္အတူတစ္ပြဲထပ္ေပါင္းကာ၄ပြဲအထိက်ခံရမွာလည္းျဖစ္ပါတယ္။
သူဟာဖူလ္ဟမ္ႏွင့္အက္ဖ္ေအဖလားကြာတားဖိုင္နယ္ပြဲစဥ္အျပင္နယူးကာဆယ္၊ဘရန႔္ဖို႔ဒ္၊အဲဗာတန္တို႔ႏွင့္ကစားရမဲ့ပရီးမီးယားလိဂ္ပြဲမ်ားကိုလည္းလြဲပါမယ္။