ကင်ဆာဝေဒနာခံစားခဲ့ရပြီး ၆ လအကြာတွင် ၇ မိနစ်အတွင်း ဟက်ထရစ်သွင်းပြခဲ့တဲ့ ဟယ်လာ

ဆီဘာစတီယန်ဟယ်လာဟာကင်ဆာရောဂါဝေဒနာခံစားရပြီးခြောက်လအကြာဒေါ့မွန်အတွက်ပထမဆုံးပွဲထွက်ကစားနိုင်တဲ့ပွဲတွင်၇မိနစ်အတွင်းဟက်ထရစ်သွင်းပြခဲ့ပါတယ်။

အိုင်ဗရီကို့စ်တိုက်စစ်မှူးဟာ၂၀၂၂ခုနှစ်၊နွေရာသီတုန်းကအေဂျက်စ်မှပြောင်းရွှေ့ပြီးနောက် ဒေါ့မွန်နှင့်ရာသီကြိုလေ့ကျင့်ခန်းဆင်းနေစဉ်ဝှေးစေ့ကင်ဆာရောဂါဝေဒနာခံစားနေရကြောင်းတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

ဟယ်လာဟာယခုအပတ်အစောပိုင်းတုန်းကဖော်ကျူနာနှင့်ခြေစမ်းပွဲတွင်ဒေါ့မွန်အတွက်လူစားဝင်ကစားကာပထမဆုံးပွဲကစားနိုင်ခဲ့ပါတယ်။

ယင်းနောက်အသက်၂၈နှစ်ရှိဟယ်လာဟာအက်ဖ်စီဘေဆယ်နှင့်ခြေစမ်းပွဲတွင်ပွဲကစားချိန်ပိုမိုရရှိလာခဲ့ပါတယ်။

သူဟာပွဲချိန်၈၁မိနစ်တွင်ပင်နယ်တီကနေဂိုးစတင်သွင်းယူနိုင်ပြီးနောက်၈၆မိနစ်နှင့်၈၇မိနစ်တို့မှာဆက်တိုက်နှစ်ဂိုးသွင်းကာဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

သူဟာဒေါ့မွန်အသင်းအတွက်တကယ့်ပြိုင်ပွဲတွင်အမြန်ဆုံးပြန်ကစားနိုင်ရန်မျှော်လင့်နေပြီဖြစ်ပါတယ်။

၎င်းက “အမြန်ဆုံးပြန်ကစားချင်တယ်။ဆေးဖက်ဆိုင်ရာဝန်ထမ်းတွေကတော့ကျွန်တော့်ရဲ့ပါဝင်မှုကိုကန့်သတ်ထားတာမျိုးတော့မရှိပါဘူး။အခုအရင်တုန်းကလိုပဲအားလုံးပြန်လုပ်နိုင်ပါပြီ။ဒါကကျွန်တော့်အတွက်ယုံကြည်မှုပြည့်ဝလာစေပါတယ်။၆လအတွင်းမှာ၁၉ရက်ပဲနားခဲ့တယ်။တကယ့်ကိုခက်ခဲတယ်။ဒါပေမဲ့ဒါကကျွန်တော့်အလုပ်ပါ။ကျွန်တော်ချစ်တဲ့အရာပါ။အနားယူဖို့လုံးဝမစဉ်းစားပါဘူး။ရှေ့ဆက်သွားဖို့ပဲစိတ်ထဲမှာရှိတယ်”လို့ပြောကြားသွားပါတယ်။

zawgyi

ကင္ဆာေဝဒနာခံစားခဲ့ရၿပီး ၆ လအၾကာတြင္ ၇ မိနစ္အတြင္း ဟက္ထရစ္သြင္းျပခဲ့တဲ့ ဟယ္လာ

ဆီဘာစတီယန္ဟယ္လာဟာကင္ဆာေရာဂါေဝဒနာခံစားရၿပီးေျခာက္လအၾကာေဒါ့မြန္အတြက္ပထမဆုံးပြဲထြက္ကစားႏိုင္တဲ့ပြဲတြင္၇မိနစ္အတြင္းဟက္ထရစ္သြင္းျပခဲ့ပါတယ္။

အိုင္ဗရီကို႔စ္တိုက္စစ္မႉးဟာ၂၀၂၂ခုႏွစ္၊ေႏြရာသီတုန္းကေအဂ်က္စ္မွေျပာင္းေ႐ႊ႕ၿပီးေနာက္ ေဒါ့မြန္ႏွင့္ရာသီႀကိဳေလ့က်င့္ခန္းဆင္းေနစဥ္ေဝွးေစ့ကင္ဆာေရာဂါေဝဒနာခံစားေနရေၾကာင္းေတြ႕ရွိခဲ့တာလည္းျဖစ္ပါတယ္။

ဟယ္လာဟာယခုအပတ္အေစာပိုင္းတုန္းကေဖာ္က်ဴနာႏွင့္ေျခစမ္းပြဲတြင္ေဒါ့မြန္အတြက္လူစားဝင္ကစားကာပထမဆုံးပြဲကစားႏိုင္ခဲ့ပါတယ္။

ယင္းေနာက္အသက္၂၈ႏွစ္ရွိဟယ္လာဟာအက္ဖ္စီေဘဆယ္ႏွင့္ေျခစမ္းပြဲတြင္ပြဲကစားခ်ိန္ပိုမိုရရွိလာခဲ့ပါတယ္။

သူဟာပြဲခ်ိန္၈၁မိနစ္တြင္ပင္နယ္တီကေနဂိုးစတင္သြင္းယူႏိုင္ၿပီးေနာက္၈၆မိနစ္ႏွင့္၈၇မိနစ္တို႔မွာဆက္တိုက္ႏွစ္ဂိုးသြင္းကာဟက္ထရစ္သြင္းယူႏိုင္ခဲ့ပါတယ္။

သူဟာေဒါ့မြန္အသင္းအတြက္တကယ့္ၿပိဳင္ပြဲတြင္အျမန္ဆုံးျပန္ကစားႏိုင္ရန္ေမွ်ာ္လင့္ေနၿပီျဖစ္ပါတယ္။

၎က “အျမန္ဆုံးျပန္ကစားခ်င္တယ္။ေဆးဖက္ဆိုင္ရာဝန္ထမ္းေတြကေတာ့ကြၽန္ေတာ့္ရဲ႕ပါဝင္မႈကိုကန႔္သတ္ထားတာမ်ိဳးေတာ့မရွိပါဘူး။အခုအရင္တုန္းကလိုပဲအားလုံးျပန္လုပ္ႏိုင္ပါၿပီ။ဒါကကြၽန္ေတာ့္အတြက္ယုံၾကည္မႈျပည့္ဝလာေစပါတယ္။၆လအတြင္းမွာ၁၉ရက္ပဲနားခဲ့တယ္။တကယ့္ကိုခက္ခဲတယ္။ဒါေပမဲ့ဒါကကြၽန္ေတာ့္အလုပ္ပါ။ကြၽန္ေတာ္ခ်စ္တဲ့အရာပါ။အနားယူဖို႔လုံးဝမစဥ္းစားပါဘူး။ေရွ႕ဆက္သြားဖို႔ပဲစိတ္ထဲမွာရွိတယ္”လို႔ေျပာၾကားသြားပါတယ္။