ကင်မရာရှေ့တွင် အရှုးအမူးအောင်ပွဲခံပြီးနောက် ပင်နယ်တီလွဲကာ ဗီလိန်ဖြစ်ခဲ့တဲ့ မိုရာတာ

အယ်လ်ဗာရိုမိုရာတာဟာမနေ့ညတုန်းကအီတလီနှင့်စပိန်တို့ရဲ့ယူရို၂၀၂၀ဆီမီးဖိုင်နယ်ပွဲစည်မှာစပိန်အတွက်ချေပဂိုးကိုသွင်းယူပြီးနောက်ရုပ်သံကင်မရာရှေ့သို့သွားရောက်ကာအကြီးအကျယ်အောင်ပွဲခံခဲ့ရပါတယ်။ဒါပေမယ့်သူဟာပင်နယ်တီအဆုံးအဖြတ်မှာတော့ အရေးပါတဲ့ပင်နယ်တီလွဲချော်ကာစပိန်အသင်းယူရိုမှထွက်ခွာရတဲ့ဗီလိန်ဖြစ်သွားခဲ့ပါတယ်။

စပိန်တိုက်စစ်မှူးဟာပွဲချိန်မိနစ်၈၀မှာအီတလီနှင့်၁ဂိုးစီသရေကျစေမယ့်ချေပဂိုးကိုသွင်းယူခဲ့ပါတယ်။

အက်သလက်တီကိုကနေဂျူဗင်တပ်သို့အငှားနဲ့သွားရောက်ကစားနေတဲ့မိုရာတာဟာအရန်ခုံကနေထလာပြီးလူစားဝင်ရောက်ကစားကာဂိုးသွင်းခဲ့တာဖြစ်ပါတယ်။သူဟာဂိုးသွင်းယူပြီးနောက်ရုပ်သံကင်မရာထံသို့ပြေးလွှားသွားကာအောင်ပွဲခံခဲ့တာလည်းဖြစ်ပါတယ်။

ပွဲကစားချိန်အတွင်မှာ၁ဂိုးစီသရေကျနေတာကြောင့်အချိန်ပိုကန်ခဲ့ရပါတယ်။အချိန်ပိုကစားရာမှာလည်းဂိုးမသွင်းနိုင်မှုနဲ့အတူပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာတော့မိုရာတာရဲ့ကန်ချက်ကိုအီတလီဂိုးသမားဒွန်နာရမ်မာကပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။

အီတလီအားဗိုလ်လုပွဲသို့တက်ရောက်စေမယ့်အဆုံးအဖြတ်ပင်နယ်တီကိုဂျော်ဂျင်ဟိုက သွေးအေးအေးဖြင့်ကန်သွင်းခဲ့ပါတယ်။

အီတလီဟာယနေ့ညမှာကစားရမယ့်ဒိန်းမတ်-အင်္ဂလန်ပွဲစဉ်မှအနိုင်ရရှိတဲ့အသင်းနဲ့ယူရိုဗိုလ်လုပွဲကစားရပါမယ်။

ZawGyi

ကင္မရာေရွ႕တြင္ အရႈးအမူးေအာင္ပြဲခံၿပီးေနာက္ ပင္နယ္တီလြဲကာ ဗီလိန္ျဖစ္ခဲ့တဲ့ မိုရာတာ

အယ္လ္ဗာ႐ိုမိုရာတာဟာမေန႔ညတုန္းကအီတလီႏွင့္စပိန္တို႔ရဲ႕ယူ႐ို၂၀၂၀ဆီမီးဖိုင္နယ္ပြဲစည္မွာစပိန္အတြက္ေခ်ပဂိုးကိုသြင္းယူၿပီးေနာက္႐ုပ္သံကင္မရာေရွ႕သို႔သြားေရာက္ကာအႀကီးအက်ယ္ေအာင္ပြဲခံခဲ့ရပါတယ္။ဒါေပမယ့္သူဟာပင္နယ္တီအဆုံးအျဖတ္မွာေတာ့ အေရးပါတဲ့ပင္နယ္တီလြဲေခ်ာ္ကာစပိန္အသင္းယူ႐ိုမွထြက္ခြာရတဲ့ဗီလိန္ျဖစ္သြားခဲ့ပါတယ္။

စပိန္တိုက္စစ္မႉးဟာပြဲခ်ိန္မိနစ္၈၀မွာအီတလီႏွင့္၁ဂိုးစီသေရက်ေစမယ့္ေခ်ပဂိုးကိုသြင္းယူခဲ့ပါတယ္။

အက္သလက္တီကိုကေနဂ်ဴဗင္တပ္သို႔အငွားနဲ႔သြားေရာက္ကစားေနတဲ့မိုရာတာဟာအရန္ခုံကေနထလာၿပီးလူစားဝင္ေရာက္ကစားကာဂိုးသြင္းခဲ့တာျဖစ္ပါတယ္။သူဟာဂိုးသြင္းယူၿပီးေနာက္႐ုပ္သံကင္မရာထံသို႔ေျပးလႊားသြားကာေအာင္ပြဲခံခဲ့တာလည္းျဖစ္ပါတယ္။

ပြဲကစားခ်ိန္အတြင္မွာ၁ဂိုးစီသေရက်ေနတာေၾကာင့္အခ်ိန္ပိုကန္ခဲ့ရပါတယ္။အခ်ိန္ပိုကစားရာမွာလည္းဂိုးမသြင္းႏိုင္မႈနဲ႔အတူပင္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရပါတယ္။

ပင္နယ္တီအဆုံးအျဖတ္မွာေတာ့မိုရာတာရဲ႕ကန္ခ်က္ကိုအီတလီဂိုးသမားဒြန္နာရမ္မာကပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့ပါတယ္။

အီတလီအားဗိုလ္လုပြဲသို႔တက္ေရာက္ေစမယ့္အဆုံးအျဖတ္ပင္နယ္တီကိုေဂ်ာ္ဂ်င္ဟိုက ေသြးေအးေအးျဖင့္ကန္သြင္းခဲ့ပါတယ္။

အီတလီဟာယေန႔ညမွာကစားရမယ့္ဒိန္းမတ္-အဂၤလန္ပြဲစဥ္မွအႏိုင္ရရွိတဲ့အသင္းနဲ႔ယူ႐ိုဗိုလ္လုပြဲကစားရပါမယ္။