ကစားဖော်ကို ခေါင်းဖြင့်တိုက်ပြီး လက်သီးစာကျွေးခဲ့တဲ့ ဂါလာတာစာရေးစတား ၈ ပွဲပယ်ခံရ

ဂါလာတာစာရေးစတားမာကိုဟာပြည်တွင်းလိဂ်ပွဲတစ်ပွဲမှာကစားဖော်ကိုအံ့ဩသင့်ဖွယ်တိုက်ခိုက်မှုအတွက်၈ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။

ဘရာဇီးဗဟိုနောက်ခံလူဟာပြီးခဲ့တဲ့တနင်္လာနေ့တုန်းကဂီရီဆန်စပေါ်အား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာကစားဖော်ကီရမ်အက်ခ်တာကိုဂလူအားခေါင်းဖြင့်ဆောင့်ခဲ့တဲ့အပြင်လက်သီးဖြင့်နှစ်ချက်ထိန်းခဲ့ပါတယ်။

ကွင်းလယ်ဒိုင်လူကြီးဟာယင်းဖြစ်ရပ်ကို VAR ဖြင့်ချက်ချင်းစစ်ဆေးမှုပြုလုပ်ပြီးနောက်မာကိုအားအနီကတ်ပြထုတ်ခဲ့ပါတယ်။

ယခုအခါတူရကီဘောလုံးအဖွဲ့ချုပ်ကမာကိုအား၈ပွဲပယ်ပြစ်ဒဏ်အပြင်ရှက်စရာကောင်းတဲ့ယင်းဖြစ်ရပ်အတွက်ပေါင်၁၈၀၀ပါဒဏ်ရိုက်လိုက်ပါတယ်။

မာကိုဟာအထက်ပါအဖြစ်အပျက်ဖြစ်ပျက်ပြီးတဲ့နောက်ကစားဖော်အပါအဝင်မိဘများ၊နည်းပြတဲရမ်၊ဥက္ကဌနှင့်ပရိသတ်များကိုတောင်းပန်မှုပြုလုပ်ခဲ့ပါတယ်။

မာကိုက “ကျွန်တော်လည်းခင်ဗျားတို့လိုပဲလူသားတစ်ဦးပါ။ဒါပေမယ့်ဒီလိုမျိုးတော့မလုပ်သင့်ပါဘူး။ပထမဆုံးပြောချင်တာကတော့ကီရမ်ရဲ့အမေနဲ့အဖကိုတောင်းပန်ချင်ပါတယ်။ကျွန်တော့်အပြုအမူအတွက်ကာရမ်ရဲ့အစ်ကိုကိုလည်းတောင်းပန်ချင်ပါတယ်။အခုဖြစ်ရပ်ကြောင့်ကျွန်တော့်ကိုဘယ်သူကမှဒီမှာဆက်ရှိစေချင်မှာမဟုတ်ပါဘူး။ကလပ်ဘက်ကဘယ်လိုဘဲဆုံးဖြတ်ပါကစေလက်ခံသွားပါမယ်”လို့ပြောကြားသွားပါတယ်။

မာကိုဟာပြီးခဲ့တဲ့နှစ်ရာသီတုန်းကဂါလာတာစာရေးသို့ရောက်လာပြီးနောက်၁၀၇ပွဲကစားထားသူဖြစ်ပါတယ်။သူဟာဂါလာစာရေးရဲ့အရေးပါတဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

ZawGyi

ကစားေဖာ္ကို ေခါင္းျဖင့္တိုက္ၿပီး လက္သီးစာေကြၽးခဲ့တဲ့ ဂါလာတာစာေရးစတား ၈ ပြဲပယ္ခံရ

ဂါလာတာစာေရးစတားမာကိုဟာျပည္တြင္းလိဂ္ပြဲတစ္ပြဲမွာကစားေဖာ္ကိုအံ့ဩသင့္ဖြယ္တိုက္ခိုက္မႈအတြက္၈ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရပါတယ္။

ဘရာဇီးဗဟိုေနာက္ခံလူဟာၿပီးခဲ့တဲ့တနလၤာေန႔တုန္းကဂီရီဆန္စေပၚအား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာကစားေဖာ္ကီရမ္အက္ခ္တာကိုဂလူအားေခါင္းျဖင့္ေဆာင့္ခဲ့တဲ့အျပင္လက္သီးျဖင့္ႏွစ္ခ်က္ထိန္းခဲ့ပါတယ္။

ကြင္းလယ္ဒိုင္လူႀကီးဟာယင္းျဖစ္ရပ္ကို VAR ျဖင့္ခ်က္ခ်င္းစစ္ေဆးမႈျပဳလုပ္ၿပီးေနာက္မာကိုအားအနီကတ္ျပထုတ္ခဲ့ပါတယ္။

ယခုအခါတူရကီေဘာလုံးအဖြဲ႕ခ်ဳပ္ကမာကိုအား၈ပြဲပယ္ျပစ္ဒဏ္အျပင္ရွက္စရာေကာင္းတဲ့ယင္းျဖစ္ရပ္အတြက္ေပါင္၁၈၀၀ပါဒဏ္႐ိုက္လိုက္ပါတယ္။

မာကိုဟာအထက္ပါအျဖစ္အပ်က္ျဖစ္ပ်က္ၿပီးတဲ့ေနာက္ကစားေဖာ္အပါအဝင္မိဘမ်ား၊နည္းျပတဲရမ္၊ဥကၠဌႏွင့္ပရိသတ္မ်ားကိုေတာင္းပန္မႈျပဳလုပ္ခဲ့ပါတယ္။

မာကိုက “ကြၽန္ေတာ္လည္းခင္ဗ်ားတို႔လိုပဲလူသားတစ္ဦးပါ။ဒါေပမယ့္ဒီလိုမ်ိဳးေတာ့မလုပ္သင့္ပါဘူး။ပထမဆုံးေျပာခ်င္တာကေတာ့ကီရမ္ရဲ႕အေမနဲ႔အဖကိုေတာင္းပန္ခ်င္ပါတယ္။ကြၽန္ေတာ့္အျပဳအမူအတြက္ကာရမ္ရဲ႕အစ္ကိုကိုလည္းေတာင္းပန္ခ်င္ပါတယ္။အခုျဖစ္ရပ္ေၾကာင့္ကြၽန္ေတာ့္ကိုဘယ္သူကမွဒီမွာဆက္ရွိေစခ်င္မွာမဟုတ္ပါဘူး။ကလပ္ဘက္ကဘယ္လိုဘဲဆုံးျဖတ္ပါကေစလက္ခံသြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

မာကိုဟာၿပီးခဲ့တဲ့ႏွစ္ရာသီတုန္းကဂါလာတာစာေရးသို႔ေရာက္လာၿပီးေနာက္၁၀၇ပြဲကစားထားသူျဖစ္ပါတယ္။သူဟာဂါလာစာေရးရဲ႕အေရးပါတဲ့ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။