ကစားဖော်ကို ထိုးလို့ဂါလာတာစာရေးစူပါစတား အထုတ်ခံရ

ဂါလာတာစာရေးဗဟိုနောက်ခံလူမာကိုဟာတနင်္လာနေ့ညနေပိုင်းတုန်းကတူရကီအဆင့်တန်းမြင့်အဖွင့်ပွဲစဉ်တွင်ကစားဖော်ကီရမ်အာတာကိုဂလူကိုခေါင်းဖြင့်တိုက်ခြင်း၊လက်သီးဖြင့်ထိုးခဲ့ခြင်းတို့ကြောင့်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ယင်းပွဲစဉ်ရဲ့ဒုတိယပိုင်းတွင်ကီရမ်အာတာကိုဂလူဟာမာကိုကို တိတ်တိတ်နေဟူသည့်အဓိပ္ပါယ်မျိုးဖြင့်နှုတ်ခမ်းတွင်လက်ညှိးတင်ကာ ပြုလုပ်ခဲ့ပါတယ်။

မာကိုဟာကစားဖော်ရဲ့အပြုအမူကိုအကြီးအကျယ်ဒေါသထွက်ကာခေါင်းဖြင့်ဆောင့်ခြင်း၊လက်သီးဖြင့်အကြိမ်ကြိမ်ထိုးခဲ့ပြီးကစားဖော်များရောက်လာကာဖြေဖျန်မှုပြုလုပ်ခဲ့ရပါတယ်။

အာတာကိုဂလူဟာကစားဖော်ရဲ့ထိုးကြိတ်မှုအပေါ်တစ်စုံတစ်ရာဒေါသထွက်တဲ့အပြုအမူမျိုးမပြသခဲ့ပါဘူး။ကွင်းလယ်ဒိုင်လူကြီးဟာ VAR ဒိုင်များနှင့်ဆွေးနွေးမှုပြုလုပ်ပြီးနောက်ဘရာဇီးဗဟိုနောက်ခံလူကိုအနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။

မာကိုဟာဂါလာတာစာရေးရဲ့အရေးအပါဆုံးကစားသမားများထဲမှတစ်ဦးအဖြစ်ရပ်တည်နေသူဖြစ်ပြီးယင်းဖြစ်ရပ်ကြောင့်သူ့အခြေအနေမှာစိုးရိမ်စရာဖြစ်လာပါတယ်။

ကံကောင်းတာကတော့ဂါလာတာစာရေးဟာမာကိုအထုတ်ခံရပေမယ့်လည်းဂီရူဆန်စပေါ်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi

ကစားေဖာ္ကို ထိုးလို႔ဂါလာတာစာေရးစူပါစတား အထုတ္ခံရ

ဂါလာတာစာေရးဗဟိုေနာက္ခံလူမာကိုဟာတနလၤာေန႔ညေနပိုင္းတုန္းကတူရကီအဆင့္တန္းျမင့္အဖြင့္ပြဲစဥ္တြင္ကစားေဖာ္ကီရမ္အာတာကိုဂလူကိုေခါင္းျဖင့္တိုက္ျခင္း၊လက္သီးျဖင့္ထိုးခဲ့ျခင္းတို႔ေၾကာင့္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ယင္းပြဲစဥ္ရဲ႕ဒုတိယပိုင္းတြင္ကီရမ္အာတာကိုဂလူဟာမာကိုကို တိတ္တိတ္ေနဟူသည့္အဓိပၸါယ္မ်ိဳးျဖင့္ႏႈတ္ခမ္းတြင္လက္ညႇိးတင္ကာ ျပဳလုပ္ခဲ့ပါတယ္။

မာကိုဟာကစားေဖာ္ရဲ႕အျပဳအမူကိုအႀကီးအက်ယ္ေဒါသထြက္ကာေခါင္းျဖင့္ေဆာင့္ျခင္း၊လက္သီးျဖင့္အႀကိမ္ႀကိမ္ထိုးခဲ့ၿပီးကစားေဖာ္မ်ားေရာက္လာကာေျဖဖ်န္မႈျပဳလုပ္ခဲ့ရပါတယ္။

အာတာကိုဂလူဟာကစားေဖာ္ရဲ႕ထိုးႀကိတ္မႈအေပၚတစ္စုံတစ္ရာေဒါသထြက္တဲ့အျပဳအမူမ်ိဳးမျပသခဲ့ပါဘူး။ကြင္းလယ္ဒိုင္လူႀကီးဟာ VAR ဒိုင္မ်ားႏွင့္ေဆြးေႏြးမႈျပဳလုပ္ၿပီးေနာက္ဘရာဇီးဗဟိုေနာက္ခံလူကိုအနီကတ္ျပထုတ္ပယ္ခဲ့ပါတယ္။

မာကိုဟာဂါလာတာစာေရးရဲ႕အေရးအပါဆုံးကစားသမားမ်ားထဲမွတစ္ဦးအျဖစ္ရပ္တည္ေနသူျဖစ္ၿပီးယင္းျဖစ္ရပ္ေၾကာင့္သူ႔အေျခအေနမွာစိုးရိမ္စရာျဖစ္လာပါတယ္။

ကံေကာင္းတာကေတာ့ဂါလာတာစာေရးဟာမာကိုအထုတ္ခံရေပမယ့္လည္းဂီ႐ူဆန္စေပၚကို၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။