ကစားဖော်ဆာကာကိုကြည့်ကာ အင်္ဂလန်ကစားသမားဘဝအနိမ့်အမြင့်အတက်အကျအတွက် စမစ်ရိုး ပြင်ဆင်ထားပြီးဖြစ်

အီမီလီစမစ်ရိုးကယူရို၂၀၂၀ပြိုင်ပွဲတွင်အာဆင်နယ်ကစားဖော်ဘူကာယိုဆာကာရဲ့အဖြစ်အပျက်ကိုကြည့်ရှုပြီးနောက်အင်္ဂလန်အတွက်ကိုယ်စားပြုမှုကြောင့်ကြုံတွေ့လာရမယ့်ပျော်ရွှင်စရာ၊ဝမ်းနည်းစရာများအတွက်အဆင်သင့်ပြင်ထားပြီးဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

စမစ်ရိုးနှင့်ဆာကာတို့ဟာအာဆင်နယ်လူငယ်စီမံကိန်းမှအတူတကွထွက်ပေါ်လာကြသူများဖြစ်ပါတယ်။

အင်္ဂလန်မျက်နှာသစ်စမစ်ရိုးဟာဒိန်းမတ်အားအနိုင်ရတဲ့ ယူရိုဆီမီးဖိုင်နယ်တွင်ကစားဖော်ဆာကာရဲ့တောက်ပမှုကိုမြင်တွေ့ခဲ့ရသလို အီတလီအားပင်နယ်တီဖြင့်ရှုံးနိမ့်တဲ့ဗိုလ်လုပွဲအပြီးတွင်အွန်လိုင်းတွင်အကြီးအကျယ်တိုက်ခိုက်ခံရမှုကိုလည်းမြင်တွေ့ခဲ့ရပါတယ်။

စမစ်ရိုးက “ဝင်ဘာလေဆီမီးဖိုင်နယ်ပွဲကိုသွားကြည့်ခဲ့တယ်။ဘာကာယိုကိုသွားကြည့်ခဲ့တာပါ။ဒိန်းမတ်နဲ့ပွဲကဂိုးအတွက်ဖန်တီးမှုကိုသူလုပ်နိုင်ခဲ့တယ်။အရမ်းကောင်းတဲ့ခံစားချက်ရတယ်။ကျွန်တော်တစ်ယောက်တည်းမဟုတ်ပါဘူး။အာဆင်နယ်ကကစားသမားတိုင်းခံစားရတာပါ။အတူတကွဲကြီးပြင်းကစားပြီးသူကောင်းကောင်းလုပ်နေတာမြင်ခဲ့ရတယ်။အရမ်းဂုဏ်ယူခဲ့ရတယ်”လို့ပြောကြားသွားပါတယ်။

ဒါပေမယ့်ဆာကာဟာအီတလီနှင့်ဗိုလ်လုပွဲမှာဆာကာဟာဆန်ချို၊ရပ်ရှ်ဖို့ဒ်တို့နှင့်အတူပင်နယ်တီလွဲချော်ပြီးနောက်အွန်လိုင်းတွင်အကြီးအကျယ်တိုက်ခိုက်မှုခံခဲ့ရပါတယ်။

စမစ်ရိုးက “ပထမသူ့ကိုအချိန်တစ်ခုထိပေးခဲ့တယ်။သူအပန်းဖြေခရီးတွေထွက်ခဲ့တယ်။ရက်သတ္တပတ်အနည်းငယ်ကြာတော့မှမက်ဆော့ချ်ပို့ခဲ့တယ်။ကိုယ့်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေထဲကတစ်ဦးနာကျင်နေတာကြည့်ရတာခက်ခဲလှပါတယ်။ကြည့်ရခက်ခဲလှပါတယ်။သူပြန်လာတဲ့အခါသူ့ကိုအားလုံးကိုဝိုင်းဝန်းကြတယ်။ဘူကာယိုကစိတ်ဓာတ်သန်မာတဲ့သူပါ။သူဟာပြန်လည်ရုန်းကန်ထလာပြီးလည်းဖြစ်ပါတယ်။

အခုဆိုရင်စမစ်ရိုးနှင့်ဆာကာတို့ဟာအမ်းမရိတ်မှာသူတို့အကြိုက်ဆုံးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Status Quo ရဲ့ Rocking All Over The World ကိုဖွင့်လှစ်နိုင်ကြပြီဖြစ်ပါတယ်။

၎င်းက “ကျွန်တော်နဲ့ဘူကာယိုတို့ဟာဒါနဲ့ပတ်သက်ပြီးအမြဲရယ်ရတယ်။တစ်ခါတစ်လေအဝတ်အစားလဲခန်းမှာဖွင့်တယ်။တစ်ချို့ကစားဖော်တွေကဒါနဲ့ပတ်သက်ပြီးစကြနောက်ကြတယ်။အပျော်ပါ။ဒါပေမယ့်ပရိသတ်တွေကလည်းကျွန်တော်တို့အတွက်သီချင်းဖန်တီးပေးမယ်လို့လည်းမထင်ဘူး။အကယ်ဒမီကနေအတူထွက်လာတော့သူတို့(ပရိသတ်)ကသာသီချင်းတစ်ပုဒ် လုပ်ပေးရင်တော့အရမ်းကျေနပ်စရာဖြစ်လာမှာပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ကစားေဖာ္ဆာကာကိုၾကည့္ကာ အဂၤလန္ကစားသမားဘဝအနိမ့္အျမင့္အတက္အက်အတြက္ စမစ္႐ိုး ျပင္ဆင္ထားၿပီးျဖစ္

အီမီလီစမစ္႐ိုးကယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္အာဆင္နယ္ကစားေဖာ္ဘူကာယိုဆာကာရဲ႕အျဖစ္အပ်က္ကိုၾကည့္ရႈၿပီးေနာက္အဂၤလန္အတြက္ကိုယ္စားျပဳမႈေၾကာင့္ႀကဳံေတြ႕လာရမယ့္ေပ်ာ္႐ႊင္စရာ၊ဝမ္းနည္းစရာမ်ားအတြက္အဆင္သင့္ျပင္ထားၿပီးျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

စမစ္႐ိုးႏွင့္ဆာကာတို႔ဟာအာဆင္နယ္လူငယ္စီမံကိန္းမွအတူတကြထြက္ေပၚလာၾကသူမ်ားျဖစ္ပါတယ္။

အဂၤလန္မ်က္ႏွာသစ္စမစ္႐ိုးဟာဒိန္းမတ္အားအႏိုင္ရတဲ့ ယူ႐ိုဆီမီးဖိုင္နယ္တြင္ကစားေဖာ္ဆာကာရဲ႕ေတာက္ပမႈကိုျမင္ေတြ႕ခဲ့ရသလို အီတလီအားပင္နယ္တီျဖင့္ရႈံးနိမ့္တဲ့ဗိုလ္လုပြဲအၿပီးတြင္အြန္လိုင္းတြင္အႀကီးအက်ယ္တိုက္ခိုက္ခံရမႈကိုလည္းျမင္ေတြ႕ခဲ့ရပါတယ္။

စမစ္႐ိုးက “ဝင္ဘာေလဆီမီးဖိုင္နယ္ပြဲကိုသြားၾကည့္ခဲ့တယ္။ဘာကာယိုကိုသြားၾကည့္ခဲ့တာပါ။ဒိန္းမတ္နဲ႔ပြဲကဂိုးအတြက္ဖန္တီးမႈကိုသူလုပ္ႏိုင္ခဲ့တယ္။အရမ္းေကာင္းတဲ့ခံစားခ်က္ရတယ္။ကြၽန္ေတာ္တစ္ေယာက္တည္းမဟုတ္ပါဘူး။အာဆင္နယ္ကကစားသမားတိုင္းခံစားရတာပါ။အတူတကြဲႀကီးျပင္းကစားၿပီးသူေကာင္းေကာင္းလုပ္ေနတာျမင္ခဲ့ရတယ္။အရမ္းဂုဏ္ယူခဲ့ရတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါေပမယ့္ဆာကာဟာအီတလီႏွင့္ဗိုလ္လုပြဲမွာဆာကာဟာဆန္ခ်ိဳ၊ရပ္ရွ္ဖို႔ဒ္တို႔ႏွင့္အတူပင္နယ္တီလြဲေခ်ာ္ၿပီးေနာက္အြန္လိုင္းတြင္အႀကီးအက်ယ္တိုက္ခိုက္မႈခံခဲ့ရပါတယ္။

စမစ္႐ိုးက “ပထမသူ႔ကိုအခ်ိန္တစ္ခုထိေပးခဲ့တယ္။သူအပန္းေျဖခရီးေတြထြက္ခဲ့တယ္။ရက္သတၱပတ္အနည္းငယ္ၾကာေတာ့မွမက္ေဆာ့ခ်္ပို႔ခဲ့တယ္။ကိုယ့္ရဲ႕အရင္းႏွီးဆုံးသူငယ္ခ်င္းေတြထဲကတစ္ဦးနာက်င္ေနတာၾကည့္ရတာခက္ခဲလွပါတယ္။ၾကည့္ရခက္ခဲလွပါတယ္။သူျပန္လာတဲ့အခါသူ႔ကိုအားလုံးကိုဝိုင္းဝန္းၾကတယ္။ဘူကာယိုကစိတ္ဓာတ္သန္မာတဲ့သူပါ။သူဟာျပန္လည္႐ုန္းကန္ထလာၿပီးလည္းျဖစ္ပါတယ္။

အခုဆိုရင္စမစ္႐ိုးႏွင့္ဆာကာတို႔ဟာအမ္းမရိတ္မွာသူတို႔အႀကိဳက္ဆုံးသီခ်င္းတစ္ပုဒ္ျဖစ္တဲ့ Status Quo ရဲ႕ Rocking All Over The World ကိုဖြင့္လွစ္ႏိုင္ၾကၿပီျဖစ္ပါတယ္။

၎က “ကြၽန္ေတာ္နဲ႔ဘူကာယိုတို႔ဟာဒါနဲ႔ပတ္သက္ၿပီးအၿမဲရယ္ရတယ္။တစ္ခါတစ္ေလအဝတ္အစားလဲခန္းမွာဖြင့္တယ္။တစ္ခ်ိဳ႕ကစားေဖာ္ေတြကဒါနဲ႔ပတ္သက္ၿပီးစၾကေနာက္ၾကတယ္။အေပ်ာ္ပါ။ဒါေပမယ့္ပရိသတ္ေတြကလည္းကြၽန္ေတာ္တို႔အတြက္သီခ်င္းဖန္တီးေပးမယ္လို႔လည္းမထင္ဘူး။အကယ္ဒမီကေနအတူထြက္လာေတာ့သူတို႔(ပရိသတ္)ကသာသီခ်င္းတစ္ပုဒ္ လုပ္ေပးရင္ေတာ့အရမ္းေက်နပ္စရာျဖစ္လာမွာပါ”လို႔ေျပာၾကားသြားပါတယ္။