ကစားဖော်တိုနီဒီယွန်နှင့် လက်ထပ်တော့မယ်လို့ ကြေညာလာတဲ့ ဘရာဇီးစတားမာတာ

အိုလန်ဒိုပရိုက်နဲ့ဘရာဇီးစတားမာတာဗီအဲရာဒါဆေးလ်ဗားကကလပ်တစ်ခုတည်းတွင်ကစားရင်းချစ်ကြိုက်လာခဲ့တဲ့ကစားဖော်တိုနီဒီယွန်ပရက်စ်လေနှင့်စေ့စပ်လိုက်ပြီဖြစ်ကြောင်းကြေညာလာပါတယ်။

အသက်၃၆နှစ်ရှိမာတာဟာကမ္ဘာ့အကောင်းဆုံးအမျိုးသမီးတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုခြောက် ကြိမ်တိုင်တိုင်ဆွတ်ခူးထားသူဖြစ်ပြီးသမိုင်းတစ်လျှောက်အကောင်းဆုံးအမျိုးသမီးဘောလုံးကစားသမားအဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။

သူမဟာပရိသတ်၂.၃သန်းရှိတဲ့သူမရဲ့အင်စတာဂရမ်အကောင့်ကနေဒီယွန်နှင့်ပျော်ရွှင်နေတဲ့ဓာတ်ပုံများစွာကို တင်ကာစေ့စပ်လိုက်ပြီဖြစ်ကြောင်းကြေညာလာခဲ့တာလည်းဖြစ်ပါတယ်။

သူမတို့နှစ်ဦးဟာ၂၀၁၇ခုနှစ်တုန်းကအိုလန်ဒိုပရိုက်မှာတွေ့ဆုံကြတာဖြစ်ပြီး၂နှစ်အကြာမှာလူသိရှင်ကြားတွဲလာခဲ့ကြပါတယ်။

လက်ရှိအချိန်မှာသူတို့စေ့စပ်လိုက်ကြပြီဖြစ်ပေမယ့်ဘယ်တော့လက်ထပ်မလဲဆိုတာမသိရသေးပါဘူး။သူတို့ဟာ ၂၀၂၁ခုနှစ်နေရှင်နယ်အမျိုးသမီးဘောလုံးလိဂ်ပြိုင်ပွဲပြီးဆုံးချိန်တွင်မှလက်ထပ်ကြဖို့ရှိပါတယ်။

ZawGyi

ကစားေဖာ္တိုနီဒီယြန္ႏွင့္ လက္ထပ္ေတာ့မယ္လို႔ ေၾကညာလာတဲ့ ဘရာဇီးစတားမာတာ

အိုလန္ဒိုပ႐ိုက္နဲ႔ဘရာဇီးစတားမာတာဗီအဲရာဒါေဆးလ္ဗားကကလပ္တစ္ခုတည္းတြင္ကစားရင္းခ်စ္ႀကိဳက္လာခဲ့တဲ့ကစားေဖာ္တိုနီဒီယြန္ပရက္စ္ေလႏွင့္ေစ့စပ္လိုက္ၿပီျဖစ္ေၾကာင္းေၾကညာလာပါတယ္။

အသက္၃၆ႏွစ္ရွိမာတာဟာကမာၻ႔အေကာင္းဆုံးအမ်ိဳးသမီးတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုေျခာက္ ႀကိမ္တိုင္တိုင္ဆြတ္ခူးထားသူျဖစ္ၿပီးသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးအမ်ိဳးသမီးေဘာလုံးကစားသမားအျဖစ္ သတ္မွတ္ခံထားရသူလည္းျဖစ္ပါတယ္။

သူမဟာပရိသတ္၂.၃သန္းရွိတဲ့သူမရဲ႕အင္စတာဂရမ္အေကာင့္ကေနဒီယြန္ႏွင့္ေပ်ာ္႐ႊင္ေနတဲ့ဓာတ္ပုံမ်ားစြာကို တင္ကာေစ့စပ္လိုက္ၿပီျဖစ္ေၾကာင္းေၾကညာလာခဲ့တာလည္းျဖစ္ပါတယ္။

သူမတို႔ႏွစ္ဦးဟာ၂၀၁၇ခုႏွစ္တုန္းကအိုလန္ဒိုပ႐ိုက္မွာေတြ႕ဆုံၾကတာျဖစ္ၿပီး၂ႏွစ္အၾကာမွာလူသိရွင္ၾကားတြဲလာခဲ့ၾကပါတယ္။

လက္ရွိအခ်ိန္မွာသူတို႔ေစ့စပ္လိုက္ၾကၿပီျဖစ္ေပမယ့္ဘယ္ေတာ့လက္ထပ္မလဲဆိုတာမသိရေသးပါဘူး။သူတို႔ဟာ ၂၀၂၁ခုႏွစ္ေနရွင္နယ္အမ်ိဳးသမီးေဘာလုံးလိဂ္ၿပိဳင္ပြဲၿပီးဆုံးခ်ိန္တြင္မွလက္ထပ္ၾကဖို႔ရွိပါတယ္။