ကစားဖော်များထံမှ ငွေချေးပြီး ရှောင်ပုန်းနေတဲ့ ချက်စတားဟောင်း

ချက်လက်ရွေးစင်ကစားသမားဟောင်းတစ်ဦးဟာကစားဖော်ဟောင်းများထံမှငွေများချေးယူပြီးနောက်အဆက်အသွယ်ဖြတ်ကာပုန်းရှောင်နေကြောင်းသိရပါတယ်။

သူ့နည်းပြကိုယ်တိုင်ကလူများမှာသူ့ထံမှပေါင်၈၈၀၀၀၀ဝန်းကျင်အထိရရန်ရှိနေမှုနှင့်အတူသူ့ကိုရှာဖွေနေကြကြောင်းဆိုသွားပါတယ်။

Bild ရဲ့ဖော်ပြချက်အရအသက်၃၄နှစ်ရှိအဒမ်ဟလူဆစ်ခ်ဟာကြွေးမြီများစွာရှိနေမှုနှင့်အတူပြီးခဲ့တဲ့အပတ်တုန်းကဒေဝါလီခံရန်တရားရုံးသို့လျှောက်ထားခဲ့ကြောင်းသိရပါတယ်။

သူဟာချက်ကလပ် Trinity Zlin နှင့်စာချုပ်ကျန်နေဆဲဖြစ်ပြီးကစားဖော်အွန်ဒရီစီလပ်စ်ကာထံမှပေါင်၂၈၀၀၀၀အပါအဝင်ကလပ်ကစားဖော်များထံမှငွေများစွာချေးယူသွားခဲ့ပါတယ်။

သူဟာငွေများကိုပြန်ချေရမည်စိုးမှုကြောင့်ပြေးရှောင်ပုန်းနေပြီးသူ့ကိုမမြင်တွေ့ရတာရက်သတ္တပတ်အတန်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

Trinity Zlin နည်းပြပါဗယ်ဗာဘာကိုယ်တိုင် “ဟလူဆစ်ခ် ဘယ်မှာလဲကျွန်တော်မသိပါဘူး။နေမကောင်းလို့ပဲခွင့်ယူထားတာလား။ဘရာဇီးကကမ်းခြေကိုပဲရောက်နေသလားမသိပါဘူး။ဒီနှစ်အစောပိုင်းတုန်းကသူ့ကိုတွေ့တယ်။သူ့ကိုရှာနေတဲ့သူတွေအများကြီးပါ။ဒါပေမဲ့ကျွန်တော်တော့မပါဝင်ပါဘူး”လို့ပြောကြားသွားပါတယ်။

ဟလူဆစ်ခ်ဟာအသင်းရဲ့ကွင်းကားပါကင်တွင်ကစားဖော်များရဲ့ချေးငွေပြန်ပေးရန်တောင်းဆိုခြင်းခံရပြီးနောက်ထွက်ပြေးရှောင်ပုန်းသွားခဲ့တာဖြစ်ပါတယ်။

ယခုရာသီတွင်၃ပွဲကစားထားတဲ့သူဟာချက်လက်ရွေးစင်အသင်းအတွက်၈ပွဲကစားထားသူဖြစ်ပြီး ဆလားဗီးယားပရက်၊နော်ဘတ်၊စတုဂတ်နှင့်လီဂီယာဝါဆောတို့တွင်လည်းကစားခဲ့ဖူးပါတယ်။

ZawGyi

ကစားေဖာ္မ်ားထံမွ ေငြေခ်းၿပီး ေရွာင္ပုန္းေနတဲ့ ခ်က္စတားေဟာင္း

ခ်က္လက္ေ႐ြးစင္ကစားသမားေဟာင္းတစ္ဦးဟာကစားေဖာ္ေဟာင္းမ်ားထံမွေငြမ်ားေခ်းယူၿပီးေနာက္အဆက္အသြယ္ျဖတ္ကာပုန္းေရွာင္ေနေၾကာင္းသိရပါတယ္။

သူ႔နည္းျပကိုယ္တိုင္ကလူမ်ားမွာသူ႔ထံမွေပါင္၈၈၀၀၀၀ဝန္းက်င္အထိရရန္ရွိေနမႈႏွင့္အတူသူ႔ကိုရွာေဖြေနၾကေၾကာင္းဆိုသြားပါတယ္။

Bild ရဲ႕ေဖာ္ျပခ်က္အရအသက္၃၄ႏွစ္ရွိအဒမ္ဟလူဆစ္ခ္ဟာေႂကြးၿမီမ်ားစြာရွိေနမႈႏွင့္အတူၿပီးခဲ့တဲ့အပတ္တုန္းကေဒဝါလီခံရန္တရား႐ုံးသို႔ေလွ်ာက္ထားခဲ့ေၾကာင္းသိရပါတယ္။

သူဟာခ်က္ကလပ္ Trinity Zlin ႏွင့္စာခ်ဳပ္က်န္ေနဆဲျဖစ္ၿပီးကစားေဖာ္အြန္ဒရီစီလပ္စ္ကာထံမွေပါင္၂၈၀၀၀၀အပါအဝင္ကလပ္ကစားေဖာ္မ်ားထံမွေငြမ်ားစြာေခ်းယူသြားခဲ့ပါတယ္။

သူဟာေငြမ်ားကိုျပန္ေခ်ရမည္စိုးမႈေၾကာင့္ေျပးေရွာင္ပုန္းေနၿပီးသူ႔ကိုမျမင္ေတြ႕ရတာရက္သတၱပတ္အတန္ၾကာျမင့္ခဲ့ၿပီျဖစ္ပါတယ္။

Trinity Zlin နည္းျပပါဗယ္ဗာဘာကိုယ္တိုင္ “ဟလူဆစ္ခ္ ဘယ္မွာလဲကြၽန္ေတာ္မသိပါဘူး။ေနမေကာင္းလို႔ပဲခြင့္ယူထားတာလား။ဘရာဇီးကကမ္းေျခကိုပဲေရာက္ေနသလားမသိပါဘူး။ဒီႏွစ္အေစာပိုင္းတုန္းကသူ႔ကိုေတြ႕တယ္။သူ႔ကိုရွာေနတဲ့သူေတြအမ်ားႀကီးပါ။ဒါေပမဲ့ကြၽန္ေတာ္ေတာ့မပါဝင္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ဟလူဆစ္ခ္ဟာအသင္းရဲ႕ကြင္းကားပါကင္တြင္ကစားေဖာ္မ်ားရဲ႕ေခ်းေငြျပန္ေပးရန္ေတာင္းဆိုျခင္းခံရၿပီးေနာက္ထြက္ေျပးေရွာင္ပုန္းသြားခဲ့တာျဖစ္ပါတယ္။

ယခုရာသီတြင္၃ပြဲကစားထားတဲ့သူဟာခ်က္လက္ေ႐ြးစင္အသင္းအတြက္၈ပြဲကစားထားသူျဖစ္ၿပီး ဆလားဗီးယားပရက္၊ေနာ္ဘတ္၊စတုဂတ္ႏွင့္လီဂီယာဝါေဆာတို႔တြင္လည္းကစားခဲ့ဖူးပါတယ္။