ကစားဖော်ရဲ့ဇနီးသည်ဖောက်ပြန်နေတယ်ဆိုတဲ့သတင်းကို ဘောကိုင်ပြီး အောင်ပွဲခံကာ ဗလာဟိုဗစ်တုံ့ပြန်

ဒူဆန်ဗလာဟိုဗစ်ဟာမနေ့ညတုန်းကဆွစ်ဇာလန်နှင့်ဆားဘီးယားတို့ပွဲစဉ်တွင်ဆားဘီးယားအတွက်ဂိုးသွင်းယူပြီးနောက် ဆားဘီးယားကစားဖော်ရဲ့ဇနီးနှင့်ဖောက်ပြန်နေတယ်ဆိုတဲ့သတင်းကိုပြန်လည်တုံ့ပြန်အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

ဗလာဟိုဗစ်ဟာဆားဘီးယားရဲ့ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲနှစ်ပွဲတွင်ပွဲထွက်လူစာရင်းတွင်ပါဝင်လာခြင်းမရှိပြီးနောက်ဆားဘီးယားကစားဖော် အရန်ဂိုးသမားပရီဒရက်ရာကိုဗစ်ရဲ့ဇနီးသည်နှင့်ဖောက်ပြန်နေမှုကြောင့်လို့မီဒီယာများကဖော်ပြရေးသားခဲ့ကြပါတယ်။

ဒါပေမဲ့ယင်းကိုဗလာဟိုဗစ်ကဆွစ်ဇာလန်နှင့်ပွဲမတိုင်မီလူသိရှင်ကြားငြင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။

သူဟာမနေ့ညတုန်းကဆွစ်ဇာလန်ကို၃-၂ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်မှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပထမဆုံးအကြိမ်အဖြစ်ပွဲထွက်ကစားလာခဲ့ပြီး အသင်းရဲ့ဒုတိယဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်တိုက်စစ်မှူးဟာဂိုးသွင်းယူနိုင်ပြီးနောက်ဘောကိုင်ပြီးကစားဖော်ရဲ့ဇနီးသည်ဖောက်ပြနေတယ်လို့ကောလာဟလသတင်းထွက်ပေါ်မှုကိုတုံ့ပြန်သွားခဲ့ပါတယ်။

ဆားဘီးယားဟာဆွစ်ဇာလန်ကို၃-၂ဂိုးဖြင့်ရှုံးနိမ့်မှုနှင့်အတူ ကမ္ဘာ့ဖလားအုပ်စုအဆင့်မှထွက်ခွာလိုက်ရပြီဖြစ်ပါတယ်။

ZawGyi

ကစားေဖာ္ရဲ႕ဇနီးသည္ေဖာက္ျပန္ေနတယ္ဆိုတဲ့သတင္းကို ေဘာကိုင္ၿပီး ေအာင္ပြဲခံကာ ဗလာဟိုဗစ္တုံ႔ျပန္

ဒူဆန္ဗလာဟိုဗစ္ဟာမေန႔ညတုန္းကဆြစ္ဇာလန္ႏွင့္ဆားဘီးယားတို႔ပြဲစဥ္တြင္ဆားဘီးယားအတြက္ဂိုးသြင္းယူၿပီးေနာက္ ဆားဘီးယားကစားေဖာ္ရဲ႕ဇနီးႏွင့္ေဖာက္ျပန္ေနတယ္ဆိုတဲ့သတင္းကိုျပန္လည္တုံ႔ျပန္ေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။

ဗလာဟိုဗစ္ဟာဆားဘီးယားရဲ႕ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲႏွစ္ပြဲတြင္ပြဲထြက္လူစာရင္းတြင္ပါဝင္လာျခင္းမရွိၿပီးေနာက္ဆားဘီးယားကစားေဖာ္ အရန္ဂိုးသမားပရီဒရက္ရာကိုဗစ္ရဲ႕ဇနီးသည္ႏွင့္ေဖာက္ျပန္ေနမႈေၾကာင့္လို႔မီဒီယာမ်ားကေဖာ္ျပေရးသားခဲ့ၾကပါတယ္။

ဒါေပမဲ့ယင္းကိုဗလာဟိုဗစ္ကဆြစ္ဇာလန္ႏွင့္ပြဲမတိုင္မီလူသိရွင္ၾကားျငင္းဆိုမႈျပဳလုပ္ခဲ့ပါတယ္။

သူဟာမေန႔ညတုန္းကဆြစ္ဇာလန္ကို၃-၂ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္မွာေတာ့ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ပထမဆုံးအႀကိမ္အျဖစ္ပြဲထြက္ကစားလာခဲ့ၿပီး အသင္းရဲ႕ဒုတိယဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။

ဂ်ဴဗင္တပ္တိုက္စစ္မႉးဟာဂိုးသြင္းယူႏိုင္ၿပီးေနာက္ေဘာကိုင္ၿပီးကစားေဖာ္ရဲ႕ဇနီးသည္ေဖာက္ျပေနတယ္လို႔ေကာလာဟလသတင္းထြက္ေပၚမႈကိုတုံ႔ျပန္သြားခဲ့ပါတယ္။

ဆားဘီးယားဟာဆြစ္ဇာလန္ကို၃-၂ဂိုးျဖင့္ရႈံးနိမ့္မႈႏွင့္အတူ ကမာၻ႔ဖလားအုပ္စုအဆင့္မွထြက္ခြာလိုက္ရၿပီျဖစ္ပါတယ္။