ကစားဖော်ဟောင်းစတီဗင်ဂျရတ်ရှိရာ ဗီလာသို့ အပြီးသတ်ပြောင်းရန်အတွက် လုပ်ခ ၇၀ ရာခိုင်နှုန်းအထိလျှော့ယူခဲ့တဲ့ ကော်တင်ဟို

ဖီးလစ်ပီကော်တင်ဟိုဟာဘာစီလိုနာမှအက်စတွန်ဗီလာသို့အပြီးသတ်ပြောင်းရွှေ့ရန်အတွက်လုပ်ခအမြောက်အမြားလျှော့ယူခဲ့ရပါတယ်။

ဘရာဇီးလက်ရွေးစင်ကစားသမားဟာဇန်နဝါရီလတုန်းဗီလာသို့အငှားဖြင့် ရောက်လာခဲ့သူဖြစ်ပြီးကြာသပတေးနေ့တုန်းကအပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။

ဗီလာဟာကော်တင်ဟိုကိုအငှားဖြင့်ခေါ်ယူစဉ်ကပေါင်၃၃သန်းဖြင့်အပြီးသတ်ခေါ်ယူမယ်ဆိုတဲ့အချက်ကိုအငှားစာချုပ်မှာထည့်သွင်းခဲ့ပေမဲ့လည်းတကယ်တမ်းမှာတော့ပေါင်၁၇သန်းသာပေးခဲ့ရပါတယ်။

ကော်တင်ဟိုဟာ၂၀၁၈ခုနှစ်တုန်းကလီဗာပူးမှပေါင်၁၂၅သန်းဖြင့်ပြောင်းရွှေ့ပြီးနောက်ဘာစီလိုနာကစားစဉ်တစ်ပတ်လုပ်ခပေါင်၄၈၀၀၀၀ အထိရရှိခဲ့သူဖြစ်ပါတယ်။

အဆိုပါပမာဏမှာဗီလာအတွက်ပေးချေရန်အလွန်ခက်ခဲတဲ့ပမာဏဖြစ်ပါတယ်။ဒါပေမဲ့ကော်တင်ဟိုဟာလီဗာပူးကစားဖော်ဟောင်းစတီဗင်ဂျရတ်ရှိရာဗီလာသို့အပြီးသတ်ပြောင်းရွှေ့နိုင်ရန်အတွက်တစ်ပတ်လုပ်ခပေါင်၁၂၅၀၀၀ဖြင့်၄နှစ်စာချုပ်ချုပ်ဆိုရန်သဘောတူခဲ့ပါတယ်။

တဖက်တွင်ဘာစီလိုနာဟာကော်တင်ဟိုကိုပေါင်၁၇သန်းဖြင့်ရောင်းချခဲ့ရပေမဲ့လည်းဗီလာကသာကော်တင်ဟိုကိုရောင်းချလာပါက ပြောင်းရွှေ့ကြေးရဲ့၅၀ရာခိုင်နှုန်းကိုခံစားခွင့်ရရှိပါမယ်။

ကော်တင်ဟိုဟာဗီလာအတွက်၁၆ပွဲကစားထားရာတွင်၄ဂိုးသွင်းကာ၃ကြိမ်ဖန်တီးထားပါတယ်။

စတီဗင်ဂျရတ်နှင့်ကော်တင်ဟိုတို့ဟာလီဗာပူးတွင်၂နှစ်ခွဲအတူတွဲကစားခဲ့ကြသူများဖြစ်ပါတယ်။

ZawGyi

ကစားေဖာ္ေဟာင္းစတီဗင္ဂ်ရတ္ရွိရာ ဗီလာသို႔ အၿပီးသတ္ေျပာင္းရန္အတြက္ လုပ္ခ ၇၀ ရာခိုင္ႏႈန္းအထိေလွ်ာ့ယူခဲ့တဲ့ ေကာ္တင္ဟို

ဖီးလစ္ပီေကာ္တင္ဟိုဟာဘာစီလိုနာမွအက္စတြန္ဗီလာသို႔အၿပီးသတ္ေျပာင္းေ႐ႊ႕ရန္အတြက္လုပ္ခအေျမာက္အျမားေလွ်ာ့ယူခဲ့ရပါတယ္။

ဘရာဇီးလက္ေ႐ြးစင္ကစားသမားဟာဇန္နဝါရီလတုန္းဗီလာသို႔အငွားျဖင့္ ေရာက္လာခဲ့သူျဖစ္ၿပီးၾကာသပေတးေန႔တုန္းကအၿပီးသတ္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

ဗီလာဟာေကာ္တင္ဟိုကိုအငွားျဖင့္ေခၚယူစဥ္ကေပါင္၃၃သန္းျဖင့္အၿပီးသတ္ေခၚယူမယ္ဆိုတဲ့အခ်က္ကိုအငွားစာခ်ဳပ္မွာထည့္သြင္းခဲ့ေပမဲ့လည္းတကယ္တမ္းမွာေတာ့ေပါင္၁၇သန္းသာေပးခဲ့ရပါတယ္။

ေကာ္တင္ဟိုဟာ၂၀၁၈ခုႏွစ္တုန္းကလီဗာပူးမွေပါင္၁၂၅သန္းျဖင့္ေျပာင္းေ႐ႊ႕ၿပီးေနာက္ဘာစီလိုနာကစားစဥ္တစ္ပတ္လုပ္ခေပါင္၄၈၀၀၀၀ အထိရရွိခဲ့သူျဖစ္ပါတယ္။

အဆိုပါပမာဏမွာဗီလာအတြက္ေပးေခ်ရန္အလြန္ခက္ခဲတဲ့ပမာဏျဖစ္ပါတယ္။ဒါေပမဲ့ေကာ္တင္ဟိုဟာလီဗာပူးကစားေဖာ္ေဟာင္းစတီဗင္ဂ်ရတ္ရွိရာဗီလာသို႔အၿပီးသတ္ေျပာင္းေ႐ႊ႕ႏိုင္ရန္အတြက္တစ္ပတ္လုပ္ခေပါင္၁၂၅၀၀၀ျဖင့္၄ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုရန္သေဘာတူခဲ့ပါတယ္။

တဖက္တြင္ဘာစီလိုနာဟာေကာ္တင္ဟိုကိုေပါင္၁၇သန္းျဖင့္ေရာင္းခ်ခဲ့ရေပမဲ့လည္းဗီလာကသာေကာ္တင္ဟိုကိုေရာင္းခ်လာပါက ေျပာင္းေ႐ႊ႕ေၾကးရဲ႕၅၀ရာခိုင္ႏႈန္းကိုခံစားခြင့္ရရွိပါမယ္။

ေကာ္တင္ဟိုဟာဗီလာအတြက္၁၆ပြဲကစားထားရာတြင္၄ဂိုးသြင္းကာ၃ႀကိမ္ဖန္တီးထားပါတယ္။

စတီဗင္ဂ်ရတ္ႏွင့္ေကာ္တင္ဟိုတို႔ဟာလီဗာပူးတြင္၂ႏွစ္ခြဲအတူတြဲကစားခဲ့ၾကသူမ်ားျဖစ္ပါတယ္။