
ရီးရဲလ်မက်ဒရစ်ဂန္ထဝင်အိုင်ကာကားဆီးလက်စ်ဟာစပိန်အသင်းတွင်ကာလရှည်အတူတွဲကစားခဲ့တဲ့ကစားဖော်ဟောင်းဂါရတ်ပီကေးရဲ့ချစ်သူဟောင်းပေါ့ပ်အဆိုတော်ရှာကီရာနှင့်ချစ်ကြိုက်နေတယ်ဆိုတဲ့သတင်းကိုဒေါသတကြီးငြင်းဆိုလာပါတယ်။
ပီကေးနှင့်Grammy ဆုရှင်အဆိုတော်တို့ဟာ၁၂နှစ်ကြာလက်တွဲလာပြီးတဲ့နောက် ဇွန်လတုန်းကလူသိရှင်ကြားလမ်းခွဲမှုပြုလုပ်ခဲ့ကြပါတယ်။
တဖက်တွင်ကားဆီးလက်စ်ဟာလည်းငါးနှစ်ကြာလက်တွဲလာခဲ့တဲ့ ဇနီးသည်အားကစားဂျာနယ်လစ်ဆာရာကာဘိုနီရိုနှင့်ကွာရှင်းပြတ်စဲထားပါတယ်။
ကားဆီးလက်စ်နှင့်ရှာကီရာတို့ဟာအင်စတာဂရမ်တွင်အပြန်အလှန် Following လုပ်လာမှုနှင့်အတူ ၎င်းတို့အကြားချစ်ကြိုက်နေပြီဆိုပြီးကောလာဟလသတင်းများထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့အသက်၄၁နှစ်ရှိကားဆီးလက်စ်က”Touch your nose. OMG [Oh My God].”ဆိုပြီးပို့စ်တင်ကာငြင်းဆိုမှုပြုလုပ်လာပါတယ်။
ပီကေးနှင့်ရှာကီရာတို့ဟာ၂၀၁၀ခုနှစ်တုန်းက ကမ္ဘာ့ဖလားသီချင်း Waka Waka ရိုက်ကူးစဉ်တွေ့ဆုံချစ်ကြိုက်သွားခဲ့ကြတာဖြစ်ပါတယ်။၎င်းတို့နှစ်ဦးလမ်းမခွဲမီသားသမီးနှစ်ဦးပိုင်ဆိုင်ထားပါတယ်။
ZawGyi
ကစားဖော်ဟောင်းပီကေးရဲ့ချစ်သူဟောင်းရှာကီရာနှင့် တွဲနေတယ်လို့ သတင်းထွက်နေတဲ့ ကားဆီးလက်စ်