
ပီအက်စ်ဂျီအမျိုးသမီးအသင်းကစားသမားအေမီနာတာဒီရယ်လိုကပီအက်စ်ဂျီအသင်းကစားဖော်ခီရာဟမ်မရိုဝီ တိုက်ခိုက်ခံရမှုတွင်ပါဝင်ပတ်သက်ခြင်းမရှိကြောင်းငြင်းဆိုလိုက်ပါတယ်။
ဒီရယ်လိုဟာဟမ်မရိုဝီကိုမျက်နှာဖုံးစွပ်အမျိုးသားနှစ်ဦးတို့ကတိုက်ခိုက်မှုတွင်ပါဝင်ပတ်သက်မှုကြောင့်ယခုအပတ်အစောပိုင်းတုန်းကရဲစခန်းသို့ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပါတယ်။
ဒီရယ်လိုဟာပီအက်စ်ဂျီတွင်သူမနဲ့နေရာတူကစားသမားဖြစ်တဲ့ဟမ်မရိုဝီဒဏ်ရာရရှိကာနေရာရရှိအောင် နောက်ကွယ်တွင်အမျိုးသားနှစ်ဦးကိုငှားရမ်းပြီးတိုက်ခိုက်မှုပြုလုပ်စေခဲ့တယ်လို့စွပ်စွဲခြင်းခံထားရပါတယ်။
ဟမ်မရိုဝီဟာပြီးခဲ့တဲ့အပတ်တုန်းကမျက်နှာဖုံးစွပ်အမျိုးသားနှစ်ဦးတို့ရဲ့ကားပေါ်မှဆွဲချခြင်းခံခဲ့ရပြီးတိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။ယင်းမျက်နှာဖုံးစွပ်အမျိုးသားနှစ်ဦးတို့ဟာဟမ်မရိုဝီရဲ့ခြေထောက်ကိုတိုက်ခိုက်ရာတွင်သံပိုက်ဖြင့်ရိုက်နှက်မှုပြုလုပ်ခဲ့ပါတယ်။
ယခုအခါအသက်၂၆နှစ်ရှိဒီရယ်လိုဟာရဲစခန်းတွင်စစ်ဆေးမေးမြန်းမှုများခံခဲ့ရပြီးနောက်ပြန်လည်လွတ်မြောက်လာပြီဖြစ်ပြီးသူမနှင့်ဟမ်မရိုဝီတို့မှာကစားဖော်များဖြစ်ပြီးမည်သည့်အာဃတမှမရှိကြောင်းနှင့်သူမအားစွပ်စွဲမှုပြုလုပ်သူများကိုတရားစွဲဆိုမှုပြန်လည်ပြုလုပ်သွားမယ်လို့ဆိုလာပါတယ်။
ဟမ်မရိုဝီဟာယင်းတိုက်ခိုက်မှုကြောင့်ရီးရဲလ်မက်ဒရစ်နှင့်ချန်ပီယံလိဂ်ပွဲစဉ်တွင်ပါဝင်နိုင်ခဲ့ခြင်းမရှိဘဲဒီရယ်လိုကပွဲထွက်ကစားခဲ့ရပါတယ်။
ZawGyi
ကစားဖော် ချောင်းရိုက်ခံရမှုတွင်ပါဝင်ပတ်သက်မှုမရှိကြောင်း ပီအက်စ်ဂျီကစားသမားဒီရယ်လိုငြင်း