ကစားဖော် ဒဏ်ရာရရှိအောင် လူဆိုးများ ငှားရမ်း လုပ်ဆောင်ခဲ့တဲ့ ပီအက်စ်ဂျီအမျိုးသမီးအသင်းစတား အချုပ်ခန်းထဲရောက်နေ

ပီအက်စ်ဂျီစတားအေမီနာတာဒီရယ်လိုဟာသူနဲ့ကစားရာနေရာတူတဲ့ကစားဖော်ခီရာဟမ်မရိုဝီကိုဒဏ်ရာရရှိကာအသင်းမှာမပါဝင်နိုင်အောင်နောက်ကွယ်မှညွှန်ကြားလုပ်ဆောင်ခဲ့မှုအတွက်ရဲစခန်းမှာထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

အလယ်တန်းကစားသမားများဖြစ်ကြတဲ့အသက်၂၆နှစ်ရှိအေမီနာတာဒီရယ်လိုနှင့်အသက်၃၁နှစ်ရှိဟမ်မရိုဝီတို့ဟာပီအက်စ်ဂျီအမျိုးသမီးအသင်းလူစာရင်းမှာနေရာတူကစားနေကြသူများဖြစ်ပါတယ်။

ပြင်သစ်မီဒီယာများတွင်ဖော်ပြချက်အရဒီရယ်လိုဟာမျက်နှာဖုံးစွပ်လူနှစ်ဦးကိုငှားရမ်းပြီးဟမ်မရိုဝီကိုဒဏ်ရာရရှိအောင်တိုက်ခိုက်မှုပြုလုပ်ရန်ခိုင်းစေခဲ့ကြောင်းသိရပါတယ်။ယင်းသို့တိုက်ခိုက်မှုကြောင့်ဟမ်မရိုဝီဒဏ်ရာရရှိလာလျှင်ဒီရယ်လိုမှာပီအက်စ်ဂျီတွင်နေရာရရှိလာပါမယ်။

L’Equipe ကမျက်နှာဖုံးစွပ်လူနှစ်ဦးတို့ဟာဟမ်မရိုဝီကိုကားပေါ်မှဆွဲချကာလက်သီးဖြင့်ထိုးခြင်း၊ခြေထောက်ကိုရိုက်ခြင်းတို့ပြုလုပ်ခဲ့ကြကြောင်းသိရပါတယ်။

၎င်းတို့ဟာဟမ်မရိုဝီရဲ့ခြေထောက်ကိုတိုက်ခိုက်ရာတွင်သံပိုက်ကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။အထက်ပါအဖြစ်အပျက်ကပြီးခဲ့တဲ့အပတ်ကြာသပတေးနေ့တုန်းကဖြစ်ပျက်ခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ပီအက်စ်ဂျီအသင်းဟာအေမီနာတာဒီရယ်လိုကိုဖမ်းဆီးထိန်းသိမ်းထားတဲ့ Versailles SRPJ နှင့်ပူးပေါင်းမှုပြုလုပ်ကာအဖြေမှန်သိရှိရေးစောင့်ဆိုင်းနေပါတယ်။

ဒီရယ်လိုသာအထက်ပါဖြစ်ရပ်တွင်နောက်ကွယ်ကလုပ်ဆောင်တာမှန်ကန်ပါကထောင်ကျနိုင်တဲ့အပြင် ပီအက်စ်ဂျီရဲ့စာချုပ်ဖျက်သိမ်းထုတ်ပယ်ခြင်းလည်းခံရဖို့သေချာနေပါတယ်။

ZawGyi

ကစားေဖာ္ ဒဏ္ရာရရွိေအာင္ လူဆိုးမ်ား ငွားရမ္း လုပ္ေဆာင္ခဲ့တဲ့ ပီအက္စ္ဂ်ီအမ်ိဳးသမီးအသင္းစတား အခ်ဳပ္ခန္းထဲေရာက္ေန

ပီအက္စ္ဂ်ီစတားေအမီနာတာဒီရယ္လိုဟာသူနဲ႔ကစားရာေနရာတူတဲ့ကစားေဖာ္ခီရာဟမ္မ႐ိုဝီကိုဒဏ္ရာရရွိကာအသင္းမွာမပါဝင္ႏိုင္ေအာင္ေနာက္ကြယ္မွၫႊန္ၾကားလုပ္ေဆာင္ခဲ့မႈအတြက္ရဲစခန္းမွာထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။

အလယ္တန္းကစားသမားမ်ားျဖစ္ၾကတဲ့အသက္၂၆ႏွစ္ရွိေအမီနာတာဒီရယ္လိုႏွင့္အသက္၃၁ႏွစ္ရွိဟမ္မ႐ိုဝီတို႔ဟာပီအက္စ္ဂ်ီအမ်ိဳးသမီးအသင္းလူစာရင္းမွာေနရာတူကစားေနၾကသူမ်ားျဖစ္ပါတယ္။

ျပင္သစ္မီဒီယာမ်ားတြင္ေဖာ္ျပခ်က္အရဒီရယ္လိုဟာမ်က္ႏွာဖုံးစြပ္လူႏွစ္ဦးကိုငွားရမ္းၿပီးဟမ္မ႐ိုဝီကိုဒဏ္ရာရရွိေအာင္တိုက္ခိုက္မႈျပဳလုပ္ရန္ခိုင္းေစခဲ့ေၾကာင္းသိရပါတယ္။ယင္းသို႔တိုက္ခိုက္မႈေၾကာင့္ဟမ္မ႐ိုဝီဒဏ္ရာရရွိလာလွ်င္ဒီရယ္လိုမွာပီအက္စ္ဂ်ီတြင္ေနရာရရွိလာပါမယ္။

L’Equipe ကမ်က္ႏွာဖုံးစြပ္လူႏွစ္ဦးတို႔ဟာဟမ္မ႐ိုဝီကိုကားေပၚမွဆြဲခ်ကာလက္သီးျဖင့္ထိုးျခင္း၊ေျခေထာက္ကို႐ိုက္ျခင္းတို႔ျပဳလုပ္ခဲ့ၾကေၾကာင္းသိရပါတယ္။

၎တို႔ဟာဟမ္မ႐ိုဝီရဲ႕ေျခေထာက္ကိုတိုက္ခိုက္ရာတြင္သံပိုက္ကိုအသုံးျပဳခဲ့တာျဖစ္ပါတယ္။အထက္ပါအျဖစ္အပ်က္ကၿပီးခဲ့တဲ့အပတ္ၾကာသပေတးေန႔တုန္းကျဖစ္ပ်က္ခဲ့တာလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ပီအက္စ္ဂ်ီအသင္းဟာေအမီနာတာဒီရယ္လိုကိုဖမ္းဆီးထိန္းသိမ္းထားတဲ့ Versailles SRPJ ႏွင့္ပူးေပါင္းမႈျပဳလုပ္ကာအေျဖမွန္သိရွိေရးေစာင့္ဆိုင္းေနပါတယ္။

ဒီရယ္လိုသာအထက္ပါျဖစ္ရပ္တြင္ေနာက္ကြယ္ကလုပ္ေဆာင္တာမွန္ကန္ပါကေထာင္က်ႏိုင္တဲ့အျပင္ ပီအက္စ္ဂ်ီရဲ႕စာခ်ဳပ္ဖ်က္သိမ္းထုတ္ပယ္ျခင္းလည္းခံရဖို႔ေသခ်ာေနပါတယ္။