ကစားသမားတစ်ဦးကို ဆဲဆိုမှုပြုလုပ်နေတဲ့ လာဇီယိုပရိသတ်များ ချက်ချင်းအသံတိတ်သွားအောင် အံမခန်းလုပ်ပြခဲ့တဲ့ နည်းပြဆာရီ

မော်ရီစီယိုဆာရီဟာအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွင်ဗီဒက်မူရီကီကိုဆဲဆိုတိုက်ခိုက်မှုများပြုလုပ်နေတဲ့လာဇီယိုပရိသတ်များအား ချက်ချင်းအသံတိတ်သွားအောင် အောင်မြင်တဲ့ခြိမ်းခြောက်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

အသက် ၆၂နှစ်ရှိချဲလ်ဆီးနှင့်ဂျူဗင်တပ်နည်းပြဟောင်းဟာအင်တာမီလန်ကိုကိုင်တွယ်ရန်ထွက်ခွာသွားတဲ့ဆီမြွန်နီအင်ဇာဂီရဲ့လာဇီယိုနည်းပြရာထူးမှာအစားထိုးခန့်အပ်ခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

လာဇီယိုပရိသတ်များဟာပရိသတ်ဝင်ကြည့်ခွင့်ပေးထားတဲ့လာဇီယိုအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိတဲ့ကိုဆိုဗိုကစားသမားမူရီကီကိုဆဲဆိုလှောင်ပြောင်မှုပြုလုပ်ကြပါတယ်။

မူရီကီဟာပြီးခဲ့တဲ့နှစ်နွေရာသီမှာဖီနာဘာချီမှပြောင်းရွှေ့လာပြီးနောက်လာဇီယိုအသင်းအတွက်တစ်ဂိုးတည်းသာသွင်းယူထားနိုင်သူလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းလာဇီယိုပရိသတ်တစ်ချို့တို့ကိုသူ့ကိုပစ်မှတ်ထားလာခဲ့ကြတာပါ။

ယင်းကိုအကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ဆာရီဟာလာဇီယိုပရိသတ်များရှိရာသို့သွားကာ “နောက်ထပ်မူရီကီနဲ့ပတ်သက်ပြီးထပ်ကြားရရင် မင်းတို့အားလုံးထွက်ခွာရအောင်လုပ်ပစ်လိုက်မယ်”လို့ခြိမ်းခြောက်မှုပြုလုပ်ခဲ့ပါတယ်။

ဆာရီရဲ့ယင်းသို့လုပ်ဆောင်မှုကိုလေ့ကျင့်ရေးအစီအစဉ်ကိုလာကြည့်တဲ့ပရိသတ်အချို့တို့ကလည်းထောက်ခံမှုပြုလုပ်ခဲ့ကြပါတယ်။

ယင်းဗီဒီယိုဖိုင်မှာဆိုရှယ်မီဒီယာတွင်ပျံ့နှံ့လျက်ရှိပြီးကစားသမားဘက်ကအပြည့်အဝအကာအကွယ်ပေးမှုပြုလုပ်ခဲ့တဲ့ဆာရီကို ပရိသတ်များကချီးကျူးနေကြပါတယ်။

ZawGyi

ကစားသမားတစ္ဦးကို ဆဲဆိုမႈျပဳလုပ္ေနတဲ့ လာဇီယိုပရိသတ္မ်ား ခ်က္ခ်င္းအသံတိတ္သြားေအာင္ အံမခန္းလုပ္ျပခဲ့တဲ့ နည္းျပဆာရီ

ေမာ္ရီစီယိုဆာရီဟာအသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္တြင္ဗီဒက္မူရီကီကိုဆဲဆိုတိုက္ခိုက္မႈမ်ားျပဳလုပ္ေနတဲ့လာဇီယိုပရိသတ္မ်ားအား ခ်က္ခ်င္းအသံတိတ္သြားေအာင္ ေအာင္ျမင္တဲ့ၿခိမ္းေျခာက္မႈတစ္ခုျပဳလုပ္ခဲ့ပါတယ္။

အသက္ ၆၂ႏွစ္ရွိခ်ဲလ္ဆီးႏွင့္ဂ်ဴဗင္တပ္နည္းျပေဟာင္းဟာအင္တာမီလန္ကိုကိုင္တြယ္ရန္ထြက္ခြာသြားတဲ့ဆီႁမြန္နီအင္ဇာဂီရဲ႕လာဇီယိုနည္းျပရာထူးမွာအစားထိုးခန႔္အပ္ျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။

လာဇီယိုပရိသတ္မ်ားဟာပရိသတ္ဝင္ၾကည့္ခြင့္ေပးထားတဲ့လာဇီယိုအသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္မွာေျခစြမ္းျပႏိုင္ခဲ့ျခင္းမရွိတဲ့ကိုဆိုဗိုကစားသမားမူရီကီကိုဆဲဆိုေလွာင္ေျပာင္မႈျပဳလုပ္ၾကပါတယ္။

မူရီကီဟာၿပီးခဲ့တဲ့ႏွစ္ေႏြရာသီမွာဖီနာဘာခ်ီမွေျပာင္းေ႐ႊ႕လာၿပီးေနာက္လာဇီယိုအသင္းအတြက္တစ္ဂိုးတည္းသာသြင္းယူထားႏိုင္သူလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းလာဇီယိုပရိသတ္တစ္ခ်ိဳ႕တို႔ကိုသူ႔ကိုပစ္မွတ္ထားလာခဲ့ၾကတာပါ။

ယင္းကိုအႀကီးအက်ယ္ေဒါသထြက္ခဲ့တဲ့ဆာရီဟာလာဇီယိုပရိသတ္မ်ားရွိရာသို႔သြားကာ “ေနာက္ထပ္မူရီကီနဲ႔ပတ္သက္ၿပီးထပ္ၾကားရရင္ မင္းတို႔အားလုံးထြက္ခြာရေအာင္လုပ္ပစ္လိုက္မယ္”လို႔ၿခိမ္းေျခာက္မႈျပဳလုပ္ခဲ့ပါတယ္။

ဆာရီရဲ႕ယင္းသို႔လုပ္ေဆာင္မႈကိုေလ့က်င့္ေရးအစီအစဥ္ကိုလာၾကည့္တဲ့ပရိသတ္အခ်ိဳ႕တို႔ကလည္းေထာက္ခံမႈျပဳလုပ္ခဲ့ၾကပါတယ္။

ယင္းဗီဒီယိုဖိုင္မွာဆိုရွယ္မီဒီယာတြင္ပ်ံ႕ႏွံ႔လ်က္ရွိၿပီးကစားသမားဘက္ကအျပည့္အဝအကာအကြယ္ေပးမႈျပဳလုပ္ခဲ့တဲ့ဆာရီကို ပရိသတ္မ်ားကခ်ီးက်ဴးေနၾကပါတယ္။