ကစားသမားဖြတ်လုရန်ကြိုးပမ်းနေတဲ့ မန်ယူအပေါ် ရီးရဲလ်မက်ဒရစ်အကြီးအကျယ်ဒေါသထွက်နေ

ရီးရဲလ်မက်ဒရစ်ဟာသူတို့ခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့ဗီလာရီးရဲလ်နောက်ခံလူပူတောရက်စ်အားမန်ယူကကြားဖြတ်ခေါ်ယူရန်ကြိုးပမ်းလာမှုအပေါ်ဒေါသထွက်လျက်ရှိပါတယ်။

စပိန်လက်ရွေးစင်နောက်ခံလူဟာယခုရာသီမှာခြေစွမ်းပြကစားနေသူဖြစ်ပြီးရီးရဲလ်မက်ဒရစ်ကဆာဂျီယိုရာမို့စ်နေရာတွင်ကာလရှည်ကြာအစားထိုးရန်အသင့်တော်ဆုံးကစားသမားအဖြစ်သတ်မှတ်ခြင်းခံထားရပါတယ်။

ဒါပေမယ့်မန်ယူကလည်းအသက်၂၄နှစ်ရှိတောရက်စ်ကိုခေါ်ယူရန်စိတ်ဝင်စားလာပြီးရီးရဲလ်မက်ဒရစ်ထက်လက်ဦးမှုရယူကာလှုပ်ရှားနေပါတယ်။ဒါကြောင့်လည်းရီးရဲလ်မက်ဒရစ်ဥက္ကဌပီရက်ဇ်ဟာ မန်ယူအပေါ်တွင်ဒေါသထွက်နေကြောင်းသိရပါတယ်။

အိုလီဂန်းနားဆိုးလ်ရှားဟာအသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားနှင့်တွဲဖက်ပေးရန်အရည်အသွေးမြင့်ဗဟိုခံစစ်သမားတစ်ဦးအလိုရှိနေပါတယ်။မန်ယူဟာမက်ဂွိုင်းယားကိုဘိုင်လီ(သို့မဟုတ်)လင်ဒီလော့ဖ်နှင့်တွဲကာအသုံးပြုနေပါတယ်။

တောရက်စ်ဟာစပိန်အသင်းမှာပုံမှန်ကစားခွင့်ရရှိနေသူဖြစ်ပြီးလာမယ့်ယူရို၂၀၂၀ပြိုင်ပွဲတွင်လည်းပါဝင်လာဖို့သေချာသလောက်ရှိနေသူဖြစ်ပါတယ်။

သူဟာဗီလာရီးရဲလ်နှင့်၂၀၂၄ခုနှစ်အထိစာချုပ်ချုပ်ဆိုထားပြီးစာချုပ်အတွင်းတွင်ယူရိုသန်း၆၀ဖြင့် ခေါ်ယူနိုင်မယ့်အချက်ကိုထည့်သွင်းချုပ်ဆိုထားကြောင်းသိရပါတယ်။ဒါပေမယ့်ဗီလာရီးရဲလ်ဟာကိုဗစ်ကြောင့်ငွေကြေးအကြပ်တွေ့မှုနဲ့အတူငွေကြေးအပြင်ကစားသမားအလိုက်ပေးပြီးကမ်းလှမ်းလာပါကလက်ခံသွားဖို့ရှိပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာဘာနေဗျူးကွင်းကိုမွမ်းမံတည်ဆောက်နေမှုနှင့်အတူငွေကြေးပိုင်းအခက်အခဲများရှိနေရာကစားသမားခေါ်ယူရေးအခက်အခဲများရှိနေပါတယ်။

တောရက်စ်ကလည်းပရီးမီးယားလိဂ်သို့လာရောက်ကစားရန်စိတ်ဆန္ဒရှိနေပြီးအင်္ဂလိပ်ဘာသာစကားလည်းသင်ကြားထားပြီးဖြစ်ပါတယ်။

ZawGyi

ကစားသမားျဖတ္လုရန္ႀကိဳးပမ္းေနတဲ့ မန္ယူအေပၚ ရီးရဲလ္မက္ဒရစ္အႀကီးအက်ယ္ေဒါသထြက္ေန

ရီးရဲလ္မက္ဒရစ္ဟာသူတို႔ေခၚယူဖို႔ပစ္မွတ္ထားေနတဲ့ဗီလာရီးရဲလ္ေနာက္ခံလူပူေတာရက္စ္အားမန္ယူကၾကားျဖတ္ေခၚယူရန္ႀကိဳးပမ္းလာမႈအေပၚေဒါသထြက္လ်က္ရွိပါတယ္။

စပိန္လက္ေ႐ြးစင္ေနာက္ခံလူဟာယခုရာသီမွာေျခစြမ္းျပကစားေနသူျဖစ္ၿပီးရီးရဲလ္မက္ဒရစ္ကဆာဂ်ီယိုရာမို႔စ္ေနရာတြင္ကာလရွည္ၾကာအစားထိုးရန္အသင့္ေတာ္ဆုံးကစားသမားအျဖစ္သတ္မွတ္ျခင္းခံထားရပါတယ္။

ဒါေပမယ့္မန္ယူကလည္းအသက္၂၄ႏွစ္ရွိေတာရက္စ္ကိုေခၚယူရန္စိတ္ဝင္စားလာၿပီးရီးရဲလ္မက္ဒရစ္ထက္လက္ဦးမႈရယူကာလႈပ္ရွားေနပါတယ္။ဒါေၾကာင့္လည္းရီးရဲလ္မက္ဒရစ္ဥကၠဌပီရက္ဇ္ဟာ မန္ယူအေပၚတြင္ေဒါသထြက္ေနေၾကာင္းသိရပါတယ္။

အိုလီဂန္းနားဆိုးလ္ရွားဟာအသင္းေခါင္းေဆာင္ဟယ္ရီမက္ဂြိဳင္းယားႏွင့္တြဲဖက္ေပးရန္အရည္အေသြးျမင့္ဗဟိုခံစစ္သမားတစ္ဦးအလိုရွိေနပါတယ္။မန္ယူဟာမက္ဂြိဳင္းယားကိုဘိုင္လီ(သို႔မဟုတ္)လင္ဒီေလာ့ဖ္ႏွင့္တြဲကာအသုံးျပဳေနပါတယ္။

ေတာရက္စ္ဟာစပိန္အသင္းမွာပုံမွန္ကစားခြင့္ရရွိေနသူျဖစ္ၿပီးလာမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္လည္းပါဝင္လာဖို႔ေသခ်ာသေလာက္ရွိေနသူျဖစ္ပါတယ္။

သူဟာဗီလာရီးရဲလ္ႏွင့္၂၀၂၄ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားၿပီးစာခ်ဳပ္အတြင္းတြင္ယူ႐ိုသန္း၆၀ျဖင့္ ေခၚယူႏိုင္မယ့္အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုထားေၾကာင္းသိရပါတယ္။ဒါေပမယ့္ဗီလာရီးရဲလ္ဟာကိုဗစ္ေၾကာင့္ေငြေၾကးအၾကပ္ေတြ႕မႈနဲ႔အတူေငြေၾကးအျပင္ကစားသမားအလိုက္ေပးၿပီးကမ္းလွမ္းလာပါကလက္ခံသြားဖို႔ရွိပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာဘာေနဗ်ဴးကြင္းကိုမြမ္းမံတည္ေဆာက္ေနမႈႏွင့္အတူေငြေၾကးပိုင္းအခက္အခဲမ်ားရွိေနရာကစားသမားေခၚယူေရးအခက္အခဲမ်ားရွိေနပါတယ္။

ေတာရက္စ္ကလည္းပရီးမီးယားလိဂ္သို႔လာေရာက္ကစားရန္စိတ္ဆႏၵရွိေနၿပီးအဂၤလိပ္ဘာသာစကားလည္းသင္ၾကားထားၿပီးျဖစ္ပါတယ္။

ဗီလာရီးရဲလ္လူငယ္စီမံကိန္းမွထြက္ေပၚလာတဲ့ေတာရက္စ္ဟာဗီလာရီးရဲလ္အတြက္၇၅ပြဲကစားခြင့္ရရွိထားပါတယ္။သူဟာ၂၀၁၉ခုႏွစ္တုန္းကေမာ္တာကို၇-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာစပိန္အတြက္ပထမဆုံးပြဲကိုကစားခြင့္ရခဲ့ပါတယ္။