ကစားသမားဘဝကို ကယ်တင်ရေး ဆေးကုသရန် ငွေအလှူခံနေတဲ့ ရိုင်ယန်ဂစ်လက်သစ်အဖြစ် နာမည်ကြီးခဲ့တဲ့ ယူနိုက်တက်ပါရမီရှင်ဟောင်း

ရိုင်ယန်ဂစ်လက်သစ်အဖြစ်နာမည်ကြီးခဲ့တဲ့မန်ချက်စတာယူနိုက်တက်ပါရမီရှင်ဟောင်းဟာကစားသမားဘဝကိုကယ်တင်ရေးခွဲစိတ်ကုသမှုပြုလုပ်ရန်အတွက်လိုအပ်တဲ့ဆေးဖိုးကိုအလှူခံနေကြောင်းသိရပါတယ်။

ကယ်လမ်ဂရစ်ဘင်ဟာမန်ချက်စတာယူနိုက်တက်လူငယ်အသင်းများတွင်၁၁နှစ်ကြာကစားခဲ့သူဖြစ်ပြီးသူ့ရဲ့မြန်နှုန်း၊လိမ်ခေါက်မှုနှင့်ဘယ်ခြေတို့ကြောင့် ယူနိုက်တက်ဂန္ထဝင်ရိုင်ယန်ဂစ်နှင့်နှိုင်းယှဉ်ခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

အသက်၂၄နှစ်ရှိဂရစ်ဘင်ဟာအက်ဝင်းဗန်ဒါးဆားရဲ့နှုတ်ဆက်ပွဲအဖြစ်ကစားတဲ့အေဂျက်စ်နှင့် ယူ-၁၃ပွဲတွင်လူများရဲ့အာရုံစိုက်ခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

သူဟာ၂၀၁၆ခုနှစ်မှ၂၀၁၈ခုနှစ်အတွင်းတွင်ယူနိုက်တက်ကိုမော်ရင်ဟိုကိုင်တွယ်စဉ်တုန်းကလည်းနည်းပြမျက်စိကျအောင်လုပ်ဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမဲ့သူဟာဒဏ်ရာပြဿနာများစွာနှင့်ကြုံရပြီးနောက်၂၀၁၉ခုနှစ်တွင် ထွက်ခွာခဲ့ရကာရှက်ဖီးလ်ယူနိုက်တက်သို့ပြောင်းခဲ့ရပါတယ်။ယင်းနောက်သူဟာဘာရိုး၊ရက်ကလစ်ဖ်တို့တွင်ကစားခဲ့ရပါတယ်။

လက်ရှိအချိန်တွင်သူဟာUnited of Manchesterတွင်ကစားနေပါတယ်။သူဟာဆိုးရွားတဲ့ဖျက်ထုတ်မှုကြောင့်ဒူးအရွတ်ဒဏ်ရာရရှိခဲ့ပြီးခွဲစိတ်ကုသမှုမပြုလုပ်ပါကဘယ်တော့မှဘောလုံးကစားနိုင်မဲ့အခြေအနေမှာမရှိပါဘူး။

PFA ကသူ့ရဲ့ခွဲစိတ်ကုသမှုရဲ့၅၀ရာခိုင်နှုန်းကိုကျခံပေးပါမယ်။ဒါပေမဲ့သူနှင့်သူ့ကလပ်တို့ဟာကျန်၅၀ရာခိုင်နှုန်းကိုတတ်နိုင်ခြင်းမရှိပါဘူး။

သူဟာခွဲစိတ်ကုသမှုပြုလုပ်ဖို့အတွက်ပေါင်၈၀၀၀လိုအပ်နေပါတယ်။

သူဟာဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလုပ်ပြီးပါကအနည်းဆုံး၉လမှ၁၂လအထိအနားယူရဖို့ရှိပါတယ်။

ZawGyi

ကစားသမားဘဝကို ကယ္တင္ေရး ေဆးကုသရန္ ေငြအလႉခံေနတဲ့ ႐ိုင္ယန္ဂစ္လက္သစ္အျဖစ္ နာမည္ႀကီးခဲ့တဲ့ ယူႏိုက္တက္ပါရမီရွင္ေဟာင္း

႐ိုင္ယန္ဂစ္လက္သစ္အျဖစ္နာမည္ႀကီးခဲ့တဲ့မန္ခ်က္စတာယူႏိုက္တက္ပါရမီရွင္ေဟာင္းဟာကစားသမားဘဝကိုကယ္တင္ေရးခြဲစိတ္ကုသမႈျပဳလုပ္ရန္အတြက္လိုအပ္တဲ့ေဆးဖိုးကိုအလႉခံေနေၾကာင္းသိရပါတယ္။

ကယ္လမ္ဂရစ္ဘင္ဟာမန္ခ်က္စတာယူႏိုက္တက္လူငယ္အသင္းမ်ားတြင္၁၁ႏွစ္ၾကာကစားခဲ့သူျဖစ္ၿပီးသူ႔ရဲ႕ျမန္ႏႈန္း၊လိမ္ေခါက္မႈႏွင့္ဘယ္ေျခတို႔ေၾကာင့္ ယူႏိုက္တက္ဂႏၴဝင္႐ိုင္ယန္ဂစ္ႏွင့္ႏႈိင္းယွဥ္ျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။

အသက္၂၄ႏွစ္ရွိဂရစ္ဘင္ဟာအက္ဝင္းဗန္ဒါးဆားရဲ႕ႏႈတ္ဆက္ပြဲအျဖစ္ကစားတဲ့ေအဂ်က္စ္ႏွင့္ ယူ-၁၃ပြဲတြင္လူမ်ားရဲ႕အာ႐ုံစိုက္ျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။

သူဟာ၂၀၁၆ခုႏွစ္မွ၂၀၁၈ခုႏွစ္အတြင္းတြင္ယူႏိုက္တက္ကိုေမာ္ရင္ဟိုကိုင္တြယ္စဥ္တုန္းကလည္းနည္းျပမ်က္စိက်ေအာင္လုပ္ေဆာင္ႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမဲ့သူဟာဒဏ္ရာျပႆနာမ်ားစြာႏွင့္ႀကဳံရၿပီးေနာက္၂၀၁၉ခုႏွစ္တြင္ ထြက္ခြာခဲ့ရကာရွက္ဖီးလ္ယူႏိုက္တက္သို႔ေျပာင္းခဲ့ရပါတယ္။ယင္းေနာက္သူဟာဘာ႐ိုး၊ရက္ကလစ္ဖ္တို႔တြင္ကစားခဲ့ရပါတယ္။

လက္ရွိအခ်ိန္တြင္သူဟာUnited of Manchesterတြင္ကစားေနပါတယ္။သူဟာဆိုး႐ြားတဲ့ဖ်က္ထုတ္မႈေၾကာင့္ဒူးအ႐ြတ္ဒဏ္ရာရရွိခဲ့ၿပီးခြဲစိတ္ကုသမႈမျပဳလုပ္ပါကဘယ္ေတာ့မွေဘာလုံးကစားႏိုင္မဲ့အေျခအေနမွာမရွိပါဘူး။

PFA ကသူ႔ရဲ႕ခြဲစိတ္ကုသမႈရဲ႕၅၀ရာခိုင္ႏႈန္းကိုက်ခံေပးပါမယ္။ဒါေပမဲ့သူႏွင့္သူ႔ကလပ္တို႔ဟာက်န္၅၀ရာခိုင္ႏႈန္းကိုတတ္ႏိုင္ျခင္းမရွိပါဘူး။

သူဟာခြဲစိတ္ကုသမႈျပဳလုပ္ဖို႔အတြက္ေပါင္၈၀၀၀လိုအပ္ေနပါတယ္။

သူဟာဒဏ္ရာကိုခြဲစိတ္ကုသမႈျပဳလုပ္ၿပီးပါကအနည္းဆုံး၉လမွ၁၂လအထိအနားယူရဖို႔ရွိပါတယ္။