ကစားသမားဘဝတစ်လျှောက်ပထမဆုံးပင်နယ်တီလွဲခဲ့တဲ့ ဟာလန်း

ဟာလင်းဟာလန်းကတော့ဘယ်လိုအခြေအနေမျိုးမှာဘဲဖြစ်ဖြစ်လူသိများနေဆဲဖြစ်ပါတယ်။နော်ဝေတိုက်စစ်မှူးဟာပြီးခဲ့တဲ့နှစ်ဇန်နဝါရီအပြောင်းအရွှေ့မှာရက်ဘူးလ်ဆဲလ်ဘတ်ကနေဒေါ့မွန်သို့ရောက်လာပြီးနောက်ဆက်တိုက် ဂိုးများသွင်းယူလာခဲ့သူဖြစ်ပါတယ်။

သူဟာလက်ရှိဥရောပဘောလုံးလောကရဲ့ကြောက်စရာအကောင်းဆုံးနှင့်အလားအလာအကောင်းဆုံးလူငယ် တိုက်စစ်မှူးအဖြစ်သံသယကင်းကင်းနဲ့ရပ်တည်နေသူပါ။

ဒါပေမယ့်သူဟာလည်းလူသားတစ်ဦးဖြစ်ကြောင်းသက်သေပြလာပါတယ်။မနေ့ညတုန်းကအော့ဘတ်နဲ့ပွဲမှာဟာလန်းဟာလည်းလူသားတစ်ဦးဖြစ်ပြီးအမှားမကင်းကြောင်းပြသလာပါတယ်။

မနေ့ညတုန်းကဒေါ့မွန်-အော့ဘတ်ပွဲစဉ်မှာအော့ဘတ်ဟာပွဲအစ၁၀မိနစ်မှာဘဲအင်ဒရေဟန်ရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပါ တယ်။ဒေါ့မွန်ဟာပင်နယ်တီကနေချေပဂိုးရနိုင်မယ့်အခွင့်အရေးရခဲ့ပါတယ်။

ဒေါ့မွန်ရဲ့ပင်နယ်တီကိုယခုရာသီမှာဂိုး၂၀သွင်းထားတဲ့ဟာလန်းကကန်ရန်ရှေ့ထွက်လာခဲ့တာကြောင့်အားလုံးကဝင်မယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဒါပေမယ့်အံ့ဩဖို့ကောင်းစွာဘဲဟာလန်းရဲ့ပင်နယ်တီကန်ချက်ဟာအပေါ်ဘားထိပြီး မဝင်ခဲ့ပါဘူး။

ဟာလန်းဟာယင်းပင်နယ်တီမတိုင်မီတုန်းကစီနီယာကစားသမားဘဝမှာပင်နယ်တီရှစ်ကြိမ်ကန်ရာမှာအားလုံးကိုဝင် အောင်ကန်ထားနိုင်သူဖြစ်ပါတယ်။ယခုအကြိမ်ကသူ့ရဲ့စီနီယာကစားသမားဘဝမှာပထမဆုံးအကြိမ်ပင်နယ်တီ လွဲခဲ့တာလည်းဖြစ်ပါတယ်။

ဒေါ့မွန်ဟာဟာလန်းပင်နယ်တီလွဲခဲ့ပေမယ့်လည်းအော့ဘတ်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိခဲ့လို့ဟာလန်းအတွက်သက်သာ ရာရခဲ့ပါတယ်။ယင်းပွဲမှာဒေါ့မွန်အတွက်ချေပဂိုးကိုပွဲချိန်၂၆မိနစ်မှာဒီလာနေးကသွင်းယူခဲ့ပြီးအနိုင်ဂိုးကိုပွဲချိန်၆၃မိနစ်မှာဆန်ချိုကသွင်းယူခဲ့ပါတယ်။ဒေါ့မွန်အတွက်တတိယဂိုးကအူဒူယေခိုင်ရဲ့OG ကနေရရှိခဲ့တာပါ။

ZawGyi

ကစားသမားဘဝတစ္ေလွ်ာက္ပထမဆုံးပင္နယ္တီလြဲခဲ့တဲ့ ဟာလန္း

ဟာလင္းဟာလန္းကေတာ့ဘယ္လိုအေျခအေနမ်ိဳးမွာဘဲျဖစ္ျဖစ္လူသိမ်ားေနဆဲျဖစ္ပါတယ္။ေနာ္ေဝတိုက္စစ္မႉးဟာၿပီးခဲ့တဲ့ႏွစ္ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာရက္ဘူးလ္ဆဲလ္ဘတ္ကေနေဒါ့မြန္သို႔ေရာက္လာၿပီးေနာက္ဆက္တိုက္ ဂိုးမ်ားသြင္းယူလာခဲ့သူျဖစ္ပါတယ္။

သူဟာလက္ရွိဥေရာပေဘာလုံးေလာကရဲ႕ေၾကာက္စရာအေကာင္းဆုံးႏွင့္အလားအလာအေကာင္းဆုံးလူငယ္ တိုက္စစ္မႉးအျဖစ္သံသယကင္းကင္းနဲ႔ရပ္တည္ေနသူပါ။

ဒါေပမယ့္သူဟာလည္းလူသားတစ္ဦးျဖစ္ေၾကာင္းသက္ေသျပလာပါတယ္။မေန႔ညတုန္းကေအာ့ဘတ္နဲ႔ပြဲမွာဟာလန္းဟာလည္းလူသားတစ္ဦးျဖစ္ၿပီးအမွားမကင္းေၾကာင္းျပသလာပါတယ္။

မေန႔ညတုန္းကေဒါ့မြန္-ေအာ့ဘတ္ပြဲစဥ္မွာေအာ့ဘတ္ဟာပြဲအစ၁၀မိနစ္မွာဘဲအင္ဒေရဟန္ရဲ႕ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ပါ တယ္။ေဒါ့မြန္ဟာပင္နယ္တီကေနေခ်ပဂိုးရႏိုင္မယ့္အခြင့္အေရးရခဲ့ပါတယ္။

ေဒါ့မြန္ရဲ႕ပင္နယ္တီကိုယခုရာသီမွာဂိုး၂၀သြင္းထားတဲ့ဟာလန္းကကန္ရန္ေရွ႕ထြက္လာခဲ့တာေၾကာင့္အားလုံးကဝင္မယ္လို႔ယုံၾကည္ခဲ့ၾကပါတယ္။ဒါေပမယ့္အံ့ဩဖို႔ေကာင္းစြာဘဲဟာလန္းရဲ႕ပင္နယ္တီကန္ခ်က္ဟာအေပၚဘားထိၿပီး မဝင္ခဲ့ပါဘူး။

ဟာလန္းဟာယင္းပင္နယ္တီမတိုင္မီတုန္းကစီနီယာကစားသမားဘဝမွာပင္နယ္တီရွစ္ႀကိမ္ကန္ရာမွာအားလုံးကိုဝင္ ေအာင္ကန္ထားႏိုင္သူျဖစ္ပါတယ္။ယခုအႀကိမ္ကသူ႔ရဲ႕စီနီယာကစားသမားဘဝမွာပထမဆုံးအႀကိမ္ပင္နယ္တီ လြဲခဲ့တာလည္းျဖစ္ပါတယ္။

ေဒါ့မြန္ဟာဟာလန္းပင္နယ္တီလြဲခဲ့ေပမယ့္လည္းေအာ့ဘတ္ကို၃-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့လို႔ဟာလန္းအတြက္သက္သာ ရာရခဲ့ပါတယ္။ယင္းပြဲမွာေဒါ့မြန္အတြက္ေခ်ပဂိုးကိုပြဲခ်ိန္၂၆မိနစ္မွာဒီလာေနးကသြင္းယူခဲ့ၿပီးအႏိုင္ဂိုးကိုပြဲခ်ိန္၆၃မိနစ္မွာဆန္ခ်ိဳကသြင္းယူခဲ့ပါတယ္။ေဒါ့မြန္အတြက္တတိယဂိုးကအူဒူေယခိုင္ရဲ႕OG ကေနရရွိခဲ့တာပါ။