ကစားသမားဘဝတစ်လျှောက်အကောင်းဆုံးဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ကန်တီ၊ တူချယ်ရဲ့တုံ့ပြန်မှုက တကယ့်ရွှေ

အန်ဂိုလိုကန်တီဟာမနေ့ညတုန်းကအသင်းဟောင်းလက်စတာအား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာသူ့ကစားသမားဘဝတစ်လျှောက်အလှပဆုံးအကောင်းဆုံးဂိုးလို့ပြောလို့ရနိုင်တဲ့ဂိုးတစ်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

လက်စတာနှင့်ပွဲတွင်ရူဒီဂါကထောင့်ကန်ဘောကနေ ခေါင်းတိုက်ကာချဲလ်ဆီးအတွက်ဦးဆောင်ဂိုးသွင်းပြီးနောက်ပွဲချိန်၂၈မိနစ်မှာကန်တီကချဲလ်ဆီးရဲ့ဒုတိယဂိုးကိုသွင်းယူခဲ့တာဖြစ်ပါတယ်။

ပြင်သစ်ကွင်းလယ်ကစားသမားဟာလက်စတာကွင်းဘက်ခြမ်းတစ်ဝက်လောက်မှာဘောလုံးရရှိပြီးနောက်လက်စတာဂိုးပေါက်ဆီသို့ဆွဲပြေးပြီး ဘယ်ခြေဖြင့်ဝေ့ဝိုက်ကန်သွင်းမှုပြုလုပ်ခဲ့ပါတယ်။

အန်ဂိုလိုကန်တီရဲ့လှပဂိုးကြောင့်ချဲလ်ဆီးကစားသမားများနှင့်နည်ပြသောမတ်စ်တူချယ်တို့အကြီးအကျယ်အံ့ဩသင့်ခဲ့ကြရပါတယ်။

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာအန်ဂိုလိုကန်တီရဲ့ဂိုးအပေါ် အကြီးအကျယ်အံ့ဩနေတဲ့မျက်နှာဖြင့်တုံ့ပြန်မှုပြုလုပ်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာဒုတိယပိုင်းမှာလူစားဝင်လာတဲ့ပူလီဆစ်ကချဲလ်ဆီးအတွက်တတိယဂိုးကိုသွင်းယူခဲ့ပါတယ်။

အန်ဂိုလိုကန်တီဟာလက်စတာနှင့်ပွဲစဉ်မှခြေစွမ်းကြောင့်ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။

ZawGyi

ကစားသမားဘဝတစ္ေလွ်ာက္အေကာင္းဆုံးဂိုးကို သြင္းယူႏိုင္ခဲ့တဲ့ ကန္တီ၊ တူခ်ယ္ရဲ႕တုံ႔ျပန္မႈက တကယ့္ေ႐ႊ

အန္ဂိုလိုကန္တီဟာမေန႔ညတုန္းကအသင္းေဟာင္းလက္စတာအား၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာသူ႔ကစားသမားဘဝတစ္ေလွ်ာက္အလွပဆုံးအေကာင္းဆုံးဂိုးလို႔ေျပာလို႔ရႏိုင္တဲ့ဂိုးတစ္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။

လက္စတာႏွင့္ပြဲတြင္႐ူဒီဂါကေထာင့္ကန္ေဘာကေန ေခါင္းတိုက္ကာခ်ဲလ္ဆီးအတြက္ဦးေဆာင္ဂိုးသြင္းၿပီးေနာက္ပြဲခ်ိန္၂၈မိနစ္မွာကန္တီကခ်ဲလ္ဆီးရဲ႕ဒုတိယဂိုးကိုသြင္းယူခဲ့တာျဖစ္ပါတယ္။

ျပင္သစ္ကြင္းလယ္ကစားသမားဟာလက္စတာကြင္းဘက္ျခမ္းတစ္ဝက္ေလာက္မွာေဘာလုံးရရွိၿပီးေနာက္လက္စတာဂိုးေပါက္ဆီသို႔ဆြဲေျပးၿပီး ဘယ္ေျချဖင့္ေဝ့ဝိုက္ကန္သြင္းမႈျပဳလုပ္ခဲ့ပါတယ္။

အန္ဂိုလိုကန္တီရဲ႕လွပဂိုးေၾကာင့္ခ်ဲလ္ဆီးကစားသမားမ်ားႏွင့္နည္ျပေသာမတ္စ္တူခ်ယ္တို႔အႀကီးအက်ယ္အံ့ဩသင့္ခဲ့ၾကရပါတယ္။

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ဟာအန္ဂိုလိုကန္တီရဲ႕ဂိုးအေပၚ အႀကီးအက်ယ္အံ့ဩေနတဲ့မ်က္ႏွာျဖင့္တုံ႔ျပန္မႈျပဳလုပ္ခဲ့ပါတယ္။

အဆိုပါပြဲစဥ္မွာဒုတိယပိုင္းမွာလူစားဝင္လာတဲ့ပူလီဆစ္ကခ်ဲလ္ဆီးအတြက္တတိယဂိုးကိုသြင္းယူခဲ့ပါတယ္။

အန္ဂိုလိုကန္တီဟာလက္စတာႏွင့္ပြဲစဥ္မွေျခစြမ္းေၾကာင့္ပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားဆုကိုရရွိခဲ့ပါတယ္။