ကစားသမားဘဝတစ်လျှောက်အခက်ခဲဆုံးပြိုင်ဘက်အဖြစ် မထင်မှတ်ထားတဲ့သူကို ရွေးချယ်လာတဲ့ အိုင်ကေးဂန်ဒိုဂန်

မန်စီးတီးစတားအိုင်ကေးဂန်ဒိုဂန်ကအဲဗာတန်နောက်ခံလူယာရီမီနာအား ကစားသမားဘဝတစ်လျှောက်ရင်ဆိုင်ခဲ့ရတဲ့အခက်ခဲဆုံးပြိုင်ဘက်များထဲမှတစ်ဦးဖြစ်ကြောင်းအံ့ဩသင့်ဖွယ်ရွေးချယ်လာပါတယ်။

အသက်၂၇နှစ်ရှိမီနာဟာ၂၀၁၈ခုနှစ်တုန်းကဘာစီလိုနာမှအဲဗာတန်သို့ပြောင်းလာပြီးနောက်အကောင်းဆုံးပုံစံနှင့်အကောင်းဆုံးကြံ့ခိုင်မှုရရှိရန်ရုန်းကန်လာခဲ့ရသူလည်းဖြစ်ပါတယ်။

ဒါပေမဲ့ဂျာမနီလက်ရွေးစင်ကစားသမားကကိုလံဘီယာနောက်ခံလူနှင့်ရင်ဆိုင်ကစားရတိုင်း ခက်ခက်ခဲခဲရင်ဆိုင်ရကြောင်းဆိုလာပါတယ်။

ဂန်ဒိုဂန်က “ယာရီမီနာက ရင်ဆိုင်ရခက်ခဲတဲ့ကိုလံဘီယာဗဟိုနောက်ခံလူဖြစ်ပါတယ်။ဒိုင်လူကြီးမအောင်ရင်ဖျက်ထုတ်တဲ့အခါလက်နဲ့လည်းတွန်းပါတယ်။ဒီလိုလုပ်တာတစ်ကြိမ်နှစ်ကြိမ်မြင်ဖူးတယ်။အရမ်းဆိုးဆိုးရွားရွားလုပ်တာမျိုးတော့မဟုတ်ဘူး။သူကအမြဲတမ်းဖော်ရွေတဲ့ပုံမျိုးနဲ့ပြုံးနေတတ်တယ်။အရင်တုန်းကသူ့ကိုဘယ်လိုရင်ဆိုင်ရမလဲမသိခဲ့ဘူး”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ဂန်ဒိုဂန်ကချဲလ်ဆီးကွင်းလယ်ကစားသမားအန်ဂိုလိုကန်တီမှာလည်း အခက်ခဲဆုံးပြိုင်ဘက်များထဲမှတစ်ဦးဖြစ်ကြောင်းရွေးချယ်သွားပါတယ်။

၎င်းက “သူကအရမ်းကြိုးစားတယ်။သူ့ကိုလိမ်ခေါက်ကျော်ဖြတ်လိုက်လို့ မလိုက်နိုင်တော့ဘူးလို့မထင်လိုက်ပါနဲ့။နောက်နှစ်စက္ကန့်လည်းကြာရောကိုယ့်ဆီပြန်ရောက်လာရော။တကယ့်ကိုအံ့ဩစရာကောင်းတယ်”လို့ ပြောကြားသွားပါတယ်။

အိုင်ကေးဂန်ဒိုဂန်ဟာမန်စီးတီးနှင့်၂၀၂၃ခုနှစ်တွင်စာချုပ်သက်တမ်းကုန်ဆုံးမယ်ဆိုပေမဲ့စာချုပ်သက်တမ်းတိုးပြီးမန်စီးတီးမှာဆက်ကစားဖို့ဆန္ဒပြင်းပြနေပါတယ်။

အသက်၃၁နှစ်ရှိဂန်ဒိုဂန်ဟာ၂၀၁၆ခုနှစ်မှာဒေါ့မွန်မှရောက်လာပြီးနောက်မန်စီးတီးအတွက်ပွဲ၂၄၀ကစားကာ၄၆ဂိုးသွင်းယူထားပါတယ်။

၎င်းက “ဒီမှာအရမ်းပျော်တယ်။နေရတာလည်းကြိုက်တယ်။ဒီကလပ်ကိုချစ်တယ်။တကယ့်ကိုအားလုံးအစစအရာရာအဆင်ပြေတယ်။ဒါကြောင့်လည်း၂၀၂၃ခုနှစ်နောက်ပိုင်းအထိကစားသွားချင်နေတာပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ကစားသမားဘဝတစ္ေလွ်ာက္အခက္ခဲဆုံးၿပိဳင္ဘက္အျဖစ္ မထင္မွတ္ထားတဲ့သူကို ေ႐ြးခ်ယ္လာတဲ့ အိုင္ေကးဂန္ဒိုဂန္

မန္စီးတီးစတားအိုင္ေကးဂန္ဒိုဂန္ကအဲဗာတန္ေနာက္ခံလူယာရီမီနာအား ကစားသမားဘဝတစ္ေလွ်ာက္ရင္ဆိုင္ခဲ့ရတဲ့အခက္ခဲဆုံးၿပိဳင္ဘက္မ်ားထဲမွတစ္ဦးျဖစ္ေၾကာင္းအံ့ဩသင့္ဖြယ္ေ႐ြးခ်ယ္လာပါတယ္။

အသက္၂၇ႏွစ္ရွိမီနာဟာ၂၀၁၈ခုႏွစ္တုန္းကဘာစီလိုနာမွအဲဗာတန္သို႔ေျပာင္းလာၿပီးေနာက္အေကာင္းဆုံးပုံစံႏွင့္အေကာင္းဆုံးႀကံ့ခိုင္မႈရရွိရန္႐ုန္းကန္လာခဲ့ရသူလည္းျဖစ္ပါတယ္။

ဒါေပမဲ့ဂ်ာမနီလက္ေ႐ြးစင္ကစားသမားကကိုလံဘီယာေနာက္ခံလူႏွင့္ရင္ဆိုင္ကစားရတိုင္း ခက္ခက္ခဲခဲရင္ဆိုင္ရေၾကာင္းဆိုလာပါတယ္။

ဂန္ဒိုဂန္က “ယာရီမီနာက ရင္ဆိုင္ရခက္ခဲတဲ့ကိုလံဘီယာဗဟိုေနာက္ခံလူျဖစ္ပါတယ္။ဒိုင္လူႀကီးမေအာင္ရင္ဖ်က္ထုတ္တဲ့အခါလက္နဲ႔လည္းတြန္းပါတယ္။ဒီလိုလုပ္တာတစ္ႀကိမ္ႏွစ္ႀကိမ္ျမင္ဖူးတယ္။အရမ္းဆိုးဆိုး႐ြား႐ြားလုပ္တာမ်ိဳးေတာ့မဟုတ္ဘူး။သူကအၿမဲတမ္းေဖာ္ေ႐ြတဲ့ပုံမ်ိဳးနဲ႔ၿပဳံးေနတတ္တယ္။အရင္တုန္းကသူ႔ကိုဘယ္လိုရင္ဆိုင္ရမလဲမသိခဲ့ဘူး”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ဂန္ဒိုဂန္ကခ်ဲလ္ဆီးကြင္းလယ္ကစားသမားအန္ဂိုလိုကန္တီမွာလည္း အခက္ခဲဆုံးၿပိဳင္ဘက္မ်ားထဲမွတစ္ဦးျဖစ္ေၾကာင္းေ႐ြးခ်ယ္သြားပါတယ္။

၎က “သူကအရမ္းႀကိဳးစားတယ္။သူ႔ကိုလိမ္ေခါက္ေက်ာ္ျဖတ္လိုက္လို႔ မလိုက္ႏိုင္ေတာ့ဘူးလို႔မထင္လိုက္ပါနဲ႔။ေနာက္ႏွစ္စကၠန႔္လည္းၾကာေရာကိုယ့္ဆီျပန္ေရာက္လာေရာ။တကယ့္ကိုအံ့ဩစရာေကာင္းတယ္”လို႔ ေျပာၾကားသြားပါတယ္။

အိုင္ေကးဂန္ဒိုဂန္ဟာမန္စီးတီးႏွင့္၂၀၂၃ခုႏွစ္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ္ဆိုေပမဲ့စာခ်ဳပ္သက္တမ္းတိုးၿပီးမန္စီးတီးမွာဆက္ကစားဖို႔ဆႏၵျပင္းျပေနပါတယ္။

အသက္၃၁ႏွစ္ရွိဂန္ဒိုဂန္ဟာ၂၀၁၆ခုႏွစ္မွာေဒါ့မြန္မွေရာက္လာၿပီးေနာက္မန္စီးတီးအတြက္ပြဲ၂၄၀ကစားကာ၄၆ဂိုးသြင္းယူထားပါတယ္။

၎က “ဒီမွာအရမ္းေပ်ာ္တယ္။ေနရတာလည္းႀကိဳက္တယ္။ဒီကလပ္ကိုခ်စ္တယ္။တကယ့္ကိုအားလုံးအစစအရာရာအဆင္ေျပတယ္။ဒါေၾကာင့္လည္း၂၀၂၃ခုႏွစ္ေနာက္ပိုင္းအထိကစားသြားခ်င္ေနတာပါ”လို႔ေျပာၾကားသြားပါတယ္။