ကစားသမားဘဝနောက်ဆုံးပွဲကစားတဲ့ဘန်ဒါရဲ့ပင်နယ်တီကို မဖမ်းဘဲလွှတ်ပေးခဲ့တဲ့ လေးစားစရာဒေါ့မွန်ဂိုးသမား

ဒေါ့မွန်ဂိုးသမားရိုမန်ဘာကီဟာကစားသမားဘဝနောက်ဆုံးပွဲကစားတဲ့လားစ်ဘန်ဒါရဲ့ပင်နယ်တီကိုကာကွယ်ခြင်းမပြုဘဲလွှတ်ပေးခဲ့ပါတယ်။

အသက်၃၂နှစ်ရှိဘန်ဒါဟာစနေနေ့တုန်းကဒေါ့မွန်နှင့်ပွဲစဉ်မှာကစားသမားဘဝနောက်ဆုံးပွဲအဖြစ်ဝင်ရောက်ကစားခဲ့ပြီးပင်နယ်တီကန်သွင်းခဲ့ပါတယ်။ဒေါ့မွန်ဂိုးသမားဘာကီဟာလေးစားစရာကောင်းလောက်အောင်ဘဲဘန်ဒါရဲ့ကန်သွင်းမှုကိုကာကွယ်မှုမပြုဘဲလွှတ်ပေးခဲ့ပါတယ်။

ဂျာမနီလက်ရွေးစင်ဟောင်းဟာဒေါ့မွန်ကို၃-၀ဂိုးဖြင့်ရှုံးနိမ့်နေတဲ့ပွဲချိန်၈၉မိနစ်မှာလူစားဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။လေဗာကူဆင်ဟာဂန္ထဝင်ကစားသမားဘန်ဒါကိုသူ့ရဲ့နောက်ဆုံးပွဲမှာပင်နယ်တီကန်သွင်းပြီးနူတ်ဆက်နိုင်စေဖို့အတွက်လူစားထည့်သွင်းခဲ့တာပါ။

ပိုပြီးတော့လေးစားစရာကောင်းတာကတော့ဒေါ့မွန်ဂိုးသမားကဘန်ဒါရဲ့ကန်သွင်းမှုကိုတစ်စုံတစ်ရာကာကွယ်မှုမပြုဘဲလွှတ်ပေးခဲ့ပါတယ်။

ဘန်ဒါဟာလည်းဒေါ့မွန်ဂိုးသမားရဲ့လေးစားစရာကောင်းတဲ့အပြုအမူကိုဖက်ပြီးတုံ့ပြန်မှုပြုလုပ်ခဲ့ပါတယ်။

နောက်ခံလူဘန်ဒါဟာ၁၈၆၀မြူးနစ်တွင်ပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ပြီးနောက်၂၀၀၉ခုနှစ်ကတည်းကလေဗာကူဆင်တွင်ကစားလာခဲ့သူဖြစ်ပါတယ်။သူဟာလေဗာကူဆင်အတွက်၃၄၂ပွဲကစားကာ၂၇ဂိုးသွင်းယူခဲ့ပါတယ်။သူဟာဂျာမနီလက်ရွေးစင်အသင်းအတွက်၁၉ပွဲကစားကာ၄ဂိုးသွင်းယူခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ကစားသမားဘဝေနာက္ဆုံးပြဲကစားတဲ့ဘန္ဒါရဲ႕ပင္နယ္တီကို မဖမ္းဘဲလႊတ္ေပးခဲ့တဲ့ ေလးစားစရာေဒါ့မြန္ဂိုးသမား

ေဒါ့မြန္ဂိုးသမား႐ိုမန္ဘာကီဟာကစားသမားဘဝေနာက္ဆုံးပြဲကစားတဲ့လားစ္ဘန္ဒါရဲ႕ပင္နယ္တီကိုကာကြယ္ျခင္းမျပဳဘဲလႊတ္ေပးခဲ့ပါတယ္။

အသက္၃၂ႏွစ္ရွိဘန္ဒါဟာစေနေန႔တုန္းကေဒါ့မြန္ႏွင့္ပြဲစဥ္မွာကစားသမားဘဝေနာက္ဆုံးပြဲအျဖစ္ဝင္ေရာက္ကစားခဲ့ၿပီးပင္နယ္တီကန္သြင္းခဲ့ပါတယ္။ေဒါ့မြန္ဂိုးသမားဘာကီဟာေလးစားစရာေကာင္းေလာက္ေအာင္ဘဲဘန္ဒါရဲ႕ကန္သြင္းမႈကိုကာကြယ္မႈမျပဳဘဲလႊတ္ေပးခဲ့ပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္ေဟာင္းဟာေဒါ့မြန္ကို၃-၀ဂိုးျဖင့္ရႈံးနိမ့္ေနတဲ့ပြဲခ်ိန္၈၉မိနစ္မွာလူစားဝင္ေရာက္လာခဲ့တာျဖစ္ပါတယ္။ေလဗာကူဆင္ဟာဂႏၴဝင္ကစားသမားဘန္ဒါကိုသူ႔ရဲ႕ေနာက္ဆုံးပြဲမွာပင္နယ္တီကန္သြင္းၿပီးႏူတ္ဆက္ႏိုင္ေစဖို႔အတြက္လူစားထည့္သြင္းခဲ့တာပါ။

ပိုၿပီးေတာ့ေလးစားစရာေကာင္းတာကေတာ့ေဒါ့မြန္ဂိုးသမားကဘန္ဒါရဲ႕ကန္သြင္းမႈကိုတစ္စုံတစ္ရာကာကြယ္မႈမျပဳဘဲလႊတ္ေပးခဲ့ပါတယ္။

ဘန္ဒါဟာလည္းေဒါ့မြန္ဂိုးသမားရဲ႕ေလးစားစရာေကာင္းတဲ့အျပဳအမူကိုဖက္ၿပီးတုံ႔ျပန္မႈျပဳလုပ္ခဲ့ပါတယ္။

ေနာက္ခံလူဘန္ဒါဟာ၁၈၆၀ျမဴးနစ္တြင္ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝစတင္ၿပီးေနာက္၂၀၀၉ခုႏွစ္ကတည္းကေလဗာကူဆင္တြင္ကစားလာခဲ့သူျဖစ္ပါတယ္။သူဟာေလဗာကူဆင္အတြက္၃၄၂ပြဲကစားကာ၂၇ဂိုးသြင္းယူခဲ့ပါတယ္။သူဟာဂ်ာမနီလက္ေ႐ြးစင္အသင္းအတြက္၁၉ပြဲကစားကာ၄ဂိုးသြင္းယူခဲ့သူလည္းျဖစ္ပါတယ္။