ကစားသမားဘဝပထမဆုံးအနီကတ်အတွက် ၁၂ ပွဲပယ်ခံရမယ့်အရေးမှ မက်ဆီ လွတ်မြောက်

လီယွန်နယ်မက်ဆီဟာဘီလ်ဘာအိုအားရှုံးနိမ့်တဲ့စပိန်စူပါဖလားပွဲစဉ်မှအနီကတ်အတွက်ကြီးမားတဲ့ပြစ်ဒဏ်ချမှတ် ခြင်းမခံရဘဲနှစ်ပွဲပယ်ပြစ်ဒဏ်သာချမှတ်ခြင်းခံခဲ့ရပါတယ်။

ဘာစီလိုနာအသင်းခေါင်းဆောင်ဟာဘီလ်ဘာအိုအား၃-၂ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်မှာဘီလ်ဘာအိုကစားသမားအေစီယာ ဗီလာလီဘရီကိုထိုးခဲ့မှုအတွက်ဘာစီလိုနာကစားသမားဘဝတစ်လျှောက်ပထမဆုံးအနီကတ်ပြသခြင်းခံခဲ့ရပါတယ်။

မက်ဆီဟာပြိုင်ဘက်ကစားသမားကိုထိုးခဲ့ခြင်းဖြစ်ရာ၁၂ပွဲပယ်ပြစ်ဒဏ်အထိချမှတ်နိုင်ကြောင်းသိရပါတယ်။ဒါပေမယ့်စပိန်ဘောလုံးအဖွဲ့ချုပ်စည်းကမ်းထိန်းသိမ်းရေးကော်မတီကမက်ဆီမှာရန်လိုတဲ့အပြုအမူမျိုးဖြင့်ပြုလုပ်ခဲ့ခြင်းမရှိကြောင်းတွေ့ရှိရ၍၂ပွဲပယ်ပြစ်ဒဏ်သာချမှတ်ခဲ့ပါတယ်။

ဘာစီလိုနာအနေဖြင့်မက်ဆီရဲ့၂ပွဲပယ်ပြစ်ဒဏ်ကိုအယူခံဝင်ခွင့်ရှိပါသေးတယ်။မက်ဆီဟာပွဲပယ်ပြစ်ဒဏ်ကြောင့်ကော်နယ်လာနှင့်ကစားရမယ့်စပိန်ကိုပါဒယ်ရေးပွဲစဉ်နှင့်အယ်လ်ချီနှင့်ကစားမယ့်လာလီဂါပွဲစဉ်တို့ကိုလွဲပါမယ်။

ZawGyi

ကစားသမားဘဝပထမဆုံးအနီကတ္အတြက္ ၁၂ ပြဲပယ္ခံရမယ့္အေရးမွ မက္ဆီ လြတ္ေျမာက္

လီယြန္နယ္မက္ဆီဟာဘီလ္ဘာအိုအားရႈံးနိမ့္တဲ့စပိန္စူပါဖလားပြဲစဥ္မွအနီကတ္အတြက္ႀကီးမားတဲ့ျပစ္ဒဏ္ခ်မွတ္ ျခင္းမခံရဘဲႏွစ္ပြဲပယ္ျပစ္ဒဏ္သာခ်မွတ္ျခင္းခံခဲ့ရပါတယ္။

ဘာစီလိုနာအသင္းေခါင္းေဆာင္ဟာဘီလ္ဘာအိုအား၃-၂ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္မွာဘီလ္ဘာအိုကစားသမားေအစီယာ ဗီလာလီဘရီကိုထိုးခဲ့မႈအတြက္ဘာစီလိုနာကစားသမားဘဝတစ္ေလွ်ာက္ပထမဆုံးအနီကတ္ျပသျခင္းခံခဲ့ရပါတယ္။

မက္ဆီဟာၿပိဳင္ဘက္ကစားသမားကိုထိုးခဲ့ျခင္းျဖစ္ရာ၁၂ပြဲပယ္ျပစ္ဒဏ္အထိခ်မွတ္ႏိုင္ေၾကာင္းသိရပါတယ္။ဒါေပမယ့္စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္စည္းကမ္းထိန္းသိမ္းေရးေကာ္မတီကမက္ဆီမွာရန္လိုတဲ့အျပဳအမူမ်ိဳးျဖင့္ျပဳလုပ္ခဲ့ျခင္းမရွိေၾကာင္းေတြ႕ရွိရ၍၂ပြဲပယ္ျပစ္ဒဏ္သာခ်မွတ္ခဲ့ပါတယ္။

ဘာစီလိုနာအေနျဖင့္မက္ဆီရဲ႕၂ပြဲပယ္ျပစ္ဒဏ္ကိုအယူခံဝင္ခြင့္ရွိပါေသးတယ္။မက္ဆီဟာပြဲပယ္ျပစ္ဒဏ္ေၾကာင့္ေကာ္နယ္လာႏွင့္ကစားရမယ့္စပိန္ကိုပါဒယ္ေရးပြဲစဥ္ႏွင့္အယ္လ္ခ်ီႏွင့္ကစားမယ့္လာလီဂါပြဲစဥ္တို႔ကိုလြဲပါမယ္။