ကစားသမားဘဝမှအနားမယူမီ ဘင်ဖီကာတွင် ကစားလိုကြောင်း မန်စီးတီးစတားကန်စီလိုဖွင့်ဟ

မန်စီးတီးစတားကန်စီလိုကကစားသမားဘဝမှအနားမယူမီဘင်ဖီကာတွင်ပြန်ကစားလိုကြောင်းဖွင့်ဟပြောကြားလိုက်ပါတယ်။

ကာစီလိုဟာ၂၀၁၂ခုနှစ်တုန်းကဘင်ဖီကာတွင်ကစားသမားဘဝစတင်ခဲ့သူဖြစ်ပြီးစီနီယာပွဲတစ်ပွဲတည်းသာကစားခဲ့ရပါတယ်။သူဟာဗလင်စီယာသို့အငှားဖြင့်သွားရောက်ကစားစဉ်အောင်မြင်မှုရရှိကာယူရို၁၃သန်းဖြင့်အပြီးသတ်ပြောင်းနိုင်ခဲ့ပါတယ်။

သူဟာ၂၀၁၈ခုနှစ်မှာဂျူဗင်တပ်သို့ပြောင်းခွင့်ရခဲ့ပြီးပထမဆုံးရာသီမှာစကူဒက်တိုဖလားရရှိခဲ့ပြီးနောက်မန်စီးတီးသို့ပြောင်းခဲ့ပါတယ်။သူဟာမန်စီးတီးတွင်ကစားစဉ်အတွင်းခြေစွမ်းပြကစားနိုင်ကာဥရောပရဲ့အကောင်းဆုံးနောက်တန်းအစွန်ကစားသမားများထဲမှတစ်ဦးဖြစ်လာခဲ့ပါတယ်။

အသက်၂၆နှစ်ရှိပေါ်တူဂီလက်ရွေးစင်က “ဘင်ဖီကာမှာကစားသမားဘဝကနေအနားယူချင်ပါတယ်။ဒီအသင်းကကျွန်တော်ကစားသမားဘဝစတင်ခဲ့တဲ့နေရာပါ။ကျွန်တော်အမြဲတမ်းအားပေးလာခဲ့တဲ့ကလပ်လည်းဖြစ်ပါတယ်။ကျွန်တော့်နှလုံးသားထဲမှာဘင်ဖီကာကအမြဲတမ်းရှိပါတယ်။တစ်နေ့ကျရင်ဒီအင်္ကျီကိုဝတ်ဆင်နိုင်ဖို့မျှော်လင့်ပါတယ်။အခုအချိန်မှာတော့မန်စီးတီးမှာပျော်ရွှင်နေပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ကစားသမားဘဝမွအနားမယူမီ ဘင္ဖီကာတြင္ ကစားလိုေၾကာင္း မန္စီးတီးစတားကန္စီလိုဖြင့္ဟ

မန္စီးတီးစတားကန္စီလိုကကစားသမားဘဝမွအနားမယူမီဘင္ဖီကာတြင္ျပန္ကစားလိုေၾကာင္းဖြင့္ဟေျပာၾကားလိုက္ပါတယ္။

ကာစီလိုဟာ၂၀၁၂ခုႏွစ္တုန္းကဘင္ဖီကာတြင္ကစားသမားဘဝစတင္ခဲ့သူျဖစ္ၿပီးစီနီယာပြဲတစ္ပြဲတည္းသာကစားခဲ့ရပါတယ္။သူဟာဗလင္စီယာသို႔အငွားျဖင့္သြားေရာက္ကစားစဥ္ေအာင္ျမင္မႈရရွိကာယူ႐ို၁၃သန္းျဖင့္အၿပီးသတ္ေျပာင္းႏိုင္ခဲ့ပါတယ္။

သူဟာ၂၀၁၈ခုႏွစ္မွာဂ်ဴဗင္တပ္သို႔ေျပာင္းခြင့္ရခဲ့ၿပီးပထမဆုံးရာသီမွာစကူဒက္တိုဖလားရရွိခဲ့ၿပီးေနာက္မန္စီးတီးသို႔ေျပာင္းခဲ့ပါတယ္။သူဟာမန္စီးတီးတြင္ကစားစဥ္အတြင္းေျခစြမ္းျပကစားႏိုင္ကာဥေရာပရဲ႕အေကာင္းဆုံးေနာက္တန္းအစြန္ကစားသမားမ်ားထဲမွတစ္ဦးျဖစ္လာခဲ့ပါတယ္။

အသက္၂၆ႏွစ္ရွိေပၚတူဂီလက္ေ႐ြးစင္က “ဘင္ဖီကာမွာကစားသမားဘဝကေနအနားယူခ်င္ပါတယ္။ဒီအသင္းကကြၽန္ေတာ္ကစားသမားဘဝစတင္ခဲ့တဲ့ေနရာပါ။ကြၽန္ေတာ္အၿမဲတမ္းအားေပးလာခဲ့တဲ့ကလပ္လည္းျဖစ္ပါတယ္။ကြၽန္ေတာ့္ႏွလုံးသားထဲမွာဘင္ဖီကာကအၿမဲတမ္းရွိပါတယ္။တစ္ေန႔က်ရင္ဒီအက်ႌကိုဝတ္ဆင္ႏိုင္ဖို႔ေမွ်ာ္လင့္ပါတယ္။အခုအခ်ိန္မွာေတာ့မန္စီးတီးမွာေပ်ာ္႐ႊင္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။