ကစားသမားဘဝမှအနားယူပြီးလျှင် ဘာကာသို့ နည်းစနစ်ဒါရိုက်တာအဖြစ် မက်ဆီ ပြန်လိုနေ

လီယွန်နယ်မက်ဆီကကစားသမားဘဝမှအနားယူပြီးလျှင်ချက်ချင်းပင်ဘာစီလိုနာသို့နည်းစနစ်ဒါရိုက်တာအဖြစ်ပြန်လိုကြောင်းထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဘာစီလိုနာသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်ထားတဲ့မက်ဆီဟာနွေရာသီတုန်းကလာလီဂါရဲ့ဘဏ္ဍာရေးကန့်သတ်ချက်ကြောင့်စာချုပ်သစ်မချုပ်ဆိုနိုင်ဘဲထွက်ခွာခဲ့ရပါတယ်။သူဟာပီအက်စ်ဂျီနှင့်၂၀၂၃ခုနှစ်၊ဇွန်လအထိစာချုပ်ချုပ်ဆိုထားပါတယ်။

အသက်၃၄နှစ်ရှိမက်ဆီက “ဘာစီလိုနာမှာပြန်ပြီးနေထိုင်ဖို့ကသေချာပါတယ်။ကျွန်တော်တို့ဘဝကအဲဒီမှာဘဲရှိနေပါမယ်။ကျွန်တော့်ဇနီးရဲ့ဆန္ဒဖြစ်သလိုကျွန်တော့်ဆန္ဒလည်းဖြစ်ပါတယ်။ပီအက်စ်ဂျီနဲ့စာချုပ်ကဘယ်တော့ကုန်မလဲဆိုတာမသိပါဘူး။ဒါပေမယ့်ဘာစီလိုနာမှာပြန်နေမှာတော့သေချာပါတယ်။ကျွန်တော်ကကလပ်ကိုကူညီချင်တဲ့သူပါ။တစ်ချိန်မှာနည်းစနစ်ဒါရိုက်တာဖြစ်ချင်ပါတယ်။ဒါပေမယ့်ဘာစီလိုနာမှာလုပ်ဖြစ်မလား၊အခြားမှာဘဲလုပ်ဖြစ်မလားမသိပါဘူး။ဖြစ်နိုင်ရင်တော့ကျွန်တော်ချစ်တဲ့ဒီကလပ်မှာဘဲလုပ်ချင်ပါတယ်။ကလပ်ကိုကမ္ဘာ့အကောင်းဆုံးကလပ်အဖြစ်ဆက်လက်ရပ်တည်နိုင်ဖို့ဆက်ပြီးတော့ကြီးထွားလို့ကူညီချင်ပါတယ်”လို့ပြောကြားသွားပါတယ်။

မက်ဆီဟာပီအက်စ်ဂျီသို့ရောက်လာပြီးနောက်ချန်ပီယံလိဂ်တွင်၃ဂိုးအထိသွင်းယူထားသော်လည်းပြင်သစ်လီဂူး၁တွင်မူတစ်ဂိုးမျှသွင်းယူနိုင်ခြင်းမရှိသေးပါဘူး။

သူဟာသောကြာနေ့တုန်းကလိုင်လီအား၂-၁ဖြင့်အနိုင်ရတဲ့ပွဲမှာပထမပိုင်းမှာတင်လူစားလဲခြင်းခံခဲ့ရပေမယ့်ဗုဒ္ဓဟူးနေ့မှာလိုက်ဇစ်နှင့်ရင်ဆိုင်ရမယ့်ချန်ပီယံလိဂ်အဝေးကွင်းမှာပါဝင်လာပါမယ်။

ZawGyi

ကစားသမားဘဝမွအနားယူၿပီးလွ်င္ ဘာကာသို႔ နည္းစနစ္ဒါ႐ိုက္တာအျဖစ္ မက္ဆီ ျပန္လိုေန

လီယြန္နယ္မက္ဆီကကစားသမားဘဝမွအနားယူၿပီးလွ်င္ခ်က္ခ်င္းပင္ဘာစီလိုနာသို႔နည္းစနစ္ဒါ႐ိုက္တာအျဖစ္ျပန္လိုေၾကာင္းထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ဘာစီလိုနာသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ထားတဲ့မက္ဆီဟာေႏြရာသီတုန္းကလာလီဂါရဲ႕ဘ႑ာေရးကန႔္သတ္ခ်က္ေၾကာင့္စာခ်ဳပ္သစ္မခ်ဳပ္ဆိုႏိုင္ဘဲထြက္ခြာခဲ့ရပါတယ္။သူဟာပီအက္စ္ဂ်ီႏွင့္၂၀၂၃ခုႏွစ္၊ဇြန္လအထိစာခ်ဳပ္ခ်ဳပ္ဆိုထားပါတယ္။

အသက္၃၄ႏွစ္ရွိမက္ဆီက “ဘာစီလိုနာမွာျပန္ၿပီးေနထိုင္ဖို႔ကေသခ်ာပါတယ္။ကြၽန္ေတာ္တို႔ဘဝကအဲဒီမွာဘဲရွိေနပါမယ္။ကြၽန္ေတာ့္ဇနီးရဲ႕ဆႏၵျဖစ္သလိုကြၽန္ေတာ့္ဆႏၵလည္းျဖစ္ပါတယ္။ပီအက္စ္ဂ်ီနဲ႔စာခ်ဳပ္ကဘယ္ေတာ့ကုန္မလဲဆိုတာမသိပါဘူး။ဒါေပမယ့္ဘာစီလိုနာမွာျပန္ေနမွာေတာ့ေသခ်ာပါတယ္။ကြၽန္ေတာ္ကကလပ္ကိုကူညီခ်င္တဲ့သူပါ။တစ္ခ်ိန္မွာနည္းစနစ္ဒါ႐ိုက္တာျဖစ္ခ်င္ပါတယ္။ဒါေပမယ့္ဘာစီလိုနာမွာလုပ္ျဖစ္မလား၊အျခားမွာဘဲလုပ္ျဖစ္မလားမသိပါဘူး။ျဖစ္ႏိုင္ရင္ေတာ့ကြၽန္ေတာ္ခ်စ္တဲ့ဒီကလပ္မွာဘဲလုပ္ခ်င္ပါတယ္။ကလပ္ကိုကမာၻ႔အေကာင္းဆုံးကလပ္အျဖစ္ဆက္လက္ရပ္တည္ႏိုင္ဖို႔ဆက္ၿပီးေတာ့ႀကီးထြားလို႔ကူညီခ်င္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

မက္ဆီဟာပီအက္စ္ဂ်ီသို႔ေရာက္လာၿပီးေနာက္ခ်န္ပီယံလိဂ္တြင္၃ဂိုးအထိသြင္းယူထားေသာ္လည္းျပင္သစ္လီဂူး၁တြင္မူတစ္ဂိုးမွ်သြင္းယူႏိုင္ျခင္းမရွိေသးပါဘူး။

သူဟာေသာၾကာေန႔တုန္းကလိုင္လီအား၂-၁ျဖင့္အႏိုင္ရတဲ့ပြဲမွာပထမပိုင္းမွာတင္လူစားလဲျခင္းခံခဲ့ရေပမယ့္ဗုဒၶဟူးေန႔မွာလိုက္ဇစ္ႏွင့္ရင္ဆိုင္ရမယ့္ခ်န္ပီယံလိဂ္အေဝးကြင္းမွာပါဝင္လာပါမယ္။