ကစားသမားဘဝမှအနားယူလိုက်ပြီဖြစ်တဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်း

အာဆင်နယ်တိုက်စစ်မှူးဟောင်းနစ်ကလပ်ဘန်တနာကကလပ်လက်မဲ့အဖြစ်၁၈လကြာအထိရှိနေခဲ့ပြီးနောက်ကစားသမားဘဝမှအနားယူလိုက်ပြီဖြစ်ကြောင်းတရားဝင်ကြေညာလာပါတယ်။

အသက်၃၃နှစ်ရှိသာရှိသေးတဲ့ဒိန်းမတ်တိုက်စစ်မှူးဟာဘောလုံးလောကတွင်ပင်ဆက်လက်ရှိနေလိုသေးဆဲဖြစ်ပြီးနည်းပြလောကသို့ဝင်ရောက်ရန်အတွက်နည်းပြလိုင်စင်ရရှိရန်စတင်ကြိုးပမ်းနေပြီလည်းဖြစ်ပါတယ်။

သူဟာအာဆင်နယ်မှာ၉ရာသီကြာကစားခဲ့ဖူးပြီး၁၇၁ပွဲကစားခဲ့ရာမှာ၄၅ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

ဘန်တနာဟာဘာမင်ဂမ်၊ဆန်းဒါးလန်း၊နော်တင်ဟမ်ဖောရက်စ်၊ဂျူဗင်တပ်၊ဝုဗ်ဘတ်၊ရိုဆင်ဘတ်၊ကိုပင်ဟေဂင်တို့တွင်ကစားခဲ့ဖူးပါတယ်။

သူဟာကစားသမားဘဝကာလတုန်းကတက္ကစီဒရိုင်ဘာတစ်ဦးကိုထိုးကြိတ်မှုကြောင့်ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရသလိုလောင်းကစားပြုလုပ်ကာပေါင်သန်းချီဖြုန်တီးခဲ့ဖူးပါတယ်။

သူဟာပြီးခဲ့တဲ့လတုန်းကကာလရှည်ကြာလက်တွဲလာခဲ့တဲ့ချစ်သူဖီလိုင်းရိုးစတိုးဖ်နှင့်လည်းလမ်းခွဲခဲ့သူဖြစ်ပါတယ်။

သူဟာ၂၀၁၉ခုနှစ်၊ဒီဇင်ဘာလတုန်းကမွေးရပ်မြေကလပ်ကိုပင်ဟေဂင်မှထွက်ခွာခဲ့ရပြီးနောက်ကလပ်လက်မဲ့ဖြစ်လာခဲ့သူဖြစ်ပါတယ်။

ယခုအခါသူဟာနည်းပြလောကသို့ဝင်ရောက်ရန်နည်းပြသင်ခန်းစာများစတင်ပြုလုပ်နေပြီဖြစ်ပြီးအာဆင်နယ်သို့နည်းပြအဖြစ်ပြန်လာရန်ရည်မှန်းနေပြီဖြစ်ပါတယ်။

ZawGyi

ကစားသမားဘဝမွအနားယူလိုက္ၿပီျဖစ္တဲ့ အာဆင္နယ္တိုက္စစ္မႉးေဟာင္း

အာဆင္နယ္တိုက္စစ္မႉးေဟာင္းနစ္ကလပ္ဘန္တနာကကလပ္လက္မဲ့အျဖစ္၁၈လၾကာအထိရွိေနခဲ့ၿပီးေနာက္ကစားသမားဘဝမွအနားယူလိုက္ၿပီျဖစ္ေၾကာင္းတရားဝင္ေၾကညာလာပါတယ္။

အသက္၃၃ႏွစ္ရွိသာရွိေသးတဲ့ဒိန္းမတ္တိုက္စစ္မႉးဟာေဘာလုံးေလာကတြင္ပင္ဆက္လက္ရွိေနလိုေသးဆဲျဖစ္ၿပီးနည္းျပေလာကသို႔ဝင္ေရာက္ရန္အတြက္နည္းျပလိုင္စင္ရရွိရန္စတင္ႀကိဳးပမ္းေနၿပီလည္းျဖစ္ပါတယ္။

သူဟာအာဆင္နယ္မွာ၉ရာသီၾကာကစားခဲ့ဖူးၿပီး၁၇၁ပြဲကစားခဲ့ရာမွာ၄၅ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။

ဘန္တနာဟာဘာမင္ဂမ္၊ဆန္းဒါးလန္း၊ေနာ္တင္ဟမ္ေဖာရက္စ္၊ဂ်ဴဗင္တပ္၊ဝုဗ္ဘတ္၊႐ိုဆင္ဘတ္၊ကိုပင္ေဟဂင္တို႔တြင္ကစားခဲ့ဖူးပါတယ္။

သူဟာကစားသမားဘဝကာလတုန္းကတကၠစီဒ႐ိုင္ဘာတစ္ဦးကိုထိုးႀကိတ္မႈေၾကာင့္ေထာင္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရသလိုေလာင္းကစားျပဳလုပ္ကာေပါင္သန္းခ်ီျဖဳန္တီးခဲ့ဖူးပါတယ္။

သူဟာၿပီးခဲ့တဲ့လတုန္းကကာလရွည္ၾကာလက္တြဲလာခဲ့တဲ့ခ်စ္သူဖီလိုင္း႐ိုးစတိုးဖ္ႏွင့္လည္းလမ္းခြဲခဲ့သူျဖစ္ပါတယ္။

သူဟာ၂၀၁၉ခုႏွစ္၊ဒီဇင္ဘာလတုန္းကေမြးရပ္ေျမကလပ္ကိုပင္ေဟဂင္မွထြက္ခြာခဲ့ရၿပီးေနာက္ကလပ္လက္မဲ့ျဖစ္လာခဲ့သူျဖစ္ပါတယ္။

ယခုအခါသူဟာနည္းျပေလာကသို႔ဝင္ေရာက္ရန္နည္းျပသင္ခန္းစာမ်ားစတင္ျပဳလုပ္ေနၿပီျဖစ္ၿပီးအာဆင္နယ္သို႔နည္းျပအျဖစ္ျပန္လာရန္ရည္မွန္းေနၿပီျဖစ္ပါတယ္။