ကစားသမားဘဝမှ ဒုတိယအကြိမ်မြောက်အဖြစ် အာဂျန်ရော်ဘင် အနားယူ

အာဂျန်ရော်ဘင်ကဘောလုံးကစားသမားဘဝမှအနားယူလိုက်ပြီဖြစ်ကြောင်းထုတ်ပြန်ကြေညာလာပါတယ်။ပရော်ဖက်ရှင်နယ်ဘောလုံးလောကတွင်၂၁နှစ်ကြာကျင်လည်လာခဲ့တဲ့ရော်ဘင်ဟာ၂၀၂၀ခုနှစ်တုန်းကလည်းကစားသမားဘဝမှအနားယူလိုက်ပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ဒါပေမယ့်သူဟာကစားသမားဘဝစတင်ရာဂရိုနင်ဂျင်သို့ပြောင်းကာတစ်ရာသီကစားခဲ့ပါတယ်။

သူဟာချဲလ်ဆီး၊ရီးရဲလ်မက်ဒရစ်၊ဘိုင်ယန်မြူးနစ်တို့အတွက်ပွဲပေါင်း၃၀၀ကျော်ကစားခဲ့ကာကစားခဲ့တဲ့နိုင်ငံတိုင်းတွင်အမှတ်ပေးဖလားဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

အသက်၃၇နှစ်ရှိရော်ဘင်ဟာပြီးခဲ့တဲ့ရာသီတုန်းကဂရိုနင်ဂျင်သို့ပြောင်းခဲ့ပေမယ့်လည်း ဒဏ်ရာပြဿနာများနှင့်နပန်းလုံးခဲ့ရကာ၇ပွဲတည်းသာကစားနိုင်ခဲ့ပြီး၇လအထိအနားယူခဲ့ရပါတယ်။

ရော်ဘင်ဟာနယ်သာလန်အသင်းအတွက်၉၆ပွဲကစားပေးခဲ့သူဖြစ်ပြီးနယ်သာလန်သမိုင်းတွင် ပွဲအများဆုံးကစားသူများစာရင်းထဲမှာအဆင့်၉နေရာမှာရပ်တည်နေပါတယ်။

သူဟာဂရိုနင်ဂျင်တွင်ကစားသမားဘဝစတင်ပြီး၂၀၀၂ခုနှစ်တွင်ပီအက်စ်ဗွီသို့ပြောင်းခဲ့ကာယင်းတွင်နှစ်ရာသီကစားခဲ့ရာမှာဒတ်ချ်အဆင့်မြင့်တန်းဖလား၁ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာ၂၀၀၄ခုနှစ်တွင်ချဲလ်ဆီးသို့ပြောင်းခဲ့ပြီးပရီးမီးယားလိဂ်ဖလား၂ကြိမ်ဆက်ဆွတ်ခူးနိုင်ခဲ့ပါတယ်။သူဟာချဲလ်ဆီးမှာဒဏ်ရာပြဿနာများနှင့်နပန်းလုံးခဲ့ရပေမယ့်လည်း၂၀၀၇ခုနှစ်မှာရီးရဲလ်သို့ပြောင်းခဲ့ပါတယ်။

သူဟာရီးရဲလ်မက်ဒရစ်တွင်ကစားတဲ့ပထမဆုံးရာသီမှာလာလီဂါဖလားဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း၂၀၀၉ခုနှစ်မှာကာကာနှင့်ရော်နယ်ဒိုရောက်လာမှုနဲ့အတူဘိုင်ယန်သို့ပြောင်းခဲ့ရပါတယ်။

သူဟာဘိုင်ယန်သို့ရောက်ချိန်မှာတော့ကမ္ဘာ့အကောင်းဆုံးတောင်ပံသမားများထဲမှတစ်ဦးအဖြစ်အခြေချနိုင်ခဲ့ပါတယ်။သူဟာဘိုင်ယန်နှင့်အတူဘွန်ဒက်စ်လီဂါဖလား၈ကြိမ်နှင့်ချန်ပီယံလိဂ်ဖလား၁ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာနယ်သာလန်အတွက်၃၇ဂိုးသွင်းပေးခဲ့ကာနိုင်ငံတကာပြိုင်ပွဲ၆ကြိမ်ကစားခဲ့ပါတယ်။

ZawGyi

ကစားသမားဘဝမွ ဒုတိယအႀကိမ္ေျမာက္အျဖစ္ အာဂ်န္ေရာ္ဘင္ အနားယူ

အာဂ်န္ေရာ္ဘင္ကေဘာလုံးကစားသမားဘဝမွအနားယူလိုက္ၿပီျဖစ္ေၾကာင္းထုတ္ျပန္ေၾကညာလာပါတယ္။ပေရာ္ဖက္ရွင္နယ္ေဘာလုံးေလာကတြင္၂၁ႏွစ္ၾကာက်င္လည္လာခဲ့တဲ့ေရာ္ဘင္ဟာ၂၀၂၀ခုႏွစ္တုန္းကလည္းကစားသမားဘဝမွအနားယူလိုက္ၿပီျဖစ္ေၾကာင္းေၾကညာခဲ့ပါတယ္။ဒါေပမယ့္သူဟာကစားသမားဘဝစတင္ရာဂ႐ိုနင္ဂ်င္သို႔ေျပာင္းကာတစ္ရာသီကစားခဲ့ပါတယ္။

သူဟာခ်ဲလ္ဆီး၊ရီးရဲလ္မက္ဒရစ္၊ဘိုင္ယန္ျမဴးနစ္တို႔အတြက္ပြဲေပါင္း၃၀၀ေက်ာ္ကစားခဲ့ကာကစားခဲ့တဲ့ႏိုင္ငံတိုင္းတြင္အမွတ္ေပးဖလားဆြတ္ခူးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

အသက္၃၇ႏွစ္ရွိေရာ္ဘင္ဟာၿပီးခဲ့တဲ့ရာသီတုန္းကဂ႐ိုနင္ဂ်င္သို႔ေျပာင္းခဲ့ေပမယ့္လည္း ဒဏ္ရာျပႆနာမ်ားႏွင့္နပန္းလုံးခဲ့ရကာ၇ပြဲတည္းသာကစားႏိုင္ခဲ့ၿပီး၇လအထိအနားယူခဲ့ရပါတယ္။

ေရာ္ဘင္ဟာနယ္သာလန္အသင္းအတြက္၉၆ပြဲကစားေပးခဲ့သူျဖစ္ၿပီးနယ္သာလန္သမိုင္းတြင္ ပြဲအမ်ားဆုံးကစားသူမ်ားစာရင္းထဲမွာအဆင့္၉ေနရာမွာရပ္တည္ေနပါတယ္။

သူဟာဂ႐ိုနင္ဂ်င္တြင္ကစားသမားဘဝစတင္ၿပီး၂၀၀၂ခုႏွစ္တြင္ပီအက္စ္ဗြီသို႔ေျပာင္းခဲ့ကာယင္းတြင္ႏွစ္ရာသီကစားခဲ့ရာမွာဒတ္ခ်္အဆင့္ျမင့္တန္းဖလား၁ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာ၂၀၀၄ခုႏွစ္တြင္ခ်ဲလ္ဆီးသို႔ေျပာင္းခဲ့ၿပီးပရီးမီးယားလိဂ္ဖလား၂ႀကိမ္ဆက္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။သူဟာခ်ဲလ္ဆီးမွာဒဏ္ရာျပႆနာမ်ားႏွင့္နပန္းလုံးခဲ့ရေပမယ့္လည္း၂၀၀၇ခုႏွစ္မွာရီးရဲလ္သို႔ေျပာင္းခဲ့ပါတယ္။

သူဟာရီးရဲလ္မက္ဒရစ္တြင္ကစားတဲ့ပထမဆုံးရာသီမွာလာလီဂါဖလားဆြတ္ခူးႏိုင္ခဲ့ေပမယ့္လည္း၂၀၀၉ခုႏွစ္မွာကာကာႏွင့္ေရာ္နယ္ဒိုေရာက္လာမႈနဲ႔အတူဘိုင္ယန္သို႔ေျပာင္းခဲ့ရပါတယ္။

သူဟာဘိုင္ယန္သို႔ေရာက္ခ်ိန္မွာေတာ့ကမာၻ႔အေကာင္းဆုံးေတာင္ပံသမားမ်ားထဲမွတစ္ဦးအျဖစ္အေျခခ်ႏိုင္ခဲ့ပါတယ္။သူဟာဘိုင္ယန္ႏွင့္အတူဘြန္ဒက္စ္လီဂါဖလား၈ႀကိမ္ႏွင့္ခ်န္ပီယံလိဂ္ဖလား၁ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာနယ္သာလန္အတြက္၃၇ဂိုးသြင္းေပးခဲ့ကာႏိုင္ငံတကာၿပိဳင္ပြဲ၆ႀကိမ္ကစားခဲ့ပါတယ္။