ကစားသမားဘဝမှ အနားယူပြီး နှစ်ပတ်အကြာတွင် PGA Tour တွင် ပထမဆုံးဝင်ပြိုင်လာမဲ့ ဂါရတ်ဘေးလ်

ဂါရတ်ဘေးလ်ကပရော်ဖက်ရှင်နယ်ကစားသမားဘဝမှအနားယူလိုက်ပြီးနောက် PGA Tour တွင်ဂေါက်သီးသမားဘဝပထမဆုံးခြေလှမ်းလှမ်းလာတော့မှာဖြစ်ကြောင်းအတည်ပြုလာပါတယ်။

အသက်၃၃နှစ်ရှိဂါရတ်ဘေးလ်ဟာဝေးလ်နှင့်အတူ၁၉၅၈ခုနှစ်နောက်ပိုင်းပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဝင်ကစားပြီးနောက်ယခုလအစောပိုင်းတုန်းကကစားသမားဘဝမှအနားယူကြောင်းကြေညာခဲ့သူလည်းဖြစ်ပါတယ်။

ဂါရတ်ဘေးလ်ဟာကစားသမားဘဝမှအနားယူပြီးနောက်ဂေါက်သီးလောကသို့ဝင်ရောက်လာတော့မဲ့သတင်းထွက်ခဲ့ပါတယ်။

ယခုအခါမှာတော့ဂါရတ်ဘေးလ်က လာမယ့်လPGA Tour တွင်ဝင်ရောက်ယှဉ်ပြိုင်လာတော့မှာဖြစ်ကြောင်းအတည်ပြုလာပါတယ်။

PGA Tour ကိုကယ်လီဖိုးနီးယားရှိPebble Beach တွင်ကျင်းပသွားမှာဖြစ်ပြီးဆုကြေးဒေါ်လာ၉သန်းအထိပေးမည်ဖြစ်ကာလေးရက်တိုင်ကျင်းပပါမယ်။

Pebble Beach Golf Links ၊Spyglass Hill Golf Course နှင့်Monterey Peninsula Country Club တို့တွင်ကျင်းပလာမဲ့ယင်းပြိုင်ပွဲတွင်ဂေါက်သီးသမား၁၅၆ဦးအထိဝင်ပြိုင်လာပါမယ်။

ယင်းပြိုင်ပွဲတွင်သရုပ်ဆောင်ဘေးလ်မာရေး၊ဂီတအနုပညာရှင်မက္ကလီမိုးလည်းပါဝင်လာပါမယ်။

ဂါရတ်ဘေးလ်ဟာဂေါက်သီးရိုက်ဝါသနာအိုးတစ်ဦးဖြစ်ပြီး မက်ဒရစ်ရှိသူ့နေအိမ်နှင့်ဝေးလ်ရှိသူ့နေအိမ်တို့တွင်ဂေါက်ကွင်းပါဝင်ပါတယ်။

ZawGyi

ကစားသမားဘဝမွ အနားယူၿပီး ႏွစ္ပတ္အၾကာတြင္ PGA Tour တြင္ ပထမဆုံးဝင္ၿပိဳင္လာမဲ့ ဂါရတ္ေဘးလ္

ဂါရတ္ေဘးလ္ကပေရာ္ဖက္ရွင္နယ္ကစားသမားဘဝမွအနားယူလိုက္ၿပီးေနာက္ PGA Tour တြင္ေဂါက္သီးသမားဘဝပထမဆုံးေျခလွမ္းလွမ္းလာေတာ့မွာျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။

အသက္၃၃ႏွစ္ရွိဂါရတ္ေဘးလ္ဟာေဝးလ္ႏွင့္အတူ၁၉၅၈ခုႏွစ္ေနာက္ပိုင္းပထမဆုံးကမာၻ႔ဖလားၿပိဳင္ပြဲဝင္ကစားၿပီးေနာက္ယခုလအေစာပိုင္းတုန္းကကစားသမားဘဝမွအနားယူေၾကာင္းေၾကညာခဲ့သူလည္းျဖစ္ပါတယ္။

ဂါရတ္ေဘးလ္ဟာကစားသမားဘဝမွအနားယူၿပီးေနာက္ေဂါက္သီးေလာကသို႔ဝင္ေရာက္လာေတာ့မဲ့သတင္းထြက္ခဲ့ပါတယ္။

ယခုအခါမွာေတာ့ဂါရတ္ေဘးလ္က လာမယ့္လPGA Tour တြင္ဝင္ေရာက္ယွဥ္ၿပိဳင္လာေတာ့မွာျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။

PGA Tour ကိုကယ္လီဖိုးနီးယားရွိPebble Beach တြင္က်င္းပသြားမွာျဖစ္ၿပီးဆုေၾကးေဒၚလာ၉သန္းအထိေပးမည္ျဖစ္ကာေလးရက္တိုင္က်င္းပပါမယ္။

Pebble Beach Golf Links ၊Spyglass Hill Golf Course ႏွင့္Monterey Peninsula Country Club တို႔တြင္က်င္းပလာမဲ့ယင္းၿပိဳင္ပြဲတြင္ေဂါက္သီးသမား၁၅၆ဦးအထိဝင္ၿပိဳင္လာပါမယ္။

ယင္းၿပိဳင္ပြဲတြင္သ႐ုပ္ေဆာင္ေဘးလ္မာေရး၊ဂီတအႏုပညာရွင္မကၠလီမိုးလည္းပါဝင္လာပါမယ္။

ဂါရတ္ေဘးလ္ဟာေဂါက္သီး႐ိုက္ဝါသနာအိုးတစ္ဦးျဖစ္ၿပီး မက္ဒရစ္ရွိသူ႔ေနအိမ္ႏွင့္ေဝးလ္ရွိသူ႔ေနအိမ္တို႔တြင္ေဂါက္ကြင္းပါဝင္ပါတယ္။