ကစားသမားဘဝမှ အနားယူပြီးပေမဲ့ ၄ ပွဲပယ်ခံခဲ့ရတဲ့ ဂါရတ်ပီကေး

ဂါရတ်ပီကေးဟာကစားသမားဘဝမှအနားယူထားပြီးဖြစ်ပေမဲ့လည်း၄ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။

ဘာစီလိုနာဂန္ထဝင်နောက်ခံလူဟာပြီးခဲ့တဲ့အပတ်တုန်းကဘာစီလိုနာအတွက်နောက်ဆုံးကစားတဲ့ပွဲစဉ်တွင်အနီကတ်ပြသခြင်းခံခဲ့ရပါတယ်။

အသက်၃၅နှစ်ရှိပီကေးဟာအိုဆာဆူနာနှင့်ပွဲတွင်အရန်ခုံမှာထိုင်နေခဲ့ရပေမဲ့လည်းပထမပိုင်းအပြီးတွင်ဥမင်လှိုဏ်ခေါင်းအတွင်းမှာဒိုင်လူကြီးဂျေဆူးဂေးလ်မန်ဇာနိုကိုစောဒကတက်မှုပြုလုပ်ခဲ့ပါတယ်။

ယူနိုက်တက်နောက်ခံလူဟောင်းဟာရောဘတ်လီဝန်ဒေါစကီးကိုအနီကတ်ပြထုတ်ပယ်မှု၊အခြားဘက်လိုက်ဆုံးဖြတ်မှုများအတွက် ဒိုင်လူကြီးကိုဆဲဆိုပြောဆိုမှုပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့်လည်းဒိုင်လူကြီးမန်ဇာနိုဟာချက်ချင်းပင်ဥမင်လှိုဏ်ခေါင်းအတွင်းမှာပီကေးကိုအနီကတ်ပြသခဲ့ပါတယ်။

ယခုအခါမှာတော့ စပိန်ဘောလုံးအဖွဲ့ချုပ်ဟာအထက်ပါအဖြစ်အပျက်ကိုစစ်ဆေးမှုပြုလုပ်ပြီးနောက် ပီကေးကို၄ ပွဲပယ်ပြစ်ဒဏ်ချမှတ်ရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

ဒါပေမဲ့ပီကေးဟာ ကစားသမားဘဝမှအနားယူထားပြီးဖြစ်တာကြောင့်ယင်းပြစ်ဒဏ်ကိုကျခံရတော့မှာမဟုတ်ပါဘူး။

သို့ရာတွင်အိုဆာဆူနာနှင့်ပွဲတွင်အနီကတ်ပြထုတ်ပယ်ခံခဲ့ရတဲ့ရောဘတ်လီဝန်ဒေါ့စကီးမှာသုံးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရမှုကဘာစီလိုနာနည်းပြဇာဗီးအတွက်ထိုးနှက်ချက်တစ်ခုဖြစ်လာပါမယ်။

လီဝန်ဒေါ့စကီးဟာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်ကစားရမယ့် မြို့ခံပြိုင်ဘက်အက်စ်ပန်ညို၊အက်သလက်တီကိုမက်ဒရစ်၊ဂီတာဖေးတို့နှင့်ပွဲမှာပါဝင်ကစားနိုင်မှာမဟုတ်ပါဘူး။

ZawGyi

ကစားသမားဘဝမွ အနားယူၿပီးေပမဲ့ ၄ ပြဲပယ္ခံခဲ့ရတဲ့ ဂါရတ္ပီေကး

ဂါရတ္ပီေကးဟာကစားသမားဘဝမွအနားယူထားၿပီးျဖစ္ေပမဲ့လည္း၄ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရပါတယ္။

ဘာစီလိုနာဂႏၴဝင္ေနာက္ခံလူဟာၿပီးခဲ့တဲ့အပတ္တုန္းကဘာစီလိုနာအတြက္ေနာက္ဆုံးကစားတဲ့ပြဲစဥ္တြင္အနီကတ္ျပသျခင္းခံခဲ့ရပါတယ္။

အသက္၃၅ႏွစ္ရွိပီေကးဟာအိုဆာဆူနာႏွင့္ပြဲတြင္အရန္ခုံမွာထိုင္ေနခဲ့ရေပမဲ့လည္းပထမပိုင္းအၿပီးတြင္ဥမင္လႈိဏ္ေခါင္းအတြင္းမွာဒိုင္လူႀကီးေဂ်ဆူးေဂးလ္မန္ဇာႏိုကိုေစာဒကတက္မႈျပဳလုပ္ခဲ့ပါတယ္။

ယူႏိုက္တက္ေနာက္ခံလူေဟာင္းဟာေရာဘတ္လီဝန္ေဒါစကီးကိုအနီကတ္ျပထုတ္ပယ္မႈ၊အျခားဘက္လိုက္ဆုံးျဖတ္မႈမ်ားအတြက္ ဒိုင္လူႀကီးကိုဆဲဆိုေျပာဆိုမႈျပဳလုပ္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းဒိုင္လူႀကီးမန္ဇာႏိုဟာခ်က္ခ်င္းပင္ဥမင္လႈိဏ္ေခါင္းအတြင္းမွာပီေကးကိုအနီကတ္ျပသခဲ့ပါတယ္။

ယခုအခါမွာေတာ့ စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာအထက္ပါအျဖစ္အပ်က္ကိုစစ္ေဆးမႈျပဳလုပ္ၿပီးေနာက္ ပီေကးကို၄ ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။

ဒါေပမဲ့ပီေကးဟာ ကစားသမားဘဝမွအနားယူထားၿပီးျဖစ္တာေၾကာင့္ယင္းျပစ္ဒဏ္ကိုက်ခံရေတာ့မွာမဟုတ္ပါဘူး။

သို႔ရာတြင္အိုဆာဆူနာႏွင့္ပြဲတြင္အနီကတ္ျပထုတ္ပယ္ခံခဲ့ရတဲ့ေရာဘတ္လီဝန္ေဒါ့စကီးမွာသုံးပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံရမႈကဘာစီလိုနာနည္းျပဇာဗီးအတြက္ထိုးႏွက္ခ်က္တစ္ခုျဖစ္လာပါမယ္။

လီဝန္ေဒါ့စကီးဟာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္ကစားရမယ့္ ၿမိဳ႕ခံၿပိဳင္ဘက္အက္စ္ပန္ညိဳ၊အက္သလက္တီကိုမက္ဒရစ္၊ဂီတာေဖးတို႔ႏွင့္ပြဲမွာပါဝင္ကစားႏိုင္မွာမဟုတ္ပါဘူး။