
ဝေးလ်နည်းပြရောဘတ်ပေ့ချ်ကဂန္ထဝင်အသင်းခေါင်းဆောင်ဂါရတ်ဘေးလ်မှာလက်ရွေးစင်အသင်းသို့နည်းပြအဖွဲ့ဝင်အဖြစ်ပြန်လည်လာရောက်တာဝန်ထမ်းဆောင်ဖို့ရှိနေကြောင်းပြောကြားလာပါတယ်။
အသက်၃၃နှစ်ရှိဂါရတ်ဘေးလ်ဟာယခုနှစ်အစောပိုင်းတုန်းကကစားသမားဘဝမှအနားယူခဲ့သူလည်းဖြစ်ပါတယ်။
ဝေးလ်သမိုင်းတွင်ပွဲအများဆုံးကစားထားသူအဖြစ်လည်းကောင်း၊ဂိုးအများဆုံးသွင်းယူထားသူအဖြစ်လည်းကောင်းသမိုင်းမော်ကွန်းထိုးထားတဲ့ဂါရတ်ဘေးလ်ဟာကစားသမားဘဝမှအနားယူပြီးနောက်ဖေဖော်ဝါရီလတုန်းက PGA Tour ဂေါက်ရိုက်ပြိုင်ပွဲတွင်စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ဒါပေမဲ့သူဟာဘောလုံးလောကကိုစိတ်ကုန်ခြင်းမရှိသေးပါဘူး။
ယခုအခါဝေးလ်နည်းပြပေ့ခ်ကမကြာမီကာလအတွင်းတွင်ဘေးလ်နှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာအသင်းတွင်မည်သည့်တာဝန်ဖြင့်ထမ်းဆောင်မလဲဆိုတာနဲ့ပတ်သက်ပြီးစကားပြောသွားမည်ဖြစ်ကြောင်းအတည်ပြုလာပါတယ်၊
ရောဘတ်ပေ့ချ်က “သူကဝေးလ်အသင်းနဲ့ဆက်ပြီးတော့အလုပ်လုပ်ချင်တုန်းပါ။ကျွန်တော်ကလည်းဝေးလ်နည်းပြအဖြစ်ရှိနေသမျှကာလပတ်လုံးဘေးလ်ကိုရှိစေချင်ပါတယ်။သူ့ကိုတန်ဖိုးထားပါတယ်။သူလုပ်နိုင်တာကိုသိပါတယ်”လို့ပြောကြားသွားပါတယ်။
ZawGyi
ကစားသမားဘဝမွ အနားယူၿပီးေနာက္ ေဘာလုံးေလာကသို႔ ျပန္ဝင္ဖို႔ လုပ္ေနတဲ့ ဂါရတ္ေဘးလ္
ေဝးလ္နည္းျပေရာဘတ္ေပ့ခ်္ကဂႏၴဝင္အသင္းေခါင္းေဆာင္ဂါရတ္ေဘးလ္မွာလက္ေ႐ြးစင္အသင္းသို႔နည္းျပအဖြဲ႕ဝင္အျဖစ္ျပန္လည္လာေရာက္တာဝန္ထမ္းေဆာင္ဖို႔ရွိေနေၾကာင္းေျပာၾကားလာပါတယ္။
အသက္၃၃ႏွစ္ရွိဂါရတ္ေဘးလ္ဟာယခုႏွစ္အေစာပိုင္းတုန္းကကစားသမားဘဝမွအနားယူခဲ့သူလည္းျဖစ္ပါတယ္။
ေဝးလ္သမိုင္းတြင္ပြဲအမ်ားဆုံးကစားထားသူအျဖစ္လည္းေကာင္း၊ဂိုးအမ်ားဆုံးသြင္းယူထားသူအျဖစ္လည္းေကာင္းသမိုင္းေမာ္ကြန္းထိုးထားတဲ့ဂါရတ္ေဘးလ္ဟာကစားသမားဘဝမွအနားယူၿပီးေနာက္ေဖေဖာ္ဝါရီလတုန္းက PGA Tour ေဂါက္႐ိုက္ၿပိဳင္ပြဲတြင္စတင္ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ပါတယ္။
ဒါေပမဲ့သူဟာေဘာလုံးေလာကကိုစိတ္ကုန္ျခင္းမရွိေသးပါဘူး။
ယခုအခါေဝးလ္နည္းျပေပ့ခ္ကမၾကာမီကာလအတြင္းတြင္ေဘးလ္ႏွင့္ေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္ကာအသင္းတြင္မည္သည့္တာဝန္ျဖင့္ထမ္းေဆာင္မလဲဆိုတာနဲ႔ပတ္သက္ၿပီးစကားေျပာသြားမည္ျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္၊
ေရာဘတ္ေပ့ခ်္က “သူကေဝးလ္အသင္းနဲ႔ဆက္ၿပီးေတာ့အလုပ္လုပ္ခ်င္တုန္းပါ။ကြၽန္ေတာ္ကလည္းေဝးလ္နည္းျပအျဖစ္ရွိေနသမွ်ကာလပတ္လုံးေဘးလ္ကိုရွိေစခ်င္ပါတယ္။သူ႔ကိုတန္ဖိုးထားပါတယ္။သူလုပ္ႏိုင္တာကိုသိပါတယ္”လို႔ေျပာၾကားသြားပါတယ္။