ကစားသမားဘဝမှ အနားယူရပြီးနောက် ပထမဆုံးပြန်ကစားတဲ့ပွဲတွင် ဂိုးသွင်းပြီး မက်ဆီကဲ့သို့ အောင်ပွဲခံခဲ့တဲ့ အဂွဲရိုး

ဆာဂျီယိုအဂွဲရိုးဟာကစားသမားဘဝမှအနားယူပြီးနောက်ပထမဆုံးပြန်ကစားတဲ့ပွဲစဉ်တွင်ဂိုးသွင်းယူနိုင်ခဲ့ပြီးအချစ်ဆုံးသူငယ်ချင်းလီယွန်နယ်မက်ဆီကဲ့သို့ ဂိုးသွင်းအောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

အသက်၃၄နှစ်ရှိဆာဂျီယိုအဂွဲရိုးဟာ၂၀၂၁ခုနှစ်၊ဒီဇင်ဘာလတုန်းကနှလုံးရောဂါပြဿနာကြောင့်ကစားသမားဘဝမှအနားယူခဲ့ရသူဖြစ်ပါတယ်။

ယခုအခါသူဟာဂါရတ်ပီကေတည်ထောင်လိုက်တဲ့Kings League တွင်KuniSportsအသင်းတည်ထောင်ကာပြန်လည်ကစားနေပါတယ်။

ယင်းKings League မှာတစ်ဖက်၇ဦးစီကစားရတဲ့ပွဲဖြစ်ပြီးကစားသမားဟောင်းများ၊ Influencers များကစားနေကြပါတယ်။

အဂွဲရိုးဟာPorcinos FCကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်တဲ့ပွဲမှာလှပတဲ့ဂိုးတစ်ဂိုးသွင်းယူပြပြီးယခင်တုန်းကခြေစွမ်းမျိုးပိုင်ဆိုင်ထားဆဲဖြစ်ကြောင်းသက်သေပြလာပါတယ်။

မန်စီးတီးဂန္ထဝင်တိုက်စစ်မှူးဟာအဝေးဘောလုံးကိုရရှိပြီးနောက်ဘယ်ခြေဖြင့်အပြင်းကန်သွင်းခဲ့တာလည်းဖြစ်ပါတယ်။

ပြီးလျှင်အဂွဲရိုးဟာသူ့ရဲ့အချစ်ဆုံးသူငယ်ချင်းမက်ဆီကဲ့သို့နားနှစ်ဖက်တွင်လက်စွင့်ကားဖြင့်အောင်ပွဲခံခဲ့ပါတယ်။

မက်ဆီဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကဒတ်ချ်နည်းပြလူးဝစ်ဗန်ဂါးလ်ကိုရည်ရွယ်ကာအောင်ပွဲခံခဲ့တာလည်းဖြစ်ပါတယ်။မက်ဆီဟာဗန်ဂါးလ်ရဲ့အာဂျင်တီးနားစတားရီကွဲလ်မီးအပေါ်ဆက်ဆံခဲ့မှုများအပေါ်အခဲမကျေဖြစ်ကာယင်းသို့အောင်ပွဲခံခဲ့တာလည်းဖြစ်ပါတယ်။

မက်ဆီနှင့်အဂွဲရိုးတို့ဟာအချစ်ဆုံးသူငယ်ချင်းများဖြစ်ကြပြီးနိုင်ငံတကာပွဲကစားတိုင်းတစ်ခန်းတည်းအတူတူနေခဲ့ကြသူများလည်းဖြစ်ပါတယ်။မက်ဆီဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲသို့ရောက်လာတုန်းကအဂွဲရိုးမရှိတော့မှုနဲ့အတူတစ်ဦးတည်းတစ်ခန်းနေပါတယ်။ဒါပေမဲ့အဂွဲရိုးဟာကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်မီအာဂျင်တီးနားအသင်းနှင့်ပူးပေါင်းကာမက်ဆီနှင့်တစ်ခန်းတည်းအတူနေတဲ့အပြင်ကမ္ဘာ့ဖလားအောင်ပွဲခံမှုလည်းပြုလုပ်ခဲ့ပါတယ်။

ZawGyi

ကစားသမားဘဝမွ အနားယူရၿပီးေနာက္ ပထမဆုံးျပန္ကစားတဲ့ပြဲတြင္ ဂိုးသြင္းၿပီး မက္ဆီကဲ့သို႔ ေအာင္ပြဲခံခဲ့တဲ့ အဂြဲ႐ိုး

ဆာဂ်ီယိုအဂြဲ႐ိုးဟာကစားသမားဘဝမွအနားယူၿပီးေနာက္ပထမဆုံးျပန္ကစားတဲ့ပြဲစဥ္တြင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးအခ်စ္ဆုံးသူငယ္ခ်င္းလီယြန္နယ္မက္ဆီကဲ့သို႔ ဂိုးသြင္းေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။

အသက္၃၄ႏွစ္ရွိဆာဂ်ီယိုအဂြဲ႐ိုးဟာ၂၀၂၁ခုႏွစ္၊ဒီဇင္ဘာလတုန္းကႏွလုံးေရာဂါျပႆနာေၾကာင့္ကစားသမားဘဝမွအနားယူခဲ့ရသူျဖစ္ပါတယ္။

ယခုအခါသူဟာဂါရတ္ပီေကတည္ေထာင္လိုက္တဲ့Kings League တြင္KuniSportsအသင္းတည္ေထာင္ကာျပန္လည္ကစားေနပါတယ္။

ယင္းKings League မွာတစ္ဖက္၇ဦးစီကစားရတဲ့ပြဲျဖစ္ၿပီးကစားသမားေဟာင္းမ်ား၊ Influencers မ်ားကစားေနၾကပါတယ္။

အဂြဲ႐ိုးဟာPorcinos FCကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္ရႈံးနိမ့္တဲ့ပြဲမွာလွပတဲ့ဂိုးတစ္ဂိုးသြင္းယူျပၿပီးယခင္တုန္းကေျခစြမ္းမ်ိဳးပိုင္ဆိုင္ထားဆဲျဖစ္ေၾကာင္းသက္ေသျပလာပါတယ္။

မန္စီးတီးဂႏၴဝင္တိုက္စစ္မႉးဟာအေဝးေဘာလုံးကိုရရွိၿပီးေနာက္ဘယ္ေျချဖင့္အျပင္းကန္သြင္းခဲ့တာလည္းျဖစ္ပါတယ္။

ၿပီးလွ်င္အဂြဲ႐ိုးဟာသူ႔ရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းမက္ဆီကဲ့သို႔နားႏွစ္ဖက္တြင္လက္စြင့္ကားျဖင့္ေအာင္ပြဲခံခဲ့ပါတယ္။

မက္ဆီဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကဒတ္ခ်္နည္းျပလူးဝစ္ဗန္ဂါးလ္ကိုရည္႐ြယ္ကာေအာင္ပြဲခံခဲ့တာလည္းျဖစ္ပါတယ္။မက္ဆီဟာဗန္ဂါးလ္ရဲ႕အာဂ်င္တီးနားစတားရီကြဲလ္မီးအေပၚဆက္ဆံခဲ့မႈမ်ားအေပၚအခဲမေက်ျဖစ္ကာယင္းသို႔ေအာင္ပြဲခံခဲ့တာလည္းျဖစ္ပါတယ္။

မက္ဆီႏွင့္အဂြဲ႐ိုးတို႔ဟာအခ်စ္ဆုံးသူငယ္ခ်င္းမ်ားျဖစ္ၾကၿပီးႏိုင္ငံတကာပြဲကစားတိုင္းတစ္ခန္းတည္းအတူတူေနခဲ့ၾကသူမ်ားလည္းျဖစ္ပါတယ္။မက္ဆီဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲသို႔ေရာက္လာတုန္းကအဂြဲ႐ိုးမရွိေတာ့မႈနဲ႔အတူတစ္ဦးတည္းတစ္ခန္းေနပါတယ္။ဒါေပမဲ့အဂြဲ႐ိုးဟာကမာၻ႔ဖလားဗိုလ္လုပြဲမတိုင္မီအာဂ်င္တီးနားအသင္းႏွင့္ပူးေပါင္းကာမက္ဆီႏွင့္တစ္ခန္းတည္းအတူေနတဲ့အျပင္ကမာၻ႔ဖလားေအာင္ပြဲခံမႈလည္းျပဳလုပ္ခဲ့ပါတယ္။