
အင်္ဂလန်တောင်ပံကစားသမားအေရွန်လင်နွန်ဟာအသက်၃၅နှစ်အရွယ်တွင်ကစားသမားဘဝမှအနားယူလာပါတယ်။
လင်နွန်ဟာလိဒ်ယူနိုက်တက်တွင်ကစားသမားဘဝစတင်ခဲ့သူဖြစ်ပြီးစပါးစ်တွင်ဆယ်နှစ်ကြာကစားပြီးနောက်အဲဗာတန်၊ဘန်လေ၊တူရကီကလပ်ကေဆီရီစပေါ်တို့တွင်ကစားခဲ့ပါတယ်။
သူဟာအင်္ဂလန်အသင်းအတွက်၂၆ပွဲကစားခဲ့ကာ၂၀၀၆နှင့်၂၀၁၀ကမ္ဘာ့ဖလားပြိုင်ပွဲတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
လင်နွန်က “ကစားသမားဘဝကအနားယူဖို့သင့်တဲ့အချိန်ဖြစ်လို့အနားယူဖို့ဆုံးဖြတ်လိုက်ပါပြီ။ကျွန်တော့်အတွက်ရောနုပျိုတဲ့မိသားစုအတွက်ပါဆက်မကစားဖို့မသင့်တော်တော့ဘူးလို့ထင်ပါတယ်။အသက်သုံးနှစ်ကတည်းကကစားလာခဲ့တော့ဘောလုံးကဘဝဆိုတော့အရမ်းကိုခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတာပါ။ပြီးခဲ့တဲ့နှစ်၂၀လုံးလုံးထိပ်တန်းအဆင့်ပရော်ဖက်ရှင်နယ်မှာကစားခဲ့ရတာကတော့အံ့ဩစရာပါ”လို့ပြောကြားသွားပါတယ်။
ZawGyi
ကစားသမားဘဝမွ အနားယူလာတဲ့ အဂၤလန္ႏွင့္စပါးစ္ေတာင္ပံကစားသမားေအ႐ြန္လင္ႏြန္
အဂၤလန္ေတာင္ပံကစားသမားေအ႐ြန္လင္ႏြန္ဟာအသက္၃၅ႏွစ္အ႐ြယ္တြင္ကစားသမားဘဝမွအနားယူလာပါတယ္။
လင္ႏြန္ဟာလိဒ္ယူႏိုက္တက္တြင္ကစားသမားဘဝစတင္ခဲ့သူျဖစ္ၿပီးစပါးစ္တြင္ဆယ္ႏွစ္ၾကာကစားၿပီးေနာက္အဲဗာတန္၊ဘန္ေလ၊တူရကီကလပ္ေကဆီရီစေပၚတို႔တြင္ကစားခဲ့ပါတယ္။
သူဟာအဂၤလန္အသင္းအတြက္၂၆ပြဲကစားခဲ့ကာ၂၀၀၆ႏွင့္၂၀၁၀ကမာၻ႔ဖလားၿပိဳင္ပြဲတို႔ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ပါတယ္။
လင္ႏြန္က “ကစားသမားဘဝကအနားယူဖို႔သင့္တဲ့အခ်ိန္ျဖစ္လို႔အနားယူဖို႔ဆုံးျဖတ္လိုက္ပါၿပီ။ကြၽန္ေတာ့္အတြက္ေရာႏုပ်ိဳတဲ့မိသားစုအတြက္ပါဆက္မကစားဖို႔မသင့္ေတာ္ေတာ့ဘူးလို႔ထင္ပါတယ္။အသက္သုံးႏွစ္ကတည္းကကစားလာခဲ့ေတာ့ေဘာလုံးကဘဝဆိုေတာ့အရမ္းကိုခက္ခက္ခဲခဲဆုံးျဖတ္ခဲ့ရတာပါ။ၿပီးခဲ့တဲ့ႏွစ္၂၀လုံးလုံးထိပ္တန္းအဆင့္ပေရာ္ဖက္ရွင္နယ္မွာကစားခဲ့ရတာကေတာ့အံ့ဩစရာပါ”လို႔ေျပာၾကားသြားပါတယ္။