ကစားသမားဘဝမှ အနားယူဦးမည်မဟုတ်ကြောင်း ဘူဖွန်ပြောကြား

ဂီယန်လူဂီဘူဖွန်ကအသက်၄၃နှစ်အရွယ်သို့ရောက်နေပြီဖြစ်သော်လည်းစိန်ခေါ်မှုအသစ်များရင်ဆိုင်ရန်အတွက်ကစားသမားဘဝမှအနားယူဦးမည်မဟုတ်ကြောင်းပြောကြားသွားခဲ့ပါတယ်။

ဘူဖွန်ဟာမကြာသေးမီတုန်းကဂျူဗင်တပ်နှင့်အတူကိုပါအီတာလီယာဖလားဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။သူဟာစာချုပ်သက်တမ်းကုန်ဆုံးမယ့်ယခုရာသီအကုန်တွင်ဂျူဗင်တပ်မှထွက်ခွာမယ့်သူလည်းဖြစ်ပါတယ်။

သူဟာဂျူဗင်တပ်မှအလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာနိုင်မှုနဲ့အတူသူ့ကိုခေါ်ယူရန်ကလပ်များစွာတို့ကစိတ်ဝင်စားနေကြပါတယ်။

ဘူဖွန်က “ဒီလိုအဆုံးသတ်ရတာဂုဏ်ယူသလိုပျော်လည်းပျော်ပါတယ်။ဗိုလ်လုပွဲမှာအနိုင်ယူပြီးကစားဖော်တွေ၊ပရိသတ်တွေနဲ့အောင်မြင်မှုဝေမျှရတာအချိုပေါ်သကာလောင်းပါပဲ။ပရိသတ်တွေ၊ဂျူဗင်တပ်ကလူတွေ၊ကစားဖော်တွေ၊ဒါရိုက်တာတွေဟာကျွန်တော့်ဘဝရဲ့အစိတ်အပိုင်းအဖြစ်အမြဲရှိနေပါမယ်။ကျွန်တော့်ကိုဂျူဗင်တပ်ကမ္ဘာတစ်ခုလုံးကချစ်ခြင်းမေတ္တာတွေပေးခဲ့တယ်လို့ခံစားရပါတယ်။အားလုံးကအဆုံးသတ်ရမှာပါ။အခုကျွန်တော့်အသက်က၄၃နှစ်ပါ။အခုလိုအသက်အရွယ်မျိုးမှာလူတွေသိပ်မလုပ်တာ၊ထူးဆန်းတာ၊ဒါမှမဟုတ်ကြောင်တောင်တောင်နိုင်တာကိုရွေးချယ်ရလေ့ရှိပါတယ်။ဒါပေမယ့်ကျွန်တော်ကအသက်၄၃နှစ်ရှိနေပြီဆိုပေမယ့်ဘဝမှာကြုဲခဲ့တာတွေကြောင့်ကန့်သတ်ချက်တွေမရှိသလိုအိပ်မက်လည်းမဆုံးပါဘူး။ကျွန်တော့်အနေနဲ့ကိုယ့်ကိုယ်စိန်ခေါ်ပြီးခရီးထွက်ရပါမယ်။ပြီးမှခန္ဓာကိုယ်၊စွမ်းအင်နဲ့အနစ်သာရတွေဘယ်လိုရှိနေမလဲကြည့်ရပါမယ်။အနာဂတ်မှာဘာဖြစ်လာမလဲဆိုတာမသိသေးဘူးလို့ပြောထားပြီးသားပါ။ကျွန်တော်ချစ်တဲ့မိသားစုနဲ့အတူနေထိုင်ပြီးပျော်နေတဲ့လူတစ်ဦးအနေနဲ့လည်းအနားယူသွားနိုင်ပါတယ်။ဒါပေမယ့်ကျွန်တော့်ထက်ရူးကြောင်ကြောင်နိုင်တဲ့သူတစ်ယောက်ကကျွန်တော့်ကိုဆက်သွယ်ပြီးစိတ်ကူးနဲ့ပုံဖော်ဖို့ခက်ခဲတဲ့ထူးဆန်းတာလုပ်ဖို့ပြောလာရင်ဆက်ပြီးတော့ချီတက်သွားနိုင်ပါသေးတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ကစားသမားဘဝမွ အနားယူဦးမည္မဟုတ္ေၾကာင္း ဘူဖြန္ေျပာၾကား

ဂီယန္လူဂီဘူဖြန္ကအသက္၄၃ႏွစ္အ႐ြယ္သို႔ေရာက္ေနၿပီျဖစ္ေသာ္လည္းစိန္ေခၚမႈအသစ္မ်ားရင္ဆိုင္ရန္အတြက္ကစားသမားဘဝမွအနားယူဦးမည္မဟုတ္ေၾကာင္းေျပာၾကားသြားခဲ့ပါတယ္။

ဘူဖြန္ဟာမၾကာေသးမီတုန္းကဂ်ဴဗင္တပ္ႏွင့္အတူကိုပါအီတာလီယာဖလားဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။သူဟာစာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ယခုရာသီအကုန္တြင္ဂ်ဴဗင္တပ္မွထြက္ခြာမယ့္သူလည္းျဖစ္ပါတယ္။

သူဟာဂ်ဴဗင္တပ္မွအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာႏိုင္မႈနဲ႔အတူသူ႔ကိုေခၚယူရန္ကလပ္မ်ားစြာတို႔ကစိတ္ဝင္စားေနၾကပါတယ္။

ဘူဖြန္က “ဒီလိုအဆုံးသတ္ရတာဂုဏ္ယူသလိုေပ်ာ္လည္းေပ်ာ္ပါတယ္။ဗိုလ္လုပြဲမွာအႏိုင္ယူၿပီးကစားေဖာ္ေတြ၊ပရိသတ္ေတြနဲ႔ေအာင္ျမင္မႈေဝမွ်ရတာအခ်ိဳေပၚသကာေလာင္းပါပဲ။ပရိသတ္ေတြ၊ဂ်ဴဗင္တပ္ကလူေတြ၊ကစားေဖာ္ေတြ၊ဒါ႐ိုက္တာေတြဟာကြၽန္ေတာ့္ဘဝရဲ႕အစိတ္အပိုင္းအျဖစ္အၿမဲရွိေနပါမယ္။ကြၽန္ေတာ့္ကိုဂ်ဴဗင္တပ္ကမာၻတစ္ခုလုံးကခ်စ္ျခင္းေမတၱာေတြေပးခဲ့တယ္လို႔ခံစားရပါတယ္။အားလုံးကအဆုံးသတ္ရမွာပါ။အခုကြၽန္ေတာ့္အသက္က၄၃ႏွစ္ပါ။အခုလိုအသက္အ႐ြယ္မ်ိဳးမွာလူေတြသိပ္မလုပ္တာ၊ထူးဆန္းတာ၊ဒါမွမဟုတ္ေၾကာင္ေတာင္ေတာင္ႏိုင္တာကိုေ႐ြးခ်ယ္ရေလ့ရွိပါတယ္။ဒါေပမယ့္ကြၽန္ေတာ္ကအသက္၄၃ႏွစ္ရွိေနၿပီဆိုေပမယ့္ဘဝမွာႀကဳဲခဲ့တာေတြေၾကာင့္ကန႔္သတ္ခ်က္ေတြမရွိသလိုအိပ္မက္လည္းမဆုံးပါဘူး။ကြၽန္ေတာ့္အေနနဲ႔ကိုယ့္ကိုယ္စိန္ေခၚၿပီးခရီးထြက္ရပါမယ္။ၿပီးမွခႏၶာကိုယ္၊စြမ္းအင္နဲ႔အနစ္သာရေတြဘယ္လိုရွိေနမလဲၾကည့္ရပါမယ္။အနာဂတ္မွာဘာျဖစ္လာမလဲဆိုတာမသိေသးဘူးလို႔ေျပာထားၿပီးသားပါ။ကြၽန္ေတာ္ခ်စ္တဲ့မိသားစုနဲ႔အတူေနထိုင္ၿပီးေပ်ာ္ေနတဲ့လူတစ္ဦးအေနနဲ႔လည္းအနားယူသြားႏိုင္ပါတယ္။ဒါေပမယ့္ကြၽန္ေတာ့္ထက္႐ူးေၾကာင္ေၾကာင္ႏိုင္တဲ့သူတစ္ေယာက္ကကြၽန္ေတာ့္ကိုဆက္သြယ္ၿပီးစိတ္ကူးနဲ႔ပုံေဖာ္ဖို႔ခက္ခဲတဲ့ထူးဆန္းတာလုပ္ဖို႔ေျပာလာရင္ဆက္ၿပီးေတာ့ခ်ီတက္သြားႏိုင္ပါေသးတယ္”လို႔ေျပာၾကားသြားပါတယ္။