
ဂျက်စီလင်ဂတ်ကကစားသမားဘဝအမှောင်ကျတဲ့နေ့ရက်များတုန်းကအရက်သောက်ခဲ့ကြောင်းဝန်ခံလာပါတယ်။
လင်ဂတ်ဟာ၂၀၁၉-၂၀ရာသီတုန်းကအကောင်းဆုံးပုံစံပျောက်ဆုံးမှုကြောင့်ယူနိုက်တက်ပရိသတ်များရဲ့တိုက်ခိုက်မှုကြုံရပြီးဖိအားများကြားကျရောက်ခဲ့ပါတယ်။
လင်ဂတ်ဟာမိခင်ဖြစ်သူမှာစိတ်ကျဝေဒနာခံစားနေရမှုနှင့်အတူမိသားစုကိုလည်းကြည့်ရှုစောင့်ရှောက်ခဲ့ရပါတယ်။
နော်တင်ဟမ်ဖောရက်စ်တွင်ကစားနေတဲ့အသက်၃၀နှစ်ရှိလင်ဂတ်က “အိပ်ယာမဝင်ခင်သောက်တယ်။ Nightcap တစ်ခွက်ချတယ်။အခုပြန်တွေးကြည့်လိုက်ရင်ဘာလို့အဲဒီလိုလုပ်ပါလိမ့်လို့တွေးမိတယ်။ဒါပေမဲ့အဲဒီတုန်းကနာကျင်မှုတွေပျောက်သွားဖို့တစ်ခုခုလိုနေခဲ့တယ်။ဖြစ်ပျက်နေတာကိုမေ့ပစ်ချင်တယ်။ဒါပေမဲ့အဲဒီလိုလုပ်တာကဆယ်ဆလောက်ပိုဆိုးသွားစေတယ်။ဆဲတာတွေခံရတယ်။အဲဒီတုန်းကအကျပိုင်းရောက်နေပြီးသား။ရုန်းထဖို့ကြိုးစားနေတာ”လို့ပြောကြားသွားပါတယ်။
လင်ဂတ်ဟာမိခင်ဖြစ်သူကာစတီမှာစိတ်ကျဝေဒနာခံစားရမှုကြောင့်ဆေးကုသမှုခံယူနေချိန်တွင်ညီဖြစ်သူဂျက်စပါနှင့်ညီမဖြစ်သူဒေစီဘိုးတို့ကိုစောင့်ရှောက်ခဲ့ရပါတယ်။
ဒါ့အအပြင်ဂျက်စီလင်ဂတ်ကအသင်းဟောင်းမန်ချက်စတာယူနိုက်တက်ရဲ့လေ့ကျင့်ရေးပစ္စည်းနှင့်အပြင်အဆင်များမှာပြိုင်ဘက်များထက်များစွာနိမ့်ကျနေကြောင်းဝေဖန်သွားခဲ့ပါသေးတယ်။
သူဟာယူနိုက်တက်တွင်၁၁နှစ်ကြာကစားပြီးနောက်နွေရာသီတုန်းကနော်တင်ဟမ်ဖောရက်စ်သို့ပြောင်းခဲ့ပါတယ်။
ZawGyi
ကစားသမားဘဝအေမွာင္က်တဲ့ေန႔ရက္မ်ားတုန္းက အရက္ေသာက္ခဲ့ေၾကာင္း လင္ဂတ္ဝန္ခံလာ
ဂ်က္စီလင္ဂတ္ကကစားသမားဘဝအေမွာင္က်တဲ့ေန႔ရက္မ်ားတုန္းကအရက္ေသာက္ခဲ့ေၾကာင္းဝန္ခံလာပါတယ္။
လင္ဂတ္ဟာ၂၀၁၉-၂၀ရာသီတုန္းကအေကာင္းဆုံးပုံစံေပ်ာက္ဆုံးမႈေၾကာင့္ယူႏိုက္တက္ပရိသတ္မ်ားရဲ႕တိုက္ခိုက္မႈႀကဳံရၿပီးဖိအားမ်ားၾကားက်ေရာက္ခဲ့ပါတယ္။
လင္ဂတ္ဟာမိခင္ျဖစ္သူမွာစိတ္က်ေဝဒနာခံစားေနရမႈႏွင့္အတူမိသားစုကိုလည္းၾကည့္ရႈေစာင့္ေရွာက္ခဲ့ရပါတယ္။
ေနာ္တင္ဟမ္ေဖာရက္စ္တြင္ကစားေနတဲ့အသက္၃၀ႏွစ္ရွိလင္ဂတ္က “အိပ္ယာမဝင္ခင္ေသာက္တယ္။ Nightcap တစ္ခြက္ခ်တယ္။အခုျပန္ေတြးၾကည့္လိုက္ရင္ဘာလို႔အဲဒီလိုလုပ္ပါလိမ့္လို႔ေတြးမိတယ္။ဒါေပမဲ့အဲဒီတုန္းကနာက်င္မႈေတြေပ်ာက္သြားဖို႔တစ္ခုခုလိုေနခဲ့တယ္။ျဖစ္ပ်က္ေနတာကိုေမ့ပစ္ခ်င္တယ္။ဒါေပမဲ့အဲဒီလိုလုပ္တာကဆယ္ဆေလာက္ပိုဆိုးသြားေစတယ္။ဆဲတာေတြခံရတယ္။အဲဒီတုန္းကအက်ပိုင္းေရာက္ေနၿပီးသား။႐ုန္းထဖို႔ႀကိဳးစားေနတာ”လို႔ေျပာၾကားသြားပါတယ္။
လင္ဂတ္ဟာမိခင္ျဖစ္သူကာစတီမွာစိတ္က်ေဝဒနာခံစားရမႈေၾကာင့္ေဆးကုသမႈခံယူေနခ်ိန္တြင္ညီျဖစ္သူဂ်က္စပါႏွင့္ညီမျဖစ္သူေဒစီဘိုးတို႔ကိုေစာင့္ေရွာက္ခဲ့ရပါတယ္။
ဒါ့အအျပင္ဂ်က္စီလင္ဂတ္ကအသင္းေဟာင္းမန္ခ်က္စတာယူႏိုက္တက္ရဲ႕ေလ့က်င့္ေရးပစၥည္းႏွင့္အျပင္အဆင္မ်ားမွာၿပိဳင္ဘက္မ်ားထက္မ်ားစြာနိမ့္က်ေနေၾကာင္းေဝဖန္သြားခဲ့ပါေသးတယ္။
သူဟာယူႏိုက္တက္တြင္၁၁ႏွစ္ၾကာကစားၿပီးေနာက္ေႏြရာသီတုန္းကေနာ္တင္ဟမ္ေဖာရက္စ္သို႔ေျပာင္းခဲ့ပါတယ္။