ကစားသမားများကို ကိုဗစ်ကာကွယ်ဆေး အတင်းထိုးခိုင်းလို့ မရကြောင်း ပရီးမီးယားလိဂ်နည်းပြများဖွင့်ဟလာ

ပရီးမီးယားလိဂ်နည်းပြများက၎င်းတို့တွင်ပရီးမီးယားလိဂ်ကစားသမားများအားကိုဗစ်ကာကွယ်ဆေးထိုးရန်အတင်းအကြပ်ပြုလုပ်နိုင်တဲ့ပါဝါမျိုးမရှိကြောင်းဖွင့်ဟလာပါတယ်။

အာဆင်နယ်နှင့်ချဲလ်ဆီးတို့တွင်ကိုဗစ်ကူးစက်ခံရတဲ့ကစားသမားများရှိနေပြီးမနက်ဖြန်တွင်ကစားရမယ့်၎င်းတို့နှစ်သင်းရဲ့လန်ဒန်ဒါဘီပွဲတွင်စတားကစားသမားအစုံအလင်မြင်တွေ့ရမှာမဟုတ်ပါဘူး။

အာဆင်နယ်အသင်းတွင်အသင်းခေါင်းဆောင်အူဘာမီယန်၊လာကာဇက်တီ၊ဝီလီယံနှင့်ရူနာဆင်တို့မှာကိုဗစ်ကူးစက်ခြင်းခံခဲ့ရပြီးချဲလ်ဆီးအသင်းမှခရစ္စတီယန်ပူလီဆစ်နှင့်ရူဘင်လိုတပ်စ်ချက်ခ်တို့မှာလည်းကိုဗစ်ကူးစက်ခြင်းခံထားရပါတယ်။

အာဆင်နယ်မှကိုဗစ်ကူးစက်ခံခဲ့ရတဲ့ကစားသမားများထဲတွင်အူဘာမီယန်တစ်ဦးတည်းသာပြန်လည်ကောင်းမွန်လာပြီးအသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းနေပါတယ်။

ချဲလ်ဆီးမှအမေရိကန်စတားမှာကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးဖြစ်ပေမယ့်လည်းကိုဗစ်ကူးစက်ခြင်းခံနေရတာဖြစ်ပါတယ်။သူဟာမနက်ဖြန်အာဆင်နယ်နှင့်ကစားမယ့်ပွဲကိုလွဲပါမယ်။

အာဆင်နယ်နည်းပြအာတီတာက “ကစားသမားတော်တော်များများကကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးကြပြီ။တစ်ချို့လည်းတစ်ကြိမ်ဘဲထိုးရသေးတယ်။ဒါပေမယ့်တစ်ချို့ကာကွယ်ဆေးထိုးပြီးသားသူတွေလည်းပိုးတွေ့တာပဲ။တစ်ချို့ကူးစက်မှုတွေကျတော့ဘယ်ကဘယ်လိုကူးစက်သလဲဆိုတာစဉ်းစားလို့တောင်မရဘူး။ကစားသမားတွေအနေနဲ့ကိုယ့်ကိုယ်ကိုကာကွယ်ဖို့လိုတာကြောင့်ဆေးထိုးဖို့တိုက်တွန်းထားပါတယ်။ကာကွယ်ဆေးထိုးတာကကိုယ့်ကိုယ်ကိုသာမကမိသားစုနဲ့ပတ်ဝန်းကျင်နဲ့ကလပ်ပတ်ဝန်းကျင်ကိုပါကာကွယ်တာပါ။ဘာကြောင့်ထိုးသင့်သလဲပြောပြပါတယ်။ဒါပေမယ့်တကယ်တမ်းကာကွယ်ဆေးထိုးမထိုးဆိုတာကျတော့သူတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲဆိုင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ချဲလ်ဆီးနည်းပြတူချယ်ကလည်း “ကာကွယ်ဆေးထိုးဖို့ကပြောဖို့တာဝန်ကကျွန်တော့်အလုပ်မဟုတ်ပါဘူး။ဒါပေမယ့်ဆရာဝန်တွေ၊ကျန်းမာရေးဌာနတွေကဆေးထိုးကြဖို့ပြောထားပြီးသားပါ။ကျွန်တော် ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးပါပြီ။ခရစ္စတီယန်အပါအဝင်တော်တော်များများလည်းထိုးပြီးပါပြီ။ဗိုင်းရပ်စ်ဘယ်အချိန်မှာမဆိုပြန်ရောက်လာပြီးပြန့်နှံ့နိုင်ပါတယ်။ဘောလုံးကိုတင်ကကျွန်တော်တို့ရဲ့လူပတ်ဝန်းကျင်အသိုင်းအဝိုင်းကိုပါထိခိုက်အောင်လုပ်လာနိုင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားကလည်းကစားသမားများအားကာကွယ်ဆေးထိုးရန်အတင်းဖိအားပေးမည်မဟုတ်ဟုဆိုသွားပါတယ်။

 

ZawGyi

ကစားသမားမ်ားကို ကိုဗစ္ကာကြယ္ေဆး အတင္းထိုးခိုင္းလို႔ မရေၾကာင္း ပရီးမီးယားလိဂ္နည္းျပမ်ားဖြင့္ဟလာ

ပရီးမီးယားလိဂ္နည္းျပမ်ားက၎တို႔တြင္ပရီးမီးယားလိဂ္ကစားသမားမ်ားအားကိုဗစ္ကာကြယ္ေဆးထိုးရန္အတင္းအၾကပ္ျပဳလုပ္ႏိုင္တဲ့ပါဝါမ်ိဳးမရွိေၾကာင္းဖြင့္ဟလာပါတယ္။

အာဆင္နယ္ႏွင့္ခ်ဲလ္ဆီးတို႔တြင္ကိုဗစ္ကူးစက္ခံရတဲ့ကစားသမားမ်ားရွိေနၿပီးမနက္ျဖန္တြင္ကစားရမယ့္၎တို႔ႏွစ္သင္းရဲ႕လန္ဒန္ဒါဘီပြဲတြင္စတားကစားသမားအစုံအလင္ျမင္ေတြ႕ရမွာမဟုတ္ပါဘူး။

အာဆင္နယ္အသင္းတြင္အသင္းေခါင္းေဆာင္အူဘာမီယန္၊လာကာဇက္တီ၊ဝီလီယံႏွင့္႐ူနာဆင္တို႔မွာကိုဗစ္ကူးစက္ျခင္းခံခဲ့ရၿပီးခ်ဲလ္ဆီးအသင္းမွခရစၥတီယန္ပူလီဆစ္ႏွင့္႐ူဘင္လိုတပ္စ္ခ်က္ခ္တို႔မွာလည္းကိုဗစ္ကူးစက္ျခင္းခံထားရပါတယ္။

အာဆင္နယ္မွကိုဗစ္ကူးစက္ခံခဲ့ရတဲ့ကစားသမားမ်ားထဲတြင္အူဘာမီယန္တစ္ဦးတည္းသာျပန္လည္ေကာင္းမြန္လာၿပီးအသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းေနပါတယ္။

ခ်ဲလ္ဆီးမွအေမရိကန္စတားမွာကိုဗစ္ကာကြယ္ေဆးႏွစ္ႀကိမ္ထိုးၿပီးျဖစ္ေပမယ့္လည္းကိုဗစ္ကူးစက္ျခင္းခံေနရတာျဖစ္ပါတယ္။သူဟာမနက္ျဖန္အာဆင္နယ္ႏွင့္ကစားမယ့္ပြဲကိုလြဲပါမယ္။

အာဆင္နယ္နည္းျပအာတီတာက “ကစားသမားေတာ္ေတာ္မ်ားမ်ားကကာကြယ္ေဆးႏွစ္ႀကိမ္ထိုးၿပီးၾကၿပီ။တစ္ခ်ိဳ႕လည္းတစ္ႀကိမ္ဘဲထိုးရေသးတယ္။ဒါေပမယ့္တစ္ခ်ိဳ႕ကာကြယ္ေဆးထိုးၿပီးသားသူေတြလည္းပိုးေတြ႕တာပဲ။တစ္ခ်ိဳ႕ကူးစက္မႈေတြက်ေတာ့ဘယ္ကဘယ္လိုကူးစက္သလဲဆိုတာစဥ္းစားလို႔ေတာင္မရဘူး။ကစားသမားေတြအေနနဲ႔ကိုယ့္ကိုယ္ကိုကာကြယ္ဖို႔လိုတာေၾကာင့္ေဆးထိုးဖို႔တိုက္တြန္းထားပါတယ္။ကာကြယ္ေဆးထိုးတာကကိုယ့္ကိုယ္ကိုသာမကမိသားစုနဲ႔ပတ္ဝန္းက်င္နဲ႔ကလပ္ပတ္ဝန္းက်င္ကိုပါကာကြယ္တာပါ။ဘာေၾကာင့္ထိုးသင့္သလဲေျပာျပပါတယ္။ဒါေပမယ့္တကယ္တမ္းကာကြယ္ေဆးထိုးမထိုးဆိုတာက်ေတာ့သူတို႔ရဲ႕ကိုယ္ပိုင္ဆုံးျဖတ္ခ်က္နဲ႔ပဲဆိုင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ခ်ဲလ္ဆီးနည္းျပတူခ်ယ္ကလည္း “ကာကြယ္ေဆးထိုးဖို႔ကေျပာဖို႔တာဝန္ကကြၽန္ေတာ့္အလုပ္မဟုတ္ပါဘူး။ဒါေပမယ့္ဆရာဝန္ေတြ၊က်န္းမာေရးဌာနေတြကေဆးထိုးၾကဖို႔ေျပာထားၿပီးသားပါ။ကြၽန္ေတာ္ ကာကြယ္ေဆးႏွစ္ႀကိမ္ထိုးၿပီးပါၿပီ။ခရစၥတီယန္အပါအဝင္ေတာ္ေတာ္မ်ားမ်ားလည္းထိုးၿပီးပါၿပီ။ဗိုင္းရပ္စ္ဘယ္အခ်ိန္မွာမဆိုျပန္ေရာက္လာၿပီးျပန႔္ႏွံ႔ႏိုင္ပါတယ္။ေဘာလုံးကိုတင္ကကြၽန္ေတာ္တို႔ရဲ႕လူပတ္ဝန္းက်င္အသိုင္းအဝိုင္းကိုပါထိခိုက္ေအာင္လုပ္လာႏိုင္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားကလည္းကစားသမားမ်ားအားကာကြယ္ေဆးထိုးရန္အတင္းဖိအားေပးမည္မဟုတ္ဟုဆိုသြားပါတယ္။

ဆိုးလ္ရွားက “ကစားသမားအားလုံးကာကြယ္ေဆးႏွစ္ႀကိမ္မထိုးရေသးပါဘူး။ကာကြယ္ေဆးထိုးဖို႔ေတာ့ေျပာပါတယ္။ဒါေပမယ့္အတင္းထိုးခိုင္းလို႔ေတာ့မရပါဘူး”လို႔ေျပာၾကားသြားပါတယ္။