ကစားသမားများကို နိုင်ငံအသင်းနှင့်ပူးပေါင်းခွင့်ပိတ်ပင်တဲ့ ပထမဆုံး ပရီးမီးယားလိဂ်နည်းပြဖြစ်လာတဲ့ကလော့ပ်

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ဟာယခုလနှောင်းပိုင်းတွင်ကစားရမယ့်နိုင်ငံတကာပွဲစဉ်များသို့သွားရောက်ကစား ပြီးဗြိတိန်သို့ပြန်ရောက်လာချိန်မှာ၁၀ရက်ကြာကွာရန်တင်းဝင်ရမယ့်အခြေအနေရှိတဲ့ကစားသမားများကိုနိုင်ငံအသင်းနှင့်ပူးပေါင်းခွင့်ပိတ်ပင်သွားမှာဖြစ်ကြောင်းသိရပါတယ်။

ယခုရာသီမှာဘောလုံးလောကတစ်ခုလုံးအတွက်ခက်ခဲတဲ့ရာသီတစ်ခုဖြစ်ပြီးလီဗာပူးမှာဒဏ်ရာပြဿနာများစွာ နှင့်ကြုံရမှုနဲ့အတူအခက်အခဲများစွာကြုံခဲ့ရပါတယ်။

လီဗာပူးဟာလက်ရွေးစင်အသင်းသို့စေလွှတ်ချိန်တွင်ဒူးဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ဂျိုးဂိုမက်ဇ်အပါအဝင်ယခုရာသီတွင်ကစားသမားအမြောက်အမြားအားဒဏ်ရာပြဿနာကြောင့်ဆုံးရှုံးခဲ့ရပါတယ်။

ယခုလနှောင်းပိုင်းတွင်ကမ္ဘာ့ဖလားခြေစစ်ပွဲများကစားရန်ရှိနေပြီးပရီးမီးယားလိဂ်နည်းပြများမှာကစားသမားများ အားဒဏ်ရာရရှိလာနိုင်တဲ့အခြေအေနကြောင့်စိုးရိမ်ရတဲ့အပြင်ဗြိတိန်သို့ပြန်လည်ရောက်လာချိန်မှာ၁၀ရက်ကြာ ကွာရန်တင်း၁၀ရက်ဝင်ရနိုင်တဲ့အခြေအနေများနှင့်လည်းကြုံနေရပါတယ်။

ဗြိတိန်အစိုးရဟာနိုင်ငံအမြောက်အမြားတို့မှဝင်ရောက်လာတဲ့သူများအား၁၀ရက်ကြာကွာရန်တင်းဝင်ရမယ့် စည်းမျဉ်းထုတ်ပြန်ထားပြီးအားကစားသမားများမှာအထူးအခွင့်အရေးရရှိခြင်းမရှိပါဘူး။

ဂျာမန်လူမျိုးနည်းပြက “ပြန်လာတဲ့အခါ၁၀ရက်ကွာရန်တင်းဝင်ရမယ့်ဘယ်ကစားသမားကိုမှကျွန်တော်တို့ စေလွှတ်လို့မရပါဘူး။ဖီဖာကလည်းကျွန်တော်တို့ကိုအခုအချိန်မှာမစေလွှတ်ခွင့်ပေးထားပါတယ်။ကလပ်အား လုံးလည်းသဘောတူညီမယ်လို့ထင်ပါတယ်။ကျွန်တော်တို့ကစားသမားတွေပြန်လာတဲ့အချိန်မှာဟိုတယ်ကွာ ရန်တင်း၁၀ရက်ဝင်ရတာလက်ခံနိုင်စရာမရှိပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

ကစားသမားမ်ားကို ႏိုင္ငံအသင္းႏွင့္ပူးေပါင္းခြင့္ပိတ္ပင္တဲ့ ပထမဆုံး ပရီးမီးယားလိဂ္နည္းျပျဖစ္လာတဲ့ ကေလာ့ပ္

လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ဟာယခုလေႏွာင္းပိုင္းတြင္ကစားရမယ့္ႏိုင္ငံတကာပြဲစဥ္မ်ားသို႔သြားေရာက္ကစား ၿပီးၿဗိတိန္သို႔ျပန္ေရာက္လာခ်ိန္မွာ၁၀ရက္ၾကာကြာရန္တင္းဝင္ရမယ့္အေျခအေနရွိတဲ့ကစားသမားမ်ားကိုႏိုင္ငံအသင္းႏွင့္ပူးေပါင္းခြင့္ပိတ္ပင္သြားမွာျဖစ္ေၾကာင္းသိရပါတယ္။

ယခုရာသီမွာေဘာလုံးေလာကတစ္ခုလုံးအတြက္ခက္ခဲတဲ့ရာသီတစ္ခုျဖစ္ၿပီးလီဗာပူးမွာဒဏ္ရာျပႆနာမ်ားစြာ ႏွင့္ႀကဳံရမႈနဲ႔အတူအခက္အခဲမ်ားစြာႀကဳံခဲ့ရပါတယ္။

လီဗာပူးဟာလက္ေ႐ြးစင္အသင္းသို႔ေစလႊတ္ခ်ိန္တြင္ဒူးဒဏ္ရာျပင္းထန္စြာရရွိခဲ့တဲ့ဂ်ိဳးဂိုမက္ဇ္အပါအဝင္ယခုရာသီတြင္ကစားသမားအေျမာက္အျမားအားဒဏ္ရာျပႆနာေၾကာင့္ဆုံးရႈံးခဲ့ရပါတယ္။

ယခုလေႏွာင္းပိုင္းတြင္ကမာၻ႔ဖလားေျခစစ္ပြဲမ်ားကစားရန္ရွိေနၿပီးပရီးမီးယားလိဂ္နည္းျပမ်ားမွာကစားသမားမ်ား အားဒဏ္ရာရရွိလာႏိုင္တဲ့အေျခေအနေၾကာင့္စိုးရိမ္ရတဲ့အျပင္ၿဗိတိန္သို႔ျပန္လည္ေရာက္လာခ်ိန္မွာ၁၀ရက္ၾကာ ကြာရန္တင္း၁၀ရက္ဝင္ရႏိုင္တဲ့အေျခအေနမ်ားႏွင့္လည္းႀကဳံေနရပါတယ္။

ၿဗိတိန္အစိုးရဟာႏိုင္ငံအေျမာက္အျမားတို႔မွဝင္ေရာက္လာတဲ့သူမ်ားအား၁၀ရက္ၾကာကြာရန္တင္းဝင္ရမယ့္ စည္းမ်ဥ္းထုတ္ျပန္ထားၿပီးအားကစားသမားမ်ားမွာအထူးအခြင့္အေရးရရွိျခင္းမရွိပါဘူး။

ဂ်ာမန္လူမ်ိဳးနည္းျပက “ျပန္လာတဲ့အခါ၁၀ရက္ကြာရန္တင္းဝင္ရမယ့္ဘယ္ကစားသမားကိုမွကြၽန္ေတာ္တို႔ ေစလႊတ္လို႔မရပါဘူး။ဖီဖာကလည္းကြၽန္ေတာ္တို႔ကိုအခုအခ်ိန္မွာမေစလႊတ္ခြင့္ေပးထားပါတယ္။ကလပ္အား လုံးလည္းသေဘာတူညီမယ္လို႔ထင္ပါတယ္။ကြၽန္ေတာ္တို႔ကစားသမားေတြျပန္လာတဲ့အခ်ိန္မွာဟိုတယ္ကြာ ရန္တင္း၁၀ရက္ဝင္ရတာလက္ခံႏိုင္စရာမရွိပါဘူး”လို႔ေျပာၾကားသြားပါတယ္။