ကစားသမားများကို မထိန်းသိမ်းနိုင်မှုအတွက် ဝက်စ်ဟမ်းနှင့် အာဆင်နယ်စွဲချက်တင်ခံရ

ဝက်စ်ဟမ်းနှင့်အာဆင်နယ်တို့ဟာတနင်္ဂနွေနေ့တုန်းကပရီးမီးယားလိဂ်ပွဲစဉ်များတွင်ကစားသမားများကိုထိန်းသိမ်းနိုင်ခြင်းမရှိမှုအတွက်အက်ဖ်အေရဲ့စွဲချက်တင်ခြင်းခံလာရပါတယ်။

ဝက်စ်ဟမ်းကစားသမားများဟာဆောက်သမ်တန်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်တွင်ရိုမိန်းပီရုဒ်ကဂိုးသွင်းယူလိုက်ပြီးနောက်ဒိုင်လူကြီးပီတာဘန်ကစ်အား ဝိုင်းရံစောဒကတက်ခဲ့ပါတယ်။

ဝက်စ်ဟမ်းစတားများကဘန်ကစ်မှာ ဘောလုံးရယူရန်သွားတဲ့ဘိုဝင်းကို ဒိုင်လူကြီးဘန်ကစ်ကလမ်းကြောင်းပိတ်တယ်လို့ယုံကြည်မှုနဲ့အတူ စောဒကတက်ခဲ့ပါတယ်။

အာဆင်နယ်မှာလည်းဂါဘရီရယ်ရဲ့အနီကတ်နှင့်လိဒ်အားနောက်ကျပင်နယ်တီပေးမှုအတွက်ဒိုင်လူကြီးစောဒကတက်ခဲ့ပါတယ်။နောက်ပိုင်းတွင်VAR ကကွင်းတွင်ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အားလုံးကိုပယ်ဖျက်ခဲ့ပါတယ်။

ZawGyi

ကစားသမားမ်ားကို မထိန္းသိမ္းႏိုင္မႈအတြက္ ဝက္စ္ဟမ္းႏွင့္ အာဆင္နယ္စြဲခ်က္တင္ခံရ

ဝက္စ္ဟမ္းႏွင့္အာဆင္နယ္တို႔ဟာတနဂၤေႏြေန႔တုန္းကပရီးမီးယားလိဂ္ပြဲစဥ္မ်ားတြင္ကစားသမားမ်ားကိုထိန္းသိမ္းႏိုင္ျခင္းမရွိမႈအတြက္အက္ဖ္ေအရဲ႕စြဲခ်က္တင္ျခင္းခံလာရပါတယ္။

ဝက္စ္ဟမ္းကစားသမားမ်ားဟာေဆာက္သမ္တန္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္တြင္႐ိုမိန္းပီ႐ုဒ္ကဂိုးသြင္းယူလိုက္ၿပီးေနာက္ဒိုင္လူႀကီးပီတာဘန္ကစ္အား ဝိုင္းရံေစာဒကတက္ခဲ့ပါတယ္။

ဝက္စ္ဟမ္းစတားမ်ားကဘန္ကစ္မွာ ေဘာလုံးရယူရန္သြားတဲ့ဘိုဝင္းကို ဒိုင္လူႀကီးဘန္ကစ္ကလမ္းေၾကာင္းပိတ္တယ္လို႔ယုံၾကည္မႈနဲ႔အတူ ေစာဒကတက္ခဲ့ပါတယ္။

အာဆင္နယ္မွာလည္းဂါဘရီရယ္ရဲ႕အနီကတ္ႏွင့္လိဒ္အားေနာက္က်ပင္နယ္တီေပးမႈအတြက္ဒိုင္လူႀကီးေစာဒကတက္ခဲ့ပါတယ္။ေနာက္ပိုင္းတြင္VAR ကကြင္းတြင္ဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္အားလုံးကိုပယ္ဖ်က္ခဲ့ပါတယ္။