ကစားသမားများကို မထိန်းသိမ်းနိုင်မှုအတွက် ယူနိုက်တက်ကို ပေါင် ၈၂၀၀၀ အက်ဖ်အေဒဏ်ရိုက်

အက်ဖ်အေဟာနယူးကာဆယ်၊ချဲလ်ဆီးတို့နှင့်ပွဲတွင်ကစားသမားများကိုမထိန်းသိမ်းနိုင်မှုအတွက်မန်ချက်စတာယူနိုက်တက်ကိုပေါင်၈၂၀၀၀ဒဏ်ရိုက်လာပါတယ်။

နယူးကာဆယ်နှင့်၀-၀ ဖြင့်သရေကျတဲ့ပွဲတွင်ယူနိုက်တက်စတားများဟာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဂိုးကိုခွင့်မပြုမှုအတွက်ဒိုင်လူကြီးဝိုင်းရံစောဒကတက်ခဲ့ကြပါတယ်။

ယင်းပွဲအပြီးနောက်တစ်ပွဲဖြစ်တဲ့ချဲလ်ဆီးနှင့်ပွဲတွင်လည်းယူနိုက်တက်စတားများဟာချဲလ်ဆီးဘက်သို့ပင်နယ်တီပေးလိုက်မှုအပေါ်စောဒကတက်ခဲ့ကြပါတယ်။

ယူနိုက်တက်ဟာအထက်ပါဖြစ်ရပ်များအတွက်ပေါင်၄၂၀၀၀နှင့်ပေါင်၃၇၀၀၀ စီအသီးသီးဒဏ်ရိုက်ခံခဲ့ရပါတယ်။

ယူနိုက်တက်ဟာလည်းအက်ဖ်အေရဲ့ဒဏ်ရိုက်မှုအပေါ်လက်ခံခဲ့ပါတယ်။

နယူးကာဆယ်နှင့်ပွဲတွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာနယူးကာဆယ်ဂိုးသမားနစ်ပုပ်ထံမှဘောလုံးကိုရယူပြီးဂိုးသွင်းခဲ့မှုကိုဒိုင်လူကြီးခရစ်ပေါ်ဆင်ကခွင့်မပြုခဲ့ပါတယ်။ချဲလ်ဆီးနှင့်ပွဲတွင်ဒိုင်လူကြီးစတူးအပ်အက်ဝဲလ်ဟာစကော့မက်တိုမီနေးကဘရိုဂျာကိုဖမ်းလှဲချမှုအတွက်ပင်နယ်တီပေးခဲ့ပါတယ်။ယူနိုက်တက်စတားများဟာယင်းဖြစ်ရပ်များအတွက်ဒိုင်လူကြီးအကြီးအကျယ်စောဒကတက်ခဲ့ကြပါတယ်။

ZawGyi

ကစားသမားမ်ားကို မထိန္းသိမ္းႏိုင္မႈအတြက္ ယူႏိုက္တက္ကို ေပါင္ ၈၂၀၀၀ အက္ဖ္ေအဒဏ္႐ိုက္

အက္ဖ္ေအဟာနယူးကာဆယ္၊ခ်ဲလ္ဆီးတို႔ႏွင့္ပြဲတြင္ကစားသမားမ်ားကိုမထိန္းသိမ္းႏိုင္မႈအတြက္မန္ခ်က္စတာယူႏိုက္တက္ကိုေပါင္၈၂၀၀၀ဒဏ္႐ိုက္လာပါတယ္။

နယူးကာဆယ္ႏွင့္၀-၀ ျဖင့္သေရက်တဲ့ပြဲတြင္ယူႏိုက္တက္စတားမ်ားဟာ ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ဂိုးကိုခြင့္မျပဳမႈအတြက္ဒိုင္လူႀကီးဝိုင္းရံေစာဒကတက္ခဲ့ၾကပါတယ္။

ယင္းပြဲအၿပီးေနာက္တစ္ပြဲျဖစ္တဲ့ခ်ဲလ္ဆီးႏွင့္ပြဲတြင္လည္းယူႏိုက္တက္စတားမ်ားဟာခ်ဲလ္ဆီးဘက္သို႔ပင္နယ္တီေပးလိုက္မႈအေပၚေစာဒကတက္ခဲ့ၾကပါတယ္။

ယူႏိုက္တက္ဟာအထက္ပါျဖစ္ရပ္မ်ားအတြက္ေပါင္၄၂၀၀၀ႏွင့္ေပါင္၃၇၀၀၀ စီအသီးသီးဒဏ္႐ိုက္ခံခဲ့ရပါတယ္။

ယူႏိုက္တက္ဟာလည္းအက္ဖ္ေအရဲ႕ဒဏ္႐ိုက္မႈအေပၚလက္ခံခဲ့ပါတယ္။

နယူးကာဆယ္ႏွင့္ပြဲတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာနယူးကာဆယ္ဂိုးသမားနစ္ပုပ္ထံမွေဘာလုံးကိုရယူၿပီးဂိုးသြင္းခဲ့မႈကိုဒိုင္လူႀကီးခရစ္ေပၚဆင္ကခြင့္မျပဳခဲ့ပါတယ္။ခ်ဲလ္ဆီးႏွင့္ပြဲတြင္ဒိုင္လူႀကီးစတူးအပ္အက္ဝဲလ္ဟာစေကာ့မက္တိုမီေနးကဘ႐ိုဂ်ာကိုဖမ္းလွဲခ်မႈအတြက္ပင္နယ္တီေပးခဲ့ပါတယ္။ယူႏိုက္တက္စတားမ်ားဟာယင္းျဖစ္ရပ္မ်ားအတြက္ဒိုင္လူႀကီးအႀကီးအက်ယ္ေစာဒကတက္ခဲ့ၾကပါတယ္။