ကစားသမားများကြောင့် ဆိုးလ်ရှား ပေးဆပ်လိုက်ရခြင်းဖြစ်ကြောင်း ဟယ်ရီမက်ဂွိုင်းယားဝန်ခံ
ဟယ်ရီမက်ဂွိုင်းယားကမန်ချက်စတာယူနိုက်တက်ကစားသမားများမှာသူတို့ရဲ့ကစားသမားဘဝတွင်အကြီးမားဆုံးအခက်ခဲဆုံးကာလနှင့်ရင်ဆိုင်နေရကြောင်းဝန်ခံပြောကြားသွားပါတယ်။
မန်ယူဟာနောက်ဆုံးပရီးမီးယားလိဂ်ပွဲ၇ပွဲတွင်၁ပွဲတည်းသာအနိုင်ရရှိမှုနဲ့အတူအိုလီဂန်းနားဆိုးလ်ရှားကိုရာထူးမှထုတ်ပယ်ခဲ့ပြီးနည်းပြသစ်ရှာဖွေနေပါတယ်။
လက်ရှိအချိန်တွင်မန်ယူဟာနည်းပြသစ်ရှာဖွေနေစဉ်အတွင်းလက်ထောက်နည်းပြမိုက်ကယ်ကာရစ်ကိုယာယီနည်းပြအဖြစ်ခန့်အပ်ထားပါတယ်။မိုက်ကယ်ကာရစ်ဟာယနေ့ညဗီလာရီးရဲလ်နှင့်ချန်ပီယံလိဂ်ပွဲစဉ်ကိုကြီးကြပ်သွားပါမယ်။
မက်ဂွိုင်းယားက “ကစားသမားတွေကိုစကားပြောကြည့်ရင်သူတို့ကကလပ်အဆင့်မှာသူတို့ရဲ့အခက်ခဲဆုံးကာလနဲ့ရင်ဆိုင်နေရတယ်လို့ပြောကြပါလိမ့်မယ်။ကစားသမားတွေကကွင်းတွင်း/ကွင်းပြင်အားလုံးအတွက်တာဝန်အရှိဆုံးပါ။ကျွန်တော်တို့ဟာတစ်ကိုယ်တော်ရည်အသင်းလိုက်ရောလုံလောက်တဲ့ကောင်းမွန်မှုမရှိခဲ့ကြပါဘူး။ကစားသမားနဲ့မန်နေဂျာကတစ်အုပ်စုတည်းပါ။ဒါပေမယ့်မန်နေဂျာကပေးဆပ်ရပါတယ်။နည်းပြအပေါ်မှာကျွန်တော်တို့အရမ်းလေးစားတာ၊ကျွန်တော်တို့အတွက်သူလုပ်ပေးခဲ့တာတွေကြောင့်ကျွန်တော်တို့အတွက်အခက်ခဲဆုံးကာလသို့ရောက်နေပါတယ်။ကျွန်တော်တို့ဟာခရီးတစ်ခုကိုအတူတကွသွားခဲ့ကြတယ်။သူတို့အလုပ်ဆုံးရှုံးသွားတာဘယ်တုန်းကမှမကောင်းပါဘူး”လို့ပြောကြားသွားပါတယ်။
ဒါ့အပြင်ဟယ်ရီမက်ဂွိုင်းယားဟာတနင်္ဂနွေနေ့တုန်းကရာထူးမှထုတ်ပယ်ခံရပြီးနောက်ကစားသမားများအားဆိုးလ်ရှားကနှုတ်ဆက်ခဲ့တဲ့အကြောင်းကိုလည်းပြောကြားသွားပါတယ်။
အင်္ဂလန်နောက်ခံလူက “သူရောက်လာပြီးစကားပြောတယ်။ကြေကွဲစရာအဖြစ်အပျက်ပါ။နေရာရခက်ခဲတယ်။အားလုံးကုအိုလီအပေါ်အရမ်းလေးစားကြတယ်။သူကဒီကလပ်ရဲ့ဂန္ထဝင်ပါ။ဂန္ထဝင်အဖြစ်ဆက်ရှိနေဦးမှာပါ။လမ်းကြောင်းပေါ်ပြန်ရောက်ဖို့လိုတယ်လို့ပြောပါတယ်။ဗီလာရီးရဲလ်နဲ့ပွဲကိုအာရုံစိုက်ဖို့အပြုသဘောဆောင်တဲ့စိတ်နဲ့ကစားဖို့ပြောပါတယ်။ပွဲတိုင်းမှာသူအားပေးနေမယ်လို့ပြောပါတယ်။လူ့တန်ဖိုးကိုပြကြဖို့ပြောပါတယ်”လို့ပြောကြားသွားပါတယ်။
ZawGyi