ကစားသမားများ အဝတ်အစားများကို ကိုယ်တိုင်လျော်ရတယ်ဆိုပြီး အာဖရိကဖလားပြိုင်ပွဲကျင်းပသူများရဲ့ခွဲခြားဆက်ဆံမှုကို မာလဝီနည်းပြဖွင့်ချလာ

မာလဝီနည်းပြမာရီယိုမာရီနီကာကအသင်းငယ်လေးများမှာ ခွဲခြားဆက်ဆံခံခဲ့ရတယ်ဆိုပြီး အာဖရိကဖလားပြိုင်ပွဲကျင်းပရေးကော်မတီကိုဝေဖန်သွားပါတယ်။

မာလဝီဟာအာဖရိကဖလားပြိုင်ပွဲ၁၆သင်းအဆင့်သို့ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့ပေမဲ့မနေ့ညတုန်းကမော်ရိုကိုကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ကာအာဖရိကဖလားပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။

မာလဝီအသင်းဟာကင်မရွန်းကအိမ်ရှင်အဖြစ်ကျင်းပတဲ့အာဖရိကဖလားပြိုင်ပွဲတွင် ဘူဖူဆမ်ရှိ Hotel Valle de Bana တွင်တည်းခိုခဲ့ပါတယ်။ကစားသမားများဟာယင်းဟိုတယ်တွင်တည်းစဉ်အတွင်းအဝတ်အစားများကိုယ်တိုင်လျော်ခဲ့ရပါတယ်။ဒါ့အပြင်အစားအသောက်ပိုင်းတွင်လည်းပြဿနာရှိကြောင်းသိရပါတယ်။

မာရီနီကာက “ဆာဒေယိုမာနေးကို သူ့အောက်ခံဘောင်းဘီကိုကိုယ်တိုင်လျှော်ပြီးခြုံပုတ်တစ်ခုမှာအခြောက်လှန်းတာမြင်ရမှာမဟုတ်ပါဘူး။ဂမ်ဘီယာမှာလည်းအဲဒီလိုပြဿနာကြုံရတယ်။အဆင့်တွေကွဲပြားနေတယ်။အသင်းတွေဟာခွဲခြားဆက်ဆံခံခဲ့ရပါတယ်။မေးခွန်းထုတ်စရာက ဒီလိုအဖြစ်အပျက်တွေဟာအသင်းငယ်လေးတွေဖြစ်တဲ့ ဂမ်ဘီယာ၊ကိုမိုရို့စ်နဲ့ကျွန်တော်တို့မှာပဲ ဘာလို့ဖြစ်တာလဲ”လို့ပြောကြားသွားပါတယ်။

မာလဝီနည်းပြဟာအာဖရိကဖလားပြိုင်ပွဲကျင်းပရေးကော်မတီရဲ့ခွဲခြားဆက်ဆံမှုကိုအာဖရိကဘောလုံးအဖွဲ့ချုပ်ထံသို့တရားဝင်တိုင်ကြားရန်လည်းစီစဉ်ထားပါတယ်။

ZawGyi

ကစားသမားမ်ား အဝတ္အစားမ်ားကို ကိုယ္တိုင္ေလ်ာ္ရတယ္ဆိုၿပီး အာဖရိကဖလားၿပိဳင္ပြဲက်င္းပသူမ်ားရဲ႕ခြဲျခားဆက္ဆံမႈကို မာလဝီနည္းျပဖြင့္ခ်လာ

မာလဝီနည္းျပမာရီယိုမာရီနီကာကအသင္းငယ္ေလးမ်ားမွာ ခြဲျခားဆက္ဆံခံခဲ့ရတယ္ဆိုၿပီး အာဖရိကဖလားၿပိဳင္ပြဲက်င္းပေရးေကာ္မတီကိုေဝဖန္သြားပါတယ္။

မာလဝီဟာအာဖရိကဖလားၿပိဳင္ပြဲ၁၆သင္းအဆင့္သို႔ပထမဆုံးအႀကိမ္တက္ေရာက္ႏိုင္ခဲ့ေပမဲ့မေန႔ညတုန္းကေမာ္႐ိုကိုကို၂-၁ဂိုးျဖင့္ရႈံးနိမ့္ကာအာဖရိကဖလားၿပိဳင္ပြဲမွထြက္ခြာခဲ့ရပါတယ္။

မာလဝီအသင္းဟာကင္မ႐ြန္းကအိမ္ရွင္အျဖစ္က်င္းပတဲ့အာဖရိကဖလားၿပိဳင္ပြဲတြင္ ဘူဖူဆမ္ရွိ Hotel Valle de Bana တြင္တည္းခိုခဲ့ပါတယ္။ကစားသမားမ်ားဟာယင္းဟိုတယ္တြင္တည္းစဥ္အတြင္းအဝတ္အစားမ်ားကိုယ္တိုင္ေလ်ာ္ခဲ့ရပါတယ္။ဒါ့အျပင္အစားအေသာက္ပိုင္းတြင္လည္းျပႆနာရွိေၾကာင္းသိရပါတယ္။

မာရီနီကာက “ဆာေဒယိုမာေနးကို သူ႔ေအာက္ခံေဘာင္းဘီကိုကိုယ္တိုင္ေလွ်ာ္ၿပီးၿခဳံပုတ္တစ္ခုမွာအေျခာက္လွန္းတာျမင္ရမွာမဟုတ္ပါဘူး။ဂမ္ဘီယာမွာလည္းအဲဒီလိုျပႆနာႀကဳံရတယ္။အဆင့္ေတြကြဲျပားေနတယ္။အသင္းေတြဟာခြဲျခားဆက္ဆံခံခဲ့ရပါတယ္။ေမးခြန္းထုတ္စရာက ဒီလိုအျဖစ္အပ်က္ေတြဟာအသင္းငယ္ေလးေတြျဖစ္တဲ့ ဂမ္ဘီယာ၊ကိုမို႐ို႕စ္နဲ႔ကြၽန္ေတာ္တို႔မွာပဲ ဘာလို႔ျဖစ္တာလဲ”လို႔ေျပာၾကားသြားပါတယ္။

မာလဝီနည္းျပဟာအာဖရိကဖလားၿပိဳင္ပြဲက်င္းပေရးေကာ္မတီရဲ႕ခြဲျခားဆက္ဆံမႈကိုအာဖရိကေဘာလုံးအဖြဲ႕ခ်ဳပ္ထံသို႔တရားဝင္တိုင္ၾကားရန္လည္းစီစဥ္ထားပါတယ္။