ကစားသမားရဲ့လာဇီယိုအပြောင်းအရွှေ့ပျက်အောင် အီးမေးလ်လိပ်စာအမှားပေးပြီး ကလိမ်ကျခဲ့တဲ့ ဖရန့်ဖတ်

ဖရန့်ဖတ်ဘယ်တောင်ပံတိုက်စစ်သမားဖီးလစ်ကိုစတစ်ဟာဂျာမန်ကလပ်ကသူ့ရဲ့လာဇီယိုအသင်းသို့အပြောင်းအရွှေ့ပျက်ပြယ်အောင်ကလိမ်ကလစ်နည်းလမ်းအသုံးပြုကာတားဆီးမှုအတွက်အကြီးအကျယ်ဒေါသထွက်နေပါတယ်။

ရောမအခြေစိုက် လာဇီယိုဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်များတွင် စီးရီးအေချန်ပီယံအင်တာမီလန်သို့ပြောင်းသွားခဲ့တဲ့ကော်ရီယာရဲ့နေရာမှာအစားထိုးဖို့အတွက် ဖရန့်ဖတ်တိုက်စစ်သမားဖီးလစ်ကိုစတစ်ကိုကြိုးပမ်းခဲ့ပါတယ်။

ဂျာမန်အခြေစိုက်ကလပ်ဟာသူတို့ရဲ့အရေးပါတဲ့ကစားသမားကိုမဆုံးရှုံးလိုမှုနဲ့အတူ ကလစ်ကျစ်နည်းလမ်းအသုံးပြုခဲ့တာဖြစ်ပါတယ်။အသက်၂၈နှစ်ရှိဆားဘီးယားတိုက်စစ်မှူးဟာလာဇီယိုအသင်းထံမှကမ်းလှမ်းမှုရရှိထားကြောင်း အေးဂျင့်ထံမှ အကြောင်းကြားမှုရရှိပြီးနောက်ပြီးခဲ့တဲ့အပတ်ကဘီလီဖီးလ်နှင့်သရေကျတဲ့ပွဲမှာပါဝင်မကစားခဲ့ပါဘူး။

လာဇီယိုဟာကိုစတစ်အတွက်ဖရန့်ဖတ်ထံသို့ပြောင်းရွှေ့ကြေးယူရို၁၀.၂သန်းဖြင့်တရားဝင်ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့်လည်းဖရန့်ဖတ်ကအီးမေးလ်လိပ်စာအမှားပေးထားမှုကြောင့်ဖရန့်ဖတ်ထံသို့မရောက်ခဲ့ပါဘူး။ဒါကြောင့်လည်း

ဖရန့်ဖတ်ဟာဖီးလစ်ကိုစတစ်ကို၂၀၁၈ခုနှစ်တုန်းကဟမ်းဘတ်ထံမှယူရို၁၀.၃သန်းနှင့်ဝယ်ယူထားခဲ့တာဖြစ်ပါတယ်။၎င်းတို့ဟာယခုရာသီတွင်ဘွန်ဒက်စ််လီဂါတွင်ရလဒ်မတည်ငြိမ်မှုနဲ့ရင်ဆိုင်ရမှုနဲ့အတူအရေးပါတဲ့ကစားသမားကိုမဆုံးရှုံးလိုတာကြောင့်ယင်းသို့လုပ်ဆောင်လိုက်တာလို့ယုံကြည်ရပါတယ်။

တစ်ဖက်တွင်မီဒီယာအချို့ကလည်းကလာဇီယိုအသင်းမှာဖရန့်ဖတ်အသင်းရဲ့အီးမေးလ်လိပ်စာအားရေးသားရာတွင် K ဆိုတဲ့စကားလုံးကိုမေ့ကျန်ကာပေးပို့မှုကြောင့်ဖရန့်ဖတ်ထံသို့မရောက်ခဲ့ကြောင်းလည်းရေးသားနေကြပါတယ်။

ဘာပဲဖြစ်ဖြစ်ဖရန့်ဖတ်ကတော့သူတို့ရဲ့အရေးပါတဲ့ကစားသမားကိုထိန်းထားလိုက်နိုင်ပြီဖြစ်ပါတယ်။

ZawGyi

ကစားသမားရဲ႕လာဇီယိုအေျပာင္းအေ႐ႊ႕ပ်က္ေအာင္ အီးေမးလ္လိပ္စာအမွားေပးၿပီး ကလိမ္က်ခဲ့တဲ့ ဖရန႔္ဖတ္

ဖရန႔္ဖတ္ဘယ္ေတာင္ပံတိုက္စစ္သမားဖီးလစ္ကိုစတစ္ဟာဂ်ာမန္ကလပ္ကသူ႔ရဲ႕လာဇီယိုအသင္းသို႔အေျပာင္းအေ႐ႊ႕ပ်က္ျပယ္ေအာင္ကလိမ္ကလစ္နည္းလမ္းအသုံးျပဳကာတားဆီးမႈအတြက္အႀကီးအက်ယ္ေဒါသထြက္ေနပါတယ္။

ေရာမအေျခစိုက္ လာဇီယိုဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္မ်ားတြင္ စီးရီးေအခ်န္ပီယံအင္တာမီလန္သို႔ေျပာင္းသြားခဲ့တဲ့ေကာ္ရီယာရဲ႕ေနရာမွာအစားထိုးဖို႔အတြက္ ဖရန႔္ဖတ္တိုက္စစ္သမားဖီးလစ္ကိုစတစ္ကိုႀကိဳးပမ္းခဲ့ပါတယ္။

ဂ်ာမန္အေျခစိုက္ကလပ္ဟာသူတို႔ရဲ႕အေရးပါတဲ့ကစားသမားကိုမဆုံးရႈံးလိုမႈနဲ႔အတူ ကလစ္က်စ္နည္းလမ္းအသုံးျပဳခဲ့တာျဖစ္ပါတယ္။အသက္၂၈ႏွစ္ရွိဆားဘီးယားတိုက္စစ္မႉးဟာလာဇီယိုအသင္းထံမွကမ္းလွမ္းမႈရရွိထားေၾကာင္း ေအးဂ်င့္ထံမွ အေၾကာင္းၾကားမႈရရွိၿပီးေနာက္ၿပီးခဲ့တဲ့အပတ္ကဘီလီဖီးလ္ႏွင့္သေရက်တဲ့ပြဲမွာပါဝင္မကစားခဲ့ပါဘူး။

လာဇီယိုဟာကိုစတစ္အတြက္ဖရန႔္ဖတ္ထံသို႔ေျပာင္းေ႐ႊ႕ေၾကးယူ႐ို၁၀.၂သန္းျဖင့္တရားဝင္ကမ္းလွမ္းမႈျပဳလုပ္ခဲ့ေပမယ့္လည္းဖရန႔္ဖတ္ကအီးေမးလ္လိပ္စာအမွားေပးထားမႈေၾကာင့္ဖရန႔္ဖတ္ထံသို႔မေရာက္ခဲ့ပါဘူး။ဒါေၾကာင့္လည္း

ဖရန႔္ဖတ္ဟာဖီးလစ္ကိုစတစ္ကို၂၀၁၈ခုႏွစ္တုန္းကဟမ္းဘတ္ထံမွယူ႐ို၁၀.၃သန္းႏွင့္ဝယ္ယူထားခဲ့တာျဖစ္ပါတယ္။၎တို႔ဟာယခုရာသီတြင္ဘြန္ဒက္စ္္လီဂါတြင္ရလဒ္မတည္ၿငိမ္မႈနဲ႔ရင္ဆိုင္ရမႈနဲ႔အတူအေရးပါတဲ့ကစားသမားကိုမဆုံးရႈံးလိုတာေၾကာင့္ယင္းသို႔လုပ္ေဆာင္လိုက္တာလို႔ယုံၾကည္ရပါတယ္။

တစ္ဖက္တြင္မီဒီယာအခ်ိဳ႕ကလည္းကလာဇီယိုအသင္းမွာဖရန႔္ဖတ္အသင္းရဲ႕အီးေမးလ္လိပ္စာအားေရးသားရာတြင္ K ဆိုတဲ့စကားလုံးကိုေမ့က်န္ကာေပးပို႔မႈေၾကာင့္ဖရန႔္ဖတ္ထံသို႔မေရာက္ခဲ့ေၾကာင္းလည္းေရးသားေနၾကပါတယ္။

ဘာပဲျဖစ္ျဖစ္ဖရန႔္ဖတ္ကေတာ့သူတို႔ရဲ႕အေရးပါတဲ့ကစားသမားကိုထိန္းထားလိုက္ႏိုင္ၿပီျဖစ္ပါတယ္။pmnews