ကစားသမားရွေးချယ်ရမှုဖိအားကြောင့် အင်္ဂလန်နည်းပြရာထူးကို မလိုခဲ့ဟု ဆောက်ဂိတ်ဖွင့်ဟ

ဂရေမီဆောက်ဂိတ်ကကစားသမားရွေးချယ်ရမှုဖိအားကြောင့်အင်္ဂလန်နည်းပြရာထူးကိုမလိုချင်ခဲ့ကြောင်းဖွင့်ဟပြောကြားလာပါတယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာယနေ့မှာယူရို၂၀၂၀ပြိုင်ပွဲအတွက်ပမာဏလူစာရင်း၃၃ဦးမှ၂၆ဦးသို့ဖြတ်ချကာနောက်ဆုံးလူစာရင်းကိုကြေညာပါမယ်။

ကစားသမားရွေးချယ်ရမှုဖိအားနှင့်ပတ်သက်ပြီးဆောက်ဂိတ်က “လွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်တုန်းကဒီကစားသမားရွေးချယ်ရမှုအလုပ်ကြောင့်ဘဲဒီအလုပ်ကိုမလုပ်ချင်ခဲ့ဘူး။အရင်နည်းပြတွေနဲ့သူတို့မိသားစုတွေကြုံရတဲ့ပြဿနာကြောင့်ပါ။အဲဒီတုန်းကကျွန်တော့်ကလေးတွေကငယ်သေးတယ်။သူတို့ကိုမကြုံစေချင်ပါဘူး။

ဆောက်ဂိတ်ဟာအင်္ဂလန်အသင်းရဲ့ပမာဏလူစာရင်း ၃၃ ဦးမှ ၇ ဦးကိုဖြုတ်ချသွားပါမယ်။

ထရန်းအလက်ဇန္ဒားအာနိုး၊အိုလီဝတ်ကင်၊ဘင်ဝှိုက်၊ဘင်ဂေါ့ဖရေး၊ဆာကာ၊ဂျိမ်းစ်ဝတ်ပရောက်၊အေရွန်ရမ်ဒဲလ်တို့မှာဖြုတ်ချခံရဖို့ရှိပါတယ်။

အင်္ဂလန်ဟာလာမယ့်ဇွန်လ၁၃ရက်နေ့မှာဝင်ဘာလေကွင်းမှာခရိုအေးရှားနှင့်ယူရို၂၀၂၀အဖွင့်ပွဲကစားသွားရပါမယ်။

ZawGyi






