ကစားသမားသစ်များကို မှတ်ပုံတင်နိုင်ခြင်းမရှိသေးမှုနဲ့အတူ မက်ဆီကို စာချုပ်သစ်ချုပ်ရန် ဘာကာမသေမချာဖြစ်နေ

ဘာစီလိုနာဟာအသုံးစရိတ်လျှော့ချမှုပြုလုပ်ထားပြီးဖြစ်ပေမယ့်လည်းအသစ်ခေါ်ယူထားတဲ့ကစားသမားသစ်များကိုလာလီဂါတွင်မှတ်ပုံတင်နိုင်ခြင်းမရှိသေးမှုနဲ့အတူလီယွန်နယ်မက်ဆီအားစာချုပ်သစ်ချုပ်ဆိုရေးအတွက်မရေမရာဖြစ်နေတဲ့အနေအထားမှာရှိနေပါတယ်။

အသက်၃၄နှစ်ရှိဘာစီလိုနာဂန္ထဝင်ကစားသမားဟာပြီးခဲ့တဲ့ဇွန်လ၃၀တွင်ဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့သူဖြစ်ပြီးလက်ရှိအချိန်တွင်ကလပ်လက်မဲ့ဖြစ်နေပါတယ်။

အားလုံးကသူဟာဘာစီလိုနာနှင့်၂နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုမယ်လို့ယုံကြည်နေကြပေမယ့်လည်းလက်ရှိအနေအထားအရဘာစီလိုနာဘက်ကသူ့ကိုစာချုပ်သစ်ချုပ်ဆိုနိုင်ဖို့မရေမရာဖြစ်နေပါတယ်။

ဘာစီလိုနာဟာကြွေးမြီပေါင်၁ဘီလီယံအထိတင်ရှိနေပြီးအသင်းရဲ့တစ်နှစ်အသုံးစရိတ်ကိုပေါင်၃၃၁သန်းမှပေါင်သန်း၃၀၀သို့အထိလျှော့ချထားပါတယ်။

ဒါပေမယ့်လည်းဘာစီလိုနာဟာလာလီဂါကသတ်မှတ်တဲ့အသုံးစရိတ်လျှော့ချမှုအထိပြုလုပ်နိုင်ခြင်းမရှိသေးမှုနဲ့အတူမက်ဆီကိုစာချုပ်သက်တမ်းတိုးရန်မရေမရာဖြစ်နေပါတယ်။

မက်ဆီရဲ့နောက်ဆုံးစာချုပ်ကတစ်ပတ်လျှင်ပေါင်၂.၄သန်းတန်ကြေးရှိပြီးတစ်နှစ်လုပ်ခပေါင်၁၂၃သန်းဖြစ်ပါတယ်။

ဘာစီလိုနာဟာယခုနွေရာသီမှာမားသီးယပ်စ်ဖာနန်ဒက်စ်၊ဂျူအန်မီရန်ဒါ၊ကွန်ရက်ဒီလာဖွန်တီ၊ဂျိန်းကလဲယားတိုဒီဘို၊ထရန်ကာအိုတို့အားအသင်းမှထွက်ခွာစေပြီးဖြစ်ပါတယ်။

ဒါပေမယ့်လည်းဘာစီလိုနာဟာလုပ်ခလျှော့ချမှုမှာနည်းပါးနေသေးရာအသစ်ခေါ်ယူထားတဲ့ဆာဂျီယိုအဂူရို၊မမ်ဖစ်ဒီပေး၊အဲရစ်ဂါစီယာနှင့်အီမာဆင်ရွိုင်ရယ်တို့အားလာလီဂါတွင်ကစားသမားမှတ်ပုံတင်နိုင်ခြင်းမရှိသေးပါဘူး။

ယင်းအနေအထားကြောင့်ဘာစီလိုနာအနေဖြင့်အသင်းရှိအခြားကစားသမားများကို ရောင်းချခြင်း၊အငှားချခြင်းတို့ပြုလုပ်ကာအသုံးစရိတ်လျှော့ချမှုပြုလုပ်ရပါဦးမယ်။၏

လက်ရှိအချိန်တွင်ဘာစီလိုနာမှထွက်ခွာရန်သေချာနေသူများကတော့ပီယာနစ်၊ကော်တင်ဟို၊ဆင်မြူရယ်အုမ်တီတီတို့ဖြစ်ပါတယ်။

ZawGyi

ကစားသမားသစ္မ်ားကို မွတ္ပုံတင္ႏိုင္ျခင္းမရွိေသးမႈနဲ႔အတူ မက္ဆီကို စာခ်ဳပ္သစ္ခ်ဳပ္ရန္ ဘာကာမေသမခ်ာျဖစ္ေန

ဘာစီလိုနာဟာအသုံးစရိတ္ေလွ်ာ့ခ်မႈျပဳလုပ္ထားၿပီးျဖစ္ေပမယ့္လည္းအသစ္ေခၚယူထားတဲ့ကစားသမားသစ္မ်ားကိုလာလီဂါတြင္မွတ္ပုံတင္ႏိုင္ျခင္းမရွိေသးမႈနဲ႔အတူလီယြန္နယ္မက္ဆီအားစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္မေရမရာျဖစ္ေနတဲ့အေနအထားမွာရွိေနပါတယ္။

အသက္၃၄ႏွစ္ရွိဘာစီလိုနာဂႏၴဝင္ကစားသမားဟာၿပီးခဲ့တဲ့ဇြန္လ၃၀တြင္ဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့သူျဖစ္ၿပီးလက္ရွိအခ်ိန္တြင္ကလပ္လက္မဲ့ျဖစ္ေနပါတယ္။

အားလုံးကသူဟာဘာစီလိုနာႏွင့္၂ႏွစ္စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုမယ္လို႔ယုံၾကည္ေနၾကေပမယ့္လည္းလက္ရွိအေနအထားအရဘာစီလိုနာဘက္ကသူ႔ကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ဖို႔မေရမရာျဖစ္ေနပါတယ္။

ဘာစီလိုနာဟာေႂကြးၿမီေပါင္၁ဘီလီယံအထိတင္ရွိေနၿပီးအသင္းရဲ႕တစ္ႏွစ္အသုံးစရိတ္ကိုေပါင္၃၃၁သန္းမွေပါင္သန္း၃၀၀သို႔အထိေလွ်ာ့ခ်ထားပါတယ္။

ဒါေပမယ့္လည္းဘာစီလိုနာဟာလာလီဂါကသတ္မွတ္တဲ့အသုံးစရိတ္ေလွ်ာ့ခ်မႈအထိျပဳလုပ္ႏိုင္ျခင္းမရွိေသးမႈနဲ႔အတူမက္ဆီကိုစာခ်ဳပ္သက္တမ္းတိုးရန္မေရမရာျဖစ္ေနပါတယ္။

မက္ဆီရဲ႕ေနာက္ဆုံးစာခ်ဳပ္ကတစ္ပတ္လွ်င္ေပါင္၂.၄သန္းတန္ေၾကးရွိၿပီးတစ္ႏွစ္လုပ္ခေပါင္၁၂၃သန္းျဖစ္ပါတယ္။

ဘာစီလိုနာဟာယခုေႏြရာသီမွာမားသီးယပ္စ္ဖာနန္ဒက္စ္၊ဂ်ဴအန္မီရန္ဒါ၊ကြန္ရက္ဒီလာဖြန္တီ၊ဂ်ိန္းကလဲယားတိုဒီဘို၊ထရန္ကာအိုတို႔အားအသင္းမွထြက္ခြာေစၿပီးျဖစ္ပါတယ္။

ဒါေပမယ့္လည္းဘာစီလိုနာဟာလုပ္ခေလွ်ာ့ခ်မႈမွာနည္းပါးေနေသးရာအသစ္ေခၚယူထားတဲ့ဆာဂ်ီယိုအဂူ႐ို၊မမ္ဖစ္ဒီေပး၊အဲရစ္ဂါစီယာႏွင့္အီမာဆင္႐ြိဳင္ရယ္တို႔အားလာလီဂါတြင္ကစားသမားမွတ္ပုံတင္ႏိုင္ျခင္းမရွိေသးပါဘူး။

ယင္းအေနအထားေၾကာင့္ဘာစီလိုနာအေနျဖင့္အသင္းရွိအျခားကစားသမားမ်ားကို ေရာင္းခ်ျခင္း၊အငွားခ်ျခင္းတို႔ျပဳလုပ္ကာအသုံးစရိတ္ေလွ်ာ့ခ်မႈျပဳလုပ္ရပါဦးမယ္။၏

လက္ရွိအခ်ိန္တြင္ဘာစီလိုနာမွထြက္ခြာရန္ေသခ်ာေနသူမ်ားကေတာ့ပီယာနစ္၊ေကာ္တင္ဟို၊ဆင္ျမဴရယ္အုမ္တီတီတို႔ျဖစ္ပါတယ္။