ကစားသမားသစ် ၃ ဦးကို ချန်ပီယံလိဂ်တွင် မှတ်ပုံတင်ရန် ကစားသမားတစ်ဦးကို ဖယ်ရှားရတော့မဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ခေါ်ယူထားတဲ့ကစားသမား၃ဦးလုံးကိုချန်ပီယံလိဂ်တွင်ကစားသမားမှတ်ပုံတင်နိုင်မှာမဟုတ်ဘဲ၁ဦးကိုဖယ်ရှားပြီးမှသာမှတ်ပုံတင်နိုင်ပါမယ်။

ချဲလ်ဆီးဟာတနင်္ဂနွေနေ့ညတုန်းကခရစ္စတယ်ပဲလေ့စ်ကို၁-ဝဂိုးဖြင့်အနိုင်ရတဲ့ပွဲယခုနွေရာသီပဉ္စမမြောက်ကစားသမားခေါ်ယူမှုအဖြစ်မိုင်ခေလိုမူဒရစ်ကိုမိတ်ဆက်ခဲ့ပါတယ်။

ယူကရိန်းစတားမိုင်ခေလိုမူဒရစ်ဟာအာဆင်နယ်သို့ပြောင်းရွှေ့မယ်လို့ယူဆပြီးရမှချဲလ်ဆီးဘက်ကရှက်တာဒိုးနက်စ်ဘက်ကတောင်းဆိုတဲ့ကြေးအတိုင်းပေးမှုနဲ့အတူစတမ်းဖို့ဒ်ဘရစ်ချ်သို့ပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးဟာမူဒရစ်မတိုင်မီယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ဒေးဗစ်ဒါထရိုဖိုဖာနာ၊အင်ဒရေဆန်းတို့စ်၊ဘီနွိုက်ဘာဒီယာရှေးလ်၊ဂျာအိုဖီးလစ်တို့ကိုခေါ်ယူထားပါတယ်။

ချဲလ်ဆီးဟာပထမရာသီဝက်တုန်းကရလဒ်ကောင်းများမရယူခဲ့မှု၊ဒဏ်ရာပြဿနာများစွာကြုံတွေ့ရမှုနဲ့အတူအသင်းကိုအားဖြည့်ရန်လိုအပ်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ချဲလ်ဆီးအသင်းဟာချန်ပီယံလိဂ်တွင်အသင်းတွင်ရှိသမျှကစားသမားအားလုံးကိုအသုံးပြုနိုင်မှာမဟုတ်ပါဘူး။

ချန်ပီယံလိဂ်စည်းမျဉ်းအရ အသင်းတစ်သင်းအနေဖြင့်ငယ်မွေးခြံပေါက်ကစားသမားမဟုတ်တဲ့ကစားသမား၁၇ဦးတည်းကိုသာမှတ်ပုံတင်ခွင့်ရှိပါတယ်။

ဒါပေမဲ့ Daily Mail ရဲ့ဖော်ပြချက်အရချဲလ်ဆီးဟာငယ်မွေးခြံပေါက်မဟုတ်တဲ့ကစားသမား၁၈ဦးအထိရှိနေပါတယ်။

ချဲလ်ဆီးဟာဖေဖော်ဝါရီလ၁၅ရက်နေ့ဒေါ့မွန်နှင့်ရင်ဆိုင်ရမဲ့ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်မတိုင်မီကစားသမားသစ်များထဲမှ၃ဦးကိုမှတ်ပုံတင်နိုင်ပါမယ်။

ချဲလ်ဆီးဟာကစားသမားသစ်များထဲမှဘာဒီယာရှေးလ်၊ဖီးလစ်နှင့်မူဒရစ်တို့ကိုမှတ်ပုံတင်လာမယ်လို့ယူဆရပါတယ်။

ဒါပေမဲ့ဂရေဟမ်ပေါ်တာအနေဖြင့်ယင်းကစားသမား၃ဦးတို့ကိုမှတ်ပုံတင်ရန်အတွက်လက်ရှိချန်ပီယံလိဂ်တွင်ကစားသမားမှတ်ပုံတင်ထားတဲ့ကစားသမားများထဲမှတစ်ဦးကိုဖယ်ရှားလာရပါမယ်။

ဂရေဟမ်ပေါ်တာဟာလက်ရှိဒဏ်ရာပြဿနာများကြုံတွေ့နေရတဲ့ခရစ္စတီယန်ပူလီဆစ်၊အန်ဂိုလိုကန်တီ၊ဒီနစ်ဇာကာရီယာတို့ထဲမှတစ်ဦးကိုဖယ်ရှားလာရပါမယ်။

ခရစ္စတီယန်ပူလီဆစ်မှာဒူးဒဏ်ရာကြောင့်၂လကြာအနားယူနေရသူဖြစ်ပြီးဂျူဗင်တပ်မှအငှားဖြင့်လာရောက်ကစားနေတဲ့ဇာကာရီယာမှာလည်းပေါင်ရှေ့ကြွက်သားဒဏ်ရာကြောင့်လေးပတ်ကြာအနားရပါမယ်။ကန်တီမှာလည်းပေါင်ကြွက်သားဒဏ်ရာကြောင့်ဩဂုတ်လကတည်းကအနားယူနေရပါတယ်။

ZawGyi

ကစားသမားသစ္ ၃ ဦးကို ခ်န္ပီယံလိဂ္တြင္ မွတ္ပုံတင္ရန္ ကစားသမားတစ္ဦးကို ဖယ္ရွားရေတာ့မဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ေခၚယူထားတဲ့ကစားသမား၃ဦးလုံးကိုခ်န္ပီယံလိဂ္တြင္ကစားသမားမွတ္ပုံတင္ႏိုင္မွာမဟုတ္ဘဲ၁ဦးကိုဖယ္ရွားၿပီးမွသာမွတ္ပုံတင္ႏိုင္ပါမယ္။

ခ်ဲလ္ဆီးဟာတနဂၤေႏြေန႔ညတုန္းကခရစၥတယ္ပဲေလ့စ္ကို၁-ဝဂိုးျဖင့္အႏိုင္ရတဲ့ပြဲယခုေႏြရာသီပၪၥမေျမာက္ကစားသမားေခၚယူမႈအျဖစ္မိုင္ေခလိုမူဒရစ္ကိုမိတ္ဆက္ခဲ့ပါတယ္။

ယူကရိန္းစတားမိုင္ေခလိုမူဒရစ္ဟာအာဆင္နယ္သို႔ေျပာင္းေ႐ႊ႕မယ္လို႔ယူဆၿပီးရမွခ်ဲလ္ဆီးဘက္ကရွက္တာဒိုးနက္စ္ဘက္ကေတာင္းဆိုတဲ့ေၾကးအတိုင္းေပးမႈနဲ႔အတူစတမ္းဖို႔ဒ္ဘရစ္ခ်္သို႔ေျပာင္းေ႐ႊ႕လာခဲ့တာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာမူဒရစ္မတိုင္မီယခုဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ေဒးဗစ္ဒါထ႐ိုဖိုဖာနာ၊အင္ဒေရဆန္းတို႔စ္၊ဘီႏြိဳက္ဘာဒီယာေရွးလ္၊ဂ်ာအိုဖီးလစ္တို႔ကိုေခၚယူထားပါတယ္။

ခ်ဲလ္ဆီးဟာပထမရာသီဝက္တုန္းကရလဒ္ေကာင္းမ်ားမရယူခဲ့မႈ၊ဒဏ္ရာျပႆနာမ်ားစြာႀကဳံေတြ႕ရမႈနဲ႔အတူအသင္းကိုအားျဖည့္ရန္လိုအပ္ေနခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ခ်ဲလ္ဆီးအသင္းဟာခ်န္ပီယံလိဂ္တြင္အသင္းတြင္ရွိသမွ်ကစားသမားအားလုံးကိုအသုံးျပဳႏိုင္မွာမဟုတ္ပါဘူး။

ခ်န္ပီယံလိဂ္စည္းမ်ဥ္းအရ အသင္းတစ္သင္းအေနျဖင့္ငယ္ေမြးၿခံေပါက္ကစားသမားမဟုတ္တဲ့ကစားသမား၁၇ဦးတည္းကိုသာမွတ္ပုံတင္ခြင့္ရွိပါတယ္။

ဒါေပမဲ့ Daily Mail ရဲ႕ေဖာ္ျပခ်က္အရခ်ဲလ္ဆီးဟာငယ္ေမြးၿခံေပါက္မဟုတ္တဲ့ကစားသမား၁၈ဦးအထိရွိေနပါတယ္။

ခ်ဲလ္ဆီးဟာေဖေဖာ္ဝါရီလ၁၅ရက္ေန႔ေဒါ့မြန္ႏွင့္ရင္ဆိုင္ရမဲ့ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္မတိုင္မီကစားသမားသစ္မ်ားထဲမွ၃ဦးကိုမွတ္ပုံတင္ႏိုင္ပါမယ္။

ခ်ဲလ္ဆီးဟာကစားသမားသစ္မ်ားထဲမွဘာဒီယာေရွးလ္၊ဖီးလစ္ႏွင့္မူဒရစ္တို႔ကိုမွတ္ပုံတင္လာမယ္လို႔ယူဆရပါတယ္။

ဒါေပမဲ့ဂေရဟမ္ေပၚတာအေနျဖင့္ယင္းကစားသမား၃ဦးတို႔ကိုမွတ္ပုံတင္ရန္အတြက္လက္ရွိခ်န္ပီယံလိဂ္တြင္ကစားသမားမွတ္ပုံတင္ထားတဲ့ကစားသမားမ်ားထဲမွတစ္ဦးကိုဖယ္ရွားလာရပါမယ္။

ဂေရဟမ္ေပၚတာဟာလက္ရွိဒဏ္ရာျပႆနာမ်ားႀကဳံေတြ႕ေနရတဲ့ခရစၥတီယန္ပူလီဆစ္၊အန္ဂိုလိုကန္တီ၊ဒီနစ္ဇာကာရီယာတို႔ထဲမွတစ္ဦးကိုဖယ္ရွားလာရပါမယ္။

ခရစၥတီယန္ပူလီဆစ္မွာဒူးဒဏ္ရာေၾကာင့္၂လၾကာအနားယူေနရသူျဖစ္ၿပီးဂ်ဴဗင္တပ္မွအငွားျဖင့္လာေရာက္ကစားေနတဲ့ဇာကာရီယာမွာလည္းေပါင္ေရွ႕ႂကြက္သားဒဏ္ရာေၾကာင့္ေလးပတ္ၾကာအနားရပါမယ္။ကန္တီမွာလည္းေပါင္ႂကြက္သားဒဏ္ရာေၾကာင့္ဩဂုတ္လကတည္းကအနားယူေနရပါတယ္။