ကစားသမားသစ်‌ ၆ ဦး ခေါ်ယူပေးမယ့်လို့ ချဲလ်ဆီးနည်းပြတူချယ် ကတိရရှိထား

ချဲလ်ဆီးပူးတွဲပိုင်ရှင်တော့ဒ်ဘိုလီကယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ကစားသမားသစ်ခြောက်ခေါ်ယူအားဖြည့်ပေးသွားမယ်လို့နည်းပြသောမတ်စ်တူချယ်ကိုကတိပြုထားကြောင်းသိရပါတယ်။

ချဲလ်ဆီးဥက္ကဌသစ်နှင့်အပြောင်းအရွှေ့ညှိနှိုင်းရေးမှူးသစ်တော့ဒ်ဘိုလီဟာယခုအပတ်တွင်ကလပ်ရဲ့အပြာင်းအရွှေ့များနှင့်ပတ်သက်ပြီးနည်းပြသောမတ်စ်တူချယ်နှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။

The Telgraph ရဲ့ဖော်ပြမှုအရအမေရိကန်ပူးတွဲပိုင်ရှင်သစ်ဟာယင်းဆွေးနွေးမှုတွင်တူချယ်အားအပြောင်းအရွှေ့ဈေးကွက်မပိတ်မီကစားသမားသစ်ခြောက်ဦးခေါ်ယူပေးမယ်လို့ကတိပြုခဲ့ပါတယ်။

ဘိုလီဟာတူချယ်အတွက်အပြောင်းအရွှေ့အသုံးစရိတ်ပေါင်သန်း၂၀၀အထိခွင့်ပြုပေးသွားမှာလည်းဖြစ်ပါတယ်။

သောမတ်စ်တူချယ်ဟာအသင်းမှထွက်ခွာသွားတဲ့အန်တိုနီယိုရူဒီဂါနှင့်အင်ဒရေခရစ်တင်ဆင်တို့ရဲ့နေရာတွင်အဓိကအစားထိုးရန်လိုအပ်နေပြီးဂျူဗင်တပ်ဗဟိုနောက်ခံလူဒီလက်နှင့်ဆီဗီလာနောက်ခံလူဂျူးစ်ခွန်ဒီတို့ကိုပစ်မှတ်ထားနေပါတယ်။

ဒါ့အပြင်ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ရဲ့ပစ်မှတ်ထဲတွင်မန်စီးတီးစတားရာဟမ်းစတာလင်း၊ဘရာဇီးစတားများဖြစ်ကြတဲ့အန်တိုနီ၊ရာဖင်ညာနှင့်ရီချက်လီဆင်တို့လည်းပါဝင်နေပါတယ်။

ချဲလ်ဆီးဟာလူကာကူကိုအသင်းဟောင်းအင်တာသို့အငှားချထားပြီးဖြစ်သလို အက်ဇ်ပီလီကူတာ၊မာကို့စ်အလွန်ဆို၊ဟာကမ်ဇီယက်ချ်၊ခရစ္စတင်ဆင်ပူလစ်ဆင်၊တီမိုဝါနာနှင့်ကီပါအာရီဇာဘာလာဂါတို့ကိုလည်းရောင်းချသွားဖို့ရှိနေပါတယ်။

ချဲလ်ဆီးပူးတွဲပိုင်ရှင်တော့ဒ်ဘိုလီဟာချဲလ်ဆီးဥက္ကဌသစ်အဖြစ်တာဝန်ထမ်းဆောင်သွားမှာဖြစ်သလိုယခုလအကုန်တွင်ဒါရိုက်တာရာထူးမှထွက်ခွာမယ့်မာရီနာဂရာနိုစကိုင်ယာရဲ့အပြောင်းအရွှေ့ညှိနှိုင်းရေးမှူးနေရာကိုလည်းထမ်းဆောင်သွားပါမယ်။

ZawGyi

ကစားသမားသစ္‌ ၆ ဦး ေခၚယူေပးမယ့္လို႔ ခ်ဲလ္ဆီးနည္းျပတူခ်ယ္ ကတိရရွိထား

ခ်ဲလ္ဆီးပူးတြဲပိုင္ရွင္ေတာ့ဒ္ဘိုလီကယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ကစားသမားသစ္ေျခာက္ေခၚယူအားျဖည့္ေပးသြားမယ္လို႔နည္းျပေသာမတ္စ္တူခ်ယ္ကိုကတိျပဳထားေၾကာင္းသိရပါတယ္။

ခ်ဲလ္ဆီးဥကၠဌသစ္ႏွင့္အေျပာင္းအေ႐ႊ႕ညႇိႏႈိင္းေရးမႉးသစ္ေတာ့ဒ္ဘိုလီဟာယခုအပတ္တြင္ကလပ္ရဲ႕အျပာင္းအေ႐ႊ႕မ်ားႏွင့္ပတ္သက္ၿပီးနည္းျပေသာမတ္စ္တူခ်ယ္ႏွင့္ေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ပါတယ္။

The Telgraph ရဲ႕ေဖာ္ျပမႈအရအေမရိကန္ပူးတြဲပိုင္ရွင္သစ္ဟာယင္းေဆြးေႏြးမႈတြင္တူခ်ယ္အားအေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္မီကစားသမားသစ္ေျခာက္ဦးေခၚယူေပးမယ္လို႔ကတိျပဳခဲ့ပါတယ္။

ဘိုလီဟာတူခ်ယ္အတြက္အေျပာင္းအေ႐ႊ႕အသုံးစရိတ္ေပါင္သန္း၂၀၀အထိခြင့္ျပဳေပးသြားမွာလည္းျဖစ္ပါတယ္။

ေသာမတ္စ္တူခ်ယ္ဟာအသင္းမွထြက္ခြာသြားတဲ့အန္တိုနီယို႐ူဒီဂါႏွင့္အင္ဒေရခရစ္တင္ဆင္တို႔ရဲ႕ေနရာတြင္အဓိကအစားထိုးရန္လိုအပ္ေနၿပီးဂ်ဴဗင္တပ္ဗဟိုေနာက္ခံလူဒီလက္ႏွင့္ဆီဗီလာေနာက္ခံလူဂ်ဴးစ္ခြန္ဒီတို႔ကိုပစ္မွတ္ထားေနပါတယ္။

ဒါ့အျပင္ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ရဲ႕ပစ္မွတ္ထဲတြင္မန္စီးတီးစတားရာဟမ္းစတာလင္း၊ဘရာဇီးစတားမ်ားျဖစ္ၾကတဲ့အန္တိုနီ၊ရာဖင္ညာႏွင့္ရီခ်က္လီဆင္တို႔လည္းပါဝင္ေနပါတယ္။

ခ်ဲလ္ဆီးဟာလူကာကူကိုအသင္းေဟာင္းအင္တာသို႔အငွားခ်ထားၿပီးျဖစ္သလို အက္ဇ္ပီလီကူတာ၊မာကို႔စ္အလြန္ဆို၊ဟာကမ္ဇီယက္ခ်္၊ခရစၥတင္ဆင္ပူလစ္ဆင္၊တီမိုဝါနာႏွင့္ကီပါအာရီဇာဘာလာဂါတို႔ကိုလည္းေရာင္းခ်သြားဖို႔ရွိေနပါတယ္။

ခ်ဲလ္ဆီးပူးတြဲပိုင္ရွင္ေတာ့ဒ္ဘိုလီဟာခ်ဲလ္ဆီးဥကၠဌသစ္အျဖစ္တာဝန္ထမ္းေဆာင္သြားမွာျဖစ္သလိုယခုလအကုန္တြင္ဒါ႐ိုက္တာရာထူးမွထြက္ခြာမယ့္မာရီနာဂရာႏိုစကိုင္ယာရဲ႕အေျပာင္းအေ႐ႊ႕ညႇိႏႈိင္းေရးမႉးေနရာကိုလည္းထမ္းေဆာင္သြားပါမယ္။