ကစားသမားသုံးဦးကို ယူရိုသန်း ၁၃၀ ဖြင့်ခေါ်ယူပြီး ဘာစီလိုနာကို ဖျက်ဆီးသွားမယ့် ချဲလ်ဆီး

ချဲလ်ဆီးအသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ချ်ဟာဘာစီလိုနာကစားသမားများဖြစ်ကြတဲ့ဖရန်ကီဒီဂျောင်၊ဂါဗီနှင့်ဆာဂျီယိုဒက်စ်တို့ကိုခေါ်ယူလိုနေကြောင်းသိရပါတယ်။

ချဲလ်ဆီးဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှမန်စီးတီးနှင့်ရမှတ်၁၂မှတ်အထိကွာဟနေပြီးနည်းပြတူချယ်မှာအသင်းကိုအားဖြည့်မှုများပြုလုပ်လိုနေပါတယ်။

တူချယ်ဟာပြီးခဲ့တဲ့နွေရာသီတုန်းကလူကာကူနှင့်ဆောနီဂွက်ဇ်တို့နှစ်ဦးတည်းကိုသာခေါ်ယူမှုပြုလုပ်ခဲ့ပါတယ်။

El Nacional ရဲ့ဖော်ပြချက်အရအေဘရာမိုဗစ်ချ်ဟာတူချယ်အတွက်အသုံးစရိတ်အလုံအလောက်ထုတ်ပေးသွားရန်အဆင်သင့်ရှိနေပြီးချဲလ်ဆီးဟာအားနည်းနေပြီးသားဖြစ်တဲ့ဘာစီလိုနာကိုဖျက်ဆီးရန်ကြိုးပမ်းလာပါတယ်။

ဒီဂျောင်ကချဲလ်ဆီးခေါ်ယူလိုတဲ့ဦးစားပေးကစားသမားဖြစ်ပြီးအေဘရာမိုဗစ်ချ်ကိုယ်တိုင် အကြိုက်တွေ့တဲ့ကစားသမားလည်းဖြစ်ပါတယ်။တူချယ်ကိုယ်တိုင်ကလည်းနယ်သာလန်လက်ရွေးစင်အားဆောနီဂွက်ဇ်နေရာမှာအစားထိုးဖို့စိတ်ဝင်စားနေပါတယ်။

ချဲလ်ဆီးရဲ့ဒုတိယပစ်မှတ်ကဂါဗီဖြစ်ပါတယ်။ဂါဗီဟာဘာစီလိုနာအကယ်ဒမီစာချုပ်ဖြင့်ကစားနေဆဲကစားသမားဖြစ်ပြီးစာချုပ်သစ်မချုပ်ဆိုရသေးပါဘူး။ ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာကြုံနေရမှုနဲ့အတူအသက်၁၇နှစ်ရှိစပိန်လက်ရွေးစင်ကိုစာချုပ်သစ်မကမ်းလှမ်းနိုင်သေးပါဘူး။ဂါဗီကဘာစီလိုနာတွင်ကစားလိုနေပေမဲ့ချဲလ်ဆီးကစာချုပ်ပါအချက်အတိုင်းယူရိုသန်း၅၀ပေးပြီးကြိုးပမ်းလာဖို့ရှိပါတယ်။

ချဲလ်ဆီးရဲ့တတိယပစ်မှတ်ကဆာဂျီယိုဒက်စ်ဖြစ်ပါတယ်။သူဟာဒါနီအဲလ်ဗက်စ်ရောက်လာမှုနဲ့အတူ နေရာရရန်ရုန်းကန်လာရပါတယ်။သူ့ကိုဘိုင်ယန်မြူးနစ်ကလည်းစိတ်ဝင်စားနေပါတယ်။

ZawGyi

ကစားသမားသုံးဦးကို ယူ႐ိုသန္း ၁၃၀ ျဖင့္ေခၚယူၿပီး ဘာစီလိုနာကို ဖ်က္ဆီးသြားမယ့္ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းပိုင္ရွင္႐ိုမန္ေအဘရာမိုဗစ္ခ်္ဟာဘာစီလိုနာကစားသမားမ်ားျဖစ္ၾကတဲ့ဖရန္ကီဒီေဂ်ာင္၊ဂါဗီႏွင့္ဆာဂ်ီယိုဒက္စ္တို႔ကိုေခၚယူလိုေနေၾကာင္းသိရပါတယ္။

ခ်ဲလ္ဆီးဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွမန္စီးတီးႏွင့္ရမွတ္၁၂မွတ္အထိကြာဟေနၿပီးနည္းျပတူခ်ယ္မွာအသင္းကိုအားျဖည့္မႈမ်ားျပဳလုပ္လိုေနပါတယ္။

တူခ်ယ္ဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကလူကာကူႏွင့္ေဆာနီဂြက္ဇ္တို႔ႏွစ္ဦးတည္းကိုသာေခၚယူမႈျပဳလုပ္ခဲ့ပါတယ္။

El Nacional ရဲ႕ေဖာ္ျပခ်က္အရေအဘရာမိုဗစ္ခ်္ဟာတူခ်ယ္အတြက္အသုံးစရိတ္အလုံအေလာက္ထုတ္ေပးသြားရန္အဆင္သင့္ရွိေနၿပီးခ်ဲလ္ဆီးဟာအားနည္းေနၿပီးသားျဖစ္တဲ့ဘာစီလိုနာကိုဖ်က္ဆီးရန္ႀကိဳးပမ္းလာပါတယ္။

ဒီေဂ်ာင္ကခ်ဲလ္ဆီးေခၚယူလိုတဲ့ဦးစားေပးကစားသမားျဖစ္ၿပီးေအဘရာမိုဗစ္ခ်္ကိုယ္တိုင္ အႀကိဳက္ေတြ႕တဲ့ကစားသမားလည္းျဖစ္ပါတယ္။တူခ်ယ္ကိုယ္တိုင္ကလည္းနယ္သာလန္လက္ေ႐ြးစင္အားေဆာနီဂြက္ဇ္ေနရာမွာအစားထိုးဖို႔စိတ္ဝင္စားေနပါတယ္။

ခ်ဲလ္ဆီးရဲ႕ဒုတိယပစ္မွတ္ကဂါဗီျဖစ္ပါတယ္။ဂါဗီဟာဘာစီလိုနာအကယ္ဒမီစာခ်ဳပ္ျဖင့္ကစားေနဆဲကစားသမားျဖစ္ၿပီးစာခ်ဳပ္သစ္မခ်ဳပ္ဆိုရေသးပါဘူး။ ဘာစီလိုနာဟာဘ႑ာေရးျပႆနာႀကဳံေနရမႈနဲ႔အတူအသက္၁၇ႏွစ္ရွိစပိန္လက္ေ႐ြးစင္ကိုစာခ်ဳပ္သစ္မကမ္းလွမ္းႏိုင္ေသးပါဘူး။ဂါဗီကဘာစီလိုနာတြင္ကစားလိုေနေပမဲ့ခ်ဲလ္ဆီးကစာခ်ဳပ္ပါအခ်က္အတိုင္းယူ႐ိုသန္း၅၀ေပးၿပီးႀကိဳးပမ္းလာဖို႔ရွိပါတယ္။

ခ်ဲလ္ဆီးရဲ႕တတိယပစ္မွတ္ကဆာဂ်ီယိုဒက္စ္ျဖစ္ပါတယ္။သူဟာဒါနီအဲလ္ဗက္စ္ေရာက္လာမႈနဲ႔အတူ ေနရာရရန္႐ုန္းကန္လာရပါတယ္။သူ႔ကိုဘိုင္ယန္ျမဴးနစ္ကလည္းစိတ္ဝင္စားေနပါတယ္။