ကစားသမားအချို့ဝိတ်တက်နေမှုကြောင့် စပါးစ်မှာ အရေးကြီးတဲ့စည်းကမ်းနှစ်ခုချမှတ်လိုက်တဲ့ အန်တိုနီယိုကွန်တီ

အန်တိုနီယိုကွန်တီဟာစပါးစ်ကစားသမားအချို့မှာဝိတ်တက်နေတယ်လို့ယူဆမှုနှင့်အတူစပါးစ်အသင်း Canteen မှာစည်းကမ်းနှစ်ခုချမှတ်လိုက်ပါတယ်။

ကွန်တီဟာကစားသမားများရဲ့ကြံ့ခိုင်မှုပိုမိုကောင်းမွန်လာစေရန်အတွက် ကလပ်ရဲ့စားသောက်ပုံစံကိုအကြီးအကျယ်အပြောင်းအလဲပြုလုပ်လာတာလည်းဖြစ်ပါတယ်။

The Athletic ရဲ့ဖော်ပြချက်အရစပါးစ်နည်းပြကွန်တီဟာ အသင်း Canteen မှာအာလူးဆော့နှင့်မီယိုးနစ်တို့ကိုပိတ်ပင်လိုက်ပြီးကစားသမားများကိုပိုမိုကျန်းမာကြံ့ခိုင်စေမယ့်အစားအသောက်များကိုစားစေခဲ့ကြောင်းသိရပါတယ်။

တစ်ဖက်တွင်ကွန်တီဟာသူ့ရဲ့လေ့ကျင့်ခန်းအစီအစဉ်များကိုအတိအကျလိုက်နာစေပြီးကစားသမားများကိုကြံ့ခိုင်မှုအဆင့်အတန်းမြင့်မားသထက်မြင့်မားလာအောင်လည်းလုပ်ဆောင်နေပါတယ်။

ချဲလ်ဆီးနှင့်အတူပရီးမီးယားလိဂ်ဖလားနှင့်အက်ဖ်အေဖလားတို့ဆွတ်ခူးနိုင်ခဲ့တဲ့ကွန်တီဟာစပါးစ်သို့ရောက်လာပြီးနောက်၂ပွဲကိုင်တွယ်ထားပါတယ်။သူဟာဗီတက်စ်ဆီနှင့်ကွန်ဖရင့်လိဂ်ပထမဆုံးပွဲမှာအနိုင်ရယူထားပြီးပြီးခဲ့တဲ့အပတ်ကအဲဗာတန်နှင့်ပွဲမှာသရေကျထားပါတယ်။

ZawGyi

ကစားသမားအခ်ိဳ႕ဝိတ္တက္ေနမႈေၾကာင့္ စပါးစ္မွာ အေရးႀကီးတဲ့စည္းကမ္းႏွစ္ခုခ်မွတ္လိုက္တဲ့ အန္တိုနီယိုကြန္တီ

အန္တိုနီယိုကြန္တီဟာစပါးစ္ကစားသမားအခ်ိဳ႕မွာဝိတ္တက္ေနတယ္လို႔ယူဆမႈႏွင့္အတူစပါးစ္အသင္း Canteen မွာစည္းကမ္းႏွစ္ခုခ်မွတ္လိုက္ပါတယ္။

ကြန္တီဟာကစားသမားမ်ားရဲ႕ႀကံ့ခိုင္မႈပိုမိုေကာင္းမြန္လာေစရန္အတြက္ ကလပ္ရဲ႕စားေသာက္ပုံစံကိုအႀကီးအက်ယ္အေျပာင္းအလဲျပဳလုပ္လာတာလည္းျဖစ္ပါတယ္။

The Athletic ရဲ႕ေဖာ္ျပခ်က္အရစပါးစ္နည္းျပကြန္တီဟာ အသင္း Canteen မွာအာလူးေဆာ့ႏွင့္မီယိုးနစ္တို႔ကိုပိတ္ပင္လိုက္ၿပီးကစားသမားမ်ားကိုပိုမိုက်န္းမာႀကံ့ခိုင္ေစမယ့္အစားအေသာက္မ်ားကိုစားေစခဲ့ေၾကာင္းသိရပါတယ္။

တစ္ဖက္တြင္ကြန္တီဟာသူ႔ရဲ႕ေလ့က်င့္ခန္းအစီအစဥ္မ်ားကိုအတိအက်လိုက္နာေစၿပီးကစားသမားမ်ားကိုႀကံ့ခိုင္မႈအဆင့္အတန္းျမင့္မားသထက္ျမင့္မားလာေအာင္လည္းလုပ္ေဆာင္ေနပါတယ္။

ခ်ဲလ္ဆီးႏွင့္အတူပရီးမီးယားလိဂ္ဖလားႏွင့္အက္ဖ္ေအဖလားတို႔ဆြတ္ခူးႏိုင္ခဲ့တဲ့ကြန္တီဟာစပါးစ္သို႔ေရာက္လာၿပီးေနာက္၂ပြဲကိုင္တြယ္ထားပါတယ္။သူဟာဗီတက္စ္ဆီႏွင့္ကြန္ဖရင့္လိဂ္ပထမဆုံးပြဲမွာအႏိုင္ရယူထားၿပီးၿပီးခဲ့တဲ့အပတ္ကအဲဗာတန္ႏွင့္ပြဲမွာသေရက်ထားပါတယ္။