ကစားသမား ၁၁ ဦးအထိ ရှင်းထုတ်သွားဖို့ရှိနေတဲ့ ချဲလ်ဆီး

သောမတ်စ်တူချယ်ဟာလာမယ့်ဘောလုံးရာသီမှာချဲလ်ဆီးကိုပရီးမီးယားလိဂ်ဖလားအတွက်မန်စီးတီးကိုစိန်ခေါ်နိုင်တဲ့အသင်းဖြစ်လာအောင်တည်ဆောက်ရန်စီစဉ်နေကာ ကစားသမား၁၁ဦးအထိရှင်းလင်းမှုပြုလုပ်သွားဖို့ရှိနေပါတယ်။

သောမတ်စ်တူချယ်ဟာဇန်နဝါရီလတုန်းကအဆင့်၉နေရာတွင်ရပ်တည်နေတဲ့ချဲလ်ဆီးအသင်းသို့ရောက်လာခဲ့သူဖြစ်ပါတယ်။

သူဟာရာသီအကုန်မှာချဲလ်ဆီးကိုပရီးမီးယားလိဂ်မှာအဆင့်၄၊အက်ဖ်အေဖလားဗိုလ်လုပွဲသို့ပို့ဆောင်ပေးခဲ့တဲ့အပြင်ချန်ပီယံလိဂ်ဖလားဆွတ်ခူးပေးထားပါတယ်။

တူချယ်ဟာချဲလ်ဆီးကိုစိတ်ကြိုက်တည်ဆောက်ခွင့်ရရှိထားပြီးစိတ်ကြိုက်ကစားသမားများခေါ်ယူအားဖြည့်ရန်အတွက်ကစားသမား၁၁ဦးအထိရှင်းထုတ်မှုပြုလုပ်သွားဖို့ ရှိနေပါတယ်။

Daily Mail သတင်းစာရဲ့ဖော်ပြချက်အရချဲလ်ဆီးဟာယခုနွေရာသီတွင်အင်္ဂလန်နောက်ခံလူဖီကာယိုတိုမိုရီအပြင်တမ်မီအေဘရာဟမ်၊အိုလီဗီရာဂီရောက်၊ရို့စ်ဘာကလေ၊ရူဘင်လိုတပ်ဖ်ချက်ခ်၊ဘီလီဂေးလ်မိုး၊ကော်နာဂယ်လာဂါ၊ဒါဗီဒီဇက်ပါကော့စတာ၊ဘာကာယိုကို၊ခရစ္စတီယန်ပူလီဆစ်တို့အားရောင်းချသွားဖို့ရှိနေပါတယ်။

ချဲလ်ဆီးဟာဇန်နဝါရီလကတည်းကတိုမိုရီကိုအပြီးသတ်ရောင်းချမယ့်အချက်ဖြင့်အေစီမီလန်သို့အငှားချထားတာဖြစ်ပါတယ်။အေစီမီလန်ဟာအင်္ဂလန်လက်ရွေးစင်နောက်ခံလူကိုအပြီးသတ်ခေါ်ယူဖို့ဆွေးနွေးနေပါတယ်။

ဘာကလေနှင့်လိုတပ်ဖ်ချက်တို့မှာဗီလာ၊ဖူလ်ဟမ်သို့အငှားချခြင်းခံခဲ့ရသူဖြစ်ပါတယ်။ဂီရောက်မှာချဲလ်ဆီးနှင့်ယခုလအကုန်မှာစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးအသင်းပြောင်းဖို့ရှိနေပါတယ်။

တိုက်စစ်မှူးအေဘရာဟမ်မှာအက်ဖ်အေဖလားနှင့်ချန်ပီယံလိဂ်ဖလားဗိုလ်လုပွဲတို့တွင်ချန်လှပ်ခြင်းခံရပြီးနောက်ချဲလ်ဆီးမှထွက်ခွာဖို့ရှိနေပါတယ်။

ချဲလ်ဆီးဟာပထမအသင်းမှာနေရာရရှိဖို့ခက်ခဲနေတဲ့လူငယ်ပါရမီရှင်ဂေးလ်မိုးနှင့်ဂယ်လာဂါတို့ကိုအငှားချထားဖို့ရှိပါတယ်။

ZawGyi

ကစားသမား ၁၁ ဦးအထိ ရွင္းထုတ္သြားဖို႔ရွိေနတဲ့ ခ်ဲလ္ဆီး

ေသာမတ္စ္တူခ်ယ္ဟာလာမယ့္ေဘာလုံးရာသီမွာခ်ဲလ္ဆီးကိုပရီးမီးယားလိဂ္ဖလားအတြက္မန္စီးတီးကိုစိန္ေခၚႏိုင္တဲ့အသင္းျဖစ္လာေအာင္တည္ေဆာက္ရန္စီစဥ္ေနကာ ကစားသမား၁၁ဦးအထိရွင္းလင္းမႈျပဳလုပ္သြားဖို႔ရွိေနပါတယ္။

ေသာမတ္စ္တူခ်ယ္ဟာဇန္နဝါရီလတုန္းကအဆင့္၉ေနရာတြင္ရပ္တည္ေနတဲ့ခ်ဲလ္ဆီးအသင္းသို႔ေရာက္လာခဲ့သူျဖစ္ပါတယ္။

သူဟာရာသီအကုန္မွာခ်ဲလ္ဆီးကိုပရီးမီးယားလိဂ္မွာအဆင့္၄၊အက္ဖ္ေအဖလားဗိုလ္လုပြဲသို႔ပို႔ေဆာင္ေပးခဲ့တဲ့အျပင္ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးေပးထားပါတယ္။

တူခ်ယ္ဟာခ်ဲလ္ဆီးကိုစိတ္ႀကိဳက္တည္ေဆာက္ခြင့္ရရွိထားၿပီးစိတ္ႀကိဳက္ကစားသမားမ်ားေခၚယူအားျဖည့္ရန္အတြက္ကစားသမား၁၁ဦးအထိရွင္းထုတ္မႈျပဳလုပ္သြားဖို႔ ရွိေနပါတယ္။

Daily Mail သတင္းစာရဲ႕ေဖာ္ျပခ်က္အရခ်ဲလ္ဆီးဟာယခုေႏြရာသီတြင္အဂၤလန္ေနာက္ခံလူဖီကာယိုတိုမိုရီအျပင္တမ္မီေအဘရာဟမ္၊အိုလီဗီရာဂီေရာက္၊႐ို႕စ္ဘာကေလ၊႐ူဘင္လိုတပ္ဖ္ခ်က္ခ္၊ဘီလီေဂးလ္မိုး၊ေကာ္နာဂယ္လာဂါ၊ဒါဗီဒီဇက္ပါေကာ့စတာ၊ဘာကာယိုကို၊ခရစၥတီယန္ပူလီဆစ္တို႔အားေရာင္းခ်သြားဖို႔ရွိေနပါတယ္။

ခ်ဲလ္ဆီးဟာဇန္နဝါရီလကတည္းကတိုမိုရီကိုအၿပီးသတ္ေရာင္းခ်မယ့္အခ်က္ျဖင့္ေအစီမီလန္သို႔အငွားခ်ထားတာျဖစ္ပါတယ္။ေအစီမီလန္ဟာအဂၤလန္လက္ေ႐ြးစင္ေနာက္ခံလူကိုအၿပီးသတ္ေခၚယူဖို႔ေဆြးေႏြးေနပါတယ္။

ဘာကေလႏွင့္လိုတပ္ဖ္ခ်က္တို႔မွာဗီလာ၊ဖူလ္ဟမ္သို႔အငွားခ်ျခင္းခံခဲ့ရသူျဖစ္ပါတယ္။ဂီေရာက္မွာခ်ဲလ္ဆီးႏွင့္ယခုလအကုန္မွာစာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးအသင္းေျပာင္းဖို႔ရွိေနပါတယ္။

တိုက္စစ္မႉးေအဘရာဟမ္မွာအက္ဖ္ေအဖလားႏွင့္ခ်န္ပီယံလိဂ္ဖလားဗိုလ္လုပြဲတို႔တြင္ခ်န္လွပ္ျခင္းခံရၿပီးေနာက္ခ်ဲလ္ဆီးမွထြက္ခြာဖို႔ရွိေနပါတယ္။

ခ်ဲလ္ဆီးဟာပထမအသင္းမွာေနရာရရွိဖို႔ခက္ခဲေနတဲ့လူငယ္ပါရမီရွင္ေဂးလ္မိုးႏွင့္ဂယ္လာဂါတို႔ကိုအငွားခ်ထားဖို႔ရွိပါတယ္။