
အန်တိုနီဟာရှရစ်ကိုအနိုင်ရရှိတဲ့ပွဲတွင်အလှပြကစားမှုကြောင့်အပြင်းအထန်ဝေဖန်မှုများနှင့်ကြုံတွေ့ခဲ့ရပေမဲ့လည်း သူ့ပုံစံအတိုင်းပင်ဆက်လက်ကစားသွားမည်ဖြစ်ကြောင်းပြောကြားသွားပါတယ်။
နွေရာသီတုန်းကအေဂျက်စ်မှပေါင်၈၅သန်းဖြင့်ပြောင်းရွှေ့လာခဲ့တဲ့အန်တိုနီဟာအိုးထရက်ဖို့ဒ်သို့ရောက်လာပြီးနောက် အကောင်းဆုံးပုံစံဖြင့်ကစားနေသူလည်းဖြစ်ပါတယ်။
သူဟာကြားရက်တုန်းကရှရစ်ကို၃-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင် မလိုအပ်ဘဲ အလှပြကစားကွက် ဘောလုံးကို ၇၂၀ ဒီဂရီလှည့်ပြကွက်ကိုအသုံးပြုပြသခဲ့ပါတယ်။
ယင်းနောက်သူဟာ အကျိုးတစုံတရာမရှိဘဲအလှပြကစားမှုကြောင့်အပြင်းအထန်ဝေဖန်မှုများနှင့်ကြုံတွေ့ခဲ့ရပါတယ်။
ဒါ့အပြင်အဲရစ်တန်ဟက်ဟာလည်းပထမပိုင်းအပြီးတွင်အန်တိုနီကိုချက်ချင်းပင်လူစားလဲလှယ်မှုပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့အန်တိုနီက “ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့အနုပညာကြောင့် လူသိများနေတာ။ဘယ်နေရာဘဲရောက်ရောက်ကျွန်တော်လုပ်တာရပ်မှာမဟုတ်ဘူး”လို့ဆိုသွားပါတယ်။
ZawGyi
ကစားဟန်ပြောင်းလဲသွားမည်မဟုတ်ကြောင်း ယူနိုက်တက်စတားအန်တိုနီတုံ့ပြန်လာ