ကစ်ဆင်လာဆွဲတဲ့ ကစားဖော်ကို ပါးဖြတ်ရိုက်ခဲ့ဖူးတဲ့ ဇလာတန်အီဘရာဟီမိုဗစ်

အင်ဒီဗန်ဒါမေဒီကတစ်ခါတုန်းကအိပ်ပျောက်နေတဲ့ဇလာတန်အီဘရာဟီမိုဗစ်ရဲ့နှုတ်ခမ်းကိုကစ်ဆင်သွားဆွဲရာမှာပါးရိုက်ခံခဲ့ရကြောင်းဖွင့်ဟလာပါတယ်။

အီဘရာဟီမိုဗစ်နှင့်ဗန်ဒါမေဒီတို့ဟာအေဂျက်စ်တွင်နှစ်ရာသီကြာတွဲကစားခဲ့ကြသူများဖြစ်ပါတယ်။ဗန်ဒါမေဒီဟာဆွီဒင်တိုက်စစ်မှူးဇလာတန်အီဘရာဟီမိုဗစ်အားစနောက်လေ့ရှိသူလည်းဖြစ်ပါတယ်။

ယခုအခါအသက်၄၁နှစ်ရှိပြီဖြစ်တဲ့ဗန်ဒါမေဒီက “အဲဒီတုန်းကကျွန်တော်တို့အေဂျက်စ်မှာကစားနေတုန်းပါ။ဘတ်စ်ကားပေါ်မှာဆိုရင်ဇလာတန်နဲ့အတူတွဲထိုင်နေကြပါ။တစ်ခါတော့သူအိပ်ပျော်နေတယ်။ကျွန်တော်သူ့ကိုလိုလားတဲ့ပုံမျိုးနဲ့ပါးစပ်ကိုနမ်းထည့်လိုက်တယ်။စက္ကန့်ပိုင်းအကြာမှာပါးနှစ်ချက်အရိုက်ခံခဲ့ရတယ်”လို့ပြောကြားခဲ့ပါတယ်။

ဗန်ဒါမေဒီဟာအင်တာမီလန်သို့မပြောင်းမီအေဂျက်စ်တွင်အီဘရာဟီမိုဗစ်နှင့်အတူ၂၀၀၁မှ၂၀၀၃ခုနှစ်အထိအတူတွဲကစားခဲ့ကြပါတယ်။

ဗန်ဒါမေဒီဟာအဲဗာတန်သို့ရောက်ပြီးနောက်အရက်နှင့်ကိုယ်ရေးကိုယ်တာပြဿနာများကြောင့်ပရော်ဖက်ရှင်နယ်ကစားသမားဘဝကထိန်းကျောင်းမရဖြစ်ခဲ့ပါတယ်။

တစ်ခါတုန်းကသူ့မျိုးဆက်ထဲမှာအလားအလာအကောင်းဆုံးကစားသမားများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခံခဲ့ရတဲ့ဗန်ဒါမေဒီဟာ၂၀၀၉ခုနှစ်မှာ အဲဗာတန်မှထွက်ခွာခဲ့ရပြီးမူးယစ်ဆေးစွဲခဲ့ပါသေးတယ်။

ဗန်ဒါမေဒီဟာ၂၀၁၂ခုနှစ်မှာတော့ကလပ်သစ်ရှာဖွေမရတဲ့နောက်ဆုံး ကစားသမားဘဝမှအနားယူခဲ့ရပါတယ်။အသက်၃၉နှစ်ရှိအီဘရာဟီမိုဗစ်ကတော့အေစီမီလန်မှာကစားနေတုန်းဖြစ်ပါတယ်။

ZawGyi

ကစ္ဆင္လာဆြဲတဲ့ ကစားေဖာ္ကို ပါးျဖတ္႐ိုက္ခဲ့ဖူးတဲ့ ဇလာတန္အီဘရာဟီမိုဗစ္

အင္ဒီဗန္ဒါေမဒီကတစ္ခါတုန္းကအိပ္ေပ်ာက္ေနတဲ့ဇလာတန္အီဘရာဟီမိုဗစ္ရဲ႕ႏႈတ္ခမ္းကိုကစ္ဆင္သြားဆြဲရာမွာပါး႐ိုက္ခံခဲ့ရေၾကာင္းဖြင့္ဟလာပါတယ္။

အီဘရာဟီမိုဗစ္ႏွင့္ဗန္ဒါေမဒီတို႔ဟာေအဂ်က္စ္တြင္ႏွစ္ရာသီၾကာတြဲကစားခဲ့ၾကသူမ်ားျဖစ္ပါတယ္။ဗန္ဒါေမဒီဟာဆြီဒင္တိုက္စစ္မႉးဇလာတန္အီဘရာဟီမိုဗစ္အားစေနာက္ေလ့ရွိသူလည္းျဖစ္ပါတယ္။

ယခုအခါအသက္၄၁ႏွစ္ရွိၿပီျဖစ္တဲ့ဗန္ဒါေမဒီက “အဲဒီတုန္းကကြၽန္ေတာ္တို႔ေအဂ်က္စ္မွာကစားေနတုန္းပါ။ဘတ္စ္ကားေပၚမွာဆိုရင္ဇလာတန္နဲ႔အတူတြဲထိုင္ေနၾကပါ။တစ္ခါေတာ့သူအိပ္ေပ်ာ္ေနတယ္။ကြၽန္ေတာ္သူ႔ကိုလိုလားတဲ့ပုံမ်ိဳးနဲ႔ပါးစပ္ကိုနမ္းထည့္လိုက္တယ္။စကၠန႔္ပိုင္းအၾကာမွာပါးႏွစ္ခ်က္အ႐ိုက္ခံခဲ့ရတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဗန္ဒါေမဒီဟာအင္တာမီလန္သို႔မေျပာင္းမီေအဂ်က္စ္တြင္အီဘရာဟီမိုဗစ္ႏွင့္အတူ၂၀၀၁မွ၂၀၀၃ခုႏွစ္အထိအတူတြဲကစားခဲ့ၾကပါတယ္။

ဗန္ဒါေမဒီဟာအဲဗာတန္သို႔ေရာက္ၿပီးေနာက္အရက္ႏွင့္ကိုယ္ေရးကိုယ္တာျပႆနာမ်ားေၾကာင့္ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကထိန္းေက်ာင္းမရျဖစ္ခဲ့ပါတယ္။

တစ္ခါတုန္းကသူ႔မ်ိဳးဆက္ထဲမွာအလားအလာအေကာင္းဆုံးကစားသမားမ်ားထဲမွတစ္ဦးအျဖစ္သတ္မွတ္ခံခဲ့ရတဲ့ဗန္ဒါေမဒီဟာ၂၀၀၉ခုႏွစ္မွာ အဲဗာတန္မွထြက္ခြာခဲ့ရၿပီးမူးယစ္ေဆးစြဲခဲ့ပါေသးတယ္။

ဗန္ဒါေမဒီဟာ၂၀၁၂ခုႏွစ္မွာေတာ့ကလပ္သစ္ရွာေဖြမရတဲ့ေနာက္ဆုံး ကစားသမားဘဝမွအနားယူခဲ့ရပါတယ္။အသက္၃၉ႏွစ္ရွိအီဘရာဟီမိုဗစ္ကေတာ့ေအစီမီလန္မွာကစားေနတုန္းျဖစ္ပါတယ္။