ကနေဒါနည်းပြဂျွန်ဟားမန်းကို အဝတ်ဗလာ Photoshop ဓာတ်ပုံဖြင့် လှောင်ပြောင်တုံ့ပြန်လာတဲ့ ခရိုအေးရှားသတင်းစာ

ခရိုအေးရှားသတင်းစာ 24 Santa ဟာခရိုအေးရှားကိုအပြတ်ဆော်မယ်ဆိုတဲ့စကားကို F စကားလုံးထည့်သွင်းပြောဆိုသွားခဲ့တဲ့ကနေဒါနည်းပြဂျွန်ဟားမန်းကို သတင်းစာမျက်နှာဖုံးတွင် အဝတ်ဗလာ Photoshop ဓာတ်ပုံဖြင့်ဖော်ပြကာပြန်လည်လှောင်ပြောင်မှုပြုလုပ်ခဲ့ပါတယ်။

ကနေဒါနည်းပြဂျွန်ဟားမန်းဟာဘယ်လ်ဂျီယံကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် “ကစားသမားတွေကို မင်းတို့ကဒီနေရာနဲ့ထိုက်တန်တယ်။ ခရိုအေးရှားကိုသွားဆော်ကြမယ်”လို့ပြောကြားခဲ့ပါတယ်။

နောက်ပိုင်းတွင်ဂျွန်ဟားမန်းဟာသူ့ရဲ့ပြောဆိုမှုအတွက်လူသိရှင်ကြားပြန်လည်တောင်းပန်မှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ခရိုအေးရှားသတင်းစာဟာ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဒုတိယရရှိခဲ့တဲ့သူတို့အသင်းကိုမလေးစားဆက်ဆံလာတဲ့ဂျွန်ဟားမန်းကိုကိုယ်လုံးတီးပုံဖြင့် ‘You have a big mouth [but] do you have the balls? လို့အဓိပ္ပါယ်ရတဲ့ခေါင်းစဉ်ဖြင့်ပြန်လည်လှောင်ပြောင်တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင်ခရိုအေးရှားနည်းပြဒါလစ်ကလည်း “ခရိုအေးရှားအသင်းကလူတိုင်းရဲ့လေးစားမှုနဲ့ထိုက်တန်တဲ့အသင်းပါ။ကျွန်တော်တို့ဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာကျွန်တော်တို့ရဲ့ကစားဟန်၊အပြုအမူနဲ့သက်သေပြခဲ့ပြီးပါပြီ။စပြီးယှဉ်ပြိုင်ကတည်းကကျွန်တော်တို့ဟာလေးစားမှု၊ဂုဏ်သိက္ခာတို့နဲ့ထိုက်တန်တဲ့အသင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ပေါင်း၃၀အတွင်းမှာကျွန်တော်တို့ဆု၂ကြိမ်ရထားတယ်။ဂျာမနီနဲ့ပြင်သစ်တို့ပဲဒီအောင်မြင်မှုရယူနိုင်တယ်။ကျွန်တော်တို့ကလည်းကျွန်တော့်ကိုလေးစားတဲ့ပြိုင်ဘက်တိုင်းကိုလေးစားပါတယ်။ကျွန်တော်တို့ကလည်းသူတို့ရဲ့လေးစားမှုနဲ့ထိုက်တန်ပါတယ်။ဒီကနေဒါသားတွေလည်းကျွန်တော်တို့ကိုလေးစားသင့်ပါတယ်။ဒီလိုစကားလုံးနှုန်းသုံးနှုန်းတာလေးစားမှုမပြပါဘူး။ကျွန်တော်တို့ကကမ္ဘာ့ဖလားဒုတိယရတဲ့အသင်းပါ”လို့ပြောကြားသွားပါတယ်။

ခရိုအေးရှားဟာကမ္ဘာ့ဖလားအဖွင့်ပွဲတွင်မော်ရိုကိုနှင့်ဂိုးမရှိသရေကျထားရာ၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်ရေးမျှော်လင့်ချက်ရှိလာစေရန် ကနေဒါအားအနိုင်ရရှိရန်လိုအပ်ပါတယ်။

ZawGyi

ကေနဒါနည္းျပဂြၽန္ဟားမန္းကို အဝတ္ဗလာ Photoshop ဓာတ္ပုံျဖင့္ ေလွာင္ေျပာင္တုံ႔ျပန္လာတဲ့ ခ႐ိုေအးရွားသတင္းစာ

ခ႐ိုေအးရွားသတင္းစာ 24 Santa ဟာခ႐ိုေအးရွားကိုအျပတ္ေဆာ္မယ္ဆိုတဲ့စကားကို F စကားလုံးထည့္သြင္းေျပာဆိုသြားခဲ့တဲ့ကေနဒါနည္းျပဂြၽန္ဟားမန္းကို သတင္းစာမ်က္ႏွာဖုံးတြင္ အဝတ္ဗလာ Photoshop ဓာတ္ပုံျဖင့္ေဖာ္ျပကာျပန္လည္ေလွာင္ေျပာင္မႈျပဳလုပ္ခဲ့ပါတယ္။

ကေနဒါနည္းျပဂြၽန္ဟားမန္းဟာဘယ္လ္ဂ်ီယံကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ “ကစားသမားေတြကို မင္းတို႔ကဒီေနရာနဲ႔ထိုက္တန္တယ္။ ခ႐ိုေအးရွားကိုသြားေဆာ္ၾကမယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ေနာက္ပိုင္းတြင္ဂြၽန္ဟားမန္းဟာသူ႔ရဲ႕ေျပာဆိုမႈအတြက္လူသိရွင္ၾကားျပန္လည္ေတာင္းပန္မႈျပဳလုပ္ခဲ့ပါတယ္။

ဒါေပမဲ့ခ႐ိုေအးရွားသတင္းစာဟာ၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဒုတိယရရွိခဲ့တဲ့သူတို႔အသင္းကိုမေလးစားဆက္ဆံလာတဲ့ဂြၽန္ဟားမန္းကိုကိုယ္လုံးတီးပုံျဖင့္ ‘You have a big mouth [but] do you have the balls? လို႔အဓိပၸါယ္ရတဲ့ေခါင္းစဥ္ျဖင့္ျပန္လည္ေလွာင္ေျပာင္တိုက္ခိုက္မႈျပဳလုပ္ခဲ့ပါတယ္။

ဒါ့အျပင္ခ႐ိုေအးရွားနည္းျပဒါလစ္ကလည္း “ခ႐ိုေအးရွားအသင္းကလူတိုင္းရဲ႕ေလးစားမႈနဲ႔ထိုက္တန္တဲ့အသင္းပါ။ကြၽန္ေတာ္တို႔ဟာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းမွာကြၽန္ေတာ္တို႔ရဲ႕ကစားဟန္၊အျပဳအမူနဲ႔သက္ေသျပခဲ့ၿပီးပါၿပီ။စၿပီးယွဥ္ၿပိဳင္ကတည္းကကြၽန္ေတာ္တို႔ဟာေလးစားမႈ၊ဂုဏ္သိကၡာတို႔နဲ႔ထိုက္တန္တဲ့အသင္းျဖစ္ပါတယ္။ၿပီးခဲ့တဲ့ႏွစ္ေပါင္း၃၀အတြင္းမွာကြၽန္ေတာ္တို႔ဆု၂ႀကိမ္ရထားတယ္။ဂ်ာမနီနဲ႔ျပင္သစ္တို႔ပဲဒီေအာင္ျမင္မႈရယူႏိုင္တယ္။ကြၽန္ေတာ္တို႔ကလည္းကြၽန္ေတာ့္ကိုေလးစားတဲ့ၿပိဳင္ဘက္တိုင္းကိုေလးစားပါတယ္။ကြၽန္ေတာ္တို႔ကလည္းသူတို႔ရဲ႕ေလးစားမႈနဲ႔ထိုက္တန္ပါတယ္။ဒီကေနဒါသားေတြလည္းကြၽန္ေတာ္တို႔ကိုေလးစားသင့္ပါတယ္။ဒီလိုစကားလုံးႏႈန္းသုံးႏႈန္းတာေလးစားမႈမျပပါဘူး။ကြၽန္ေတာ္တို႔ကကမာၻ႔ဖလားဒုတိယရတဲ့အသင္းပါ”လို႔ေျပာၾကားသြားပါတယ္။

ခ႐ိုေအးရွားဟာကမာၻ႔ဖလားအဖြင့္ပြဲတြင္ေမာ္႐ိုကိုႏွင့္ဂိုးမရွိသေရက်ထားရာ၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္ေရးေမွ်ာ္လင့္ခ်က္ရွိလာေစရန္ ကေနဒါအားအႏိုင္ရရွိရန္လိုအပ္ပါတယ္။